ၾကားသိသမွ်

တရုတ်-အာဆီယံ ထိပ်သီးအထူး အစည်းအဝေး အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့်မရပြန်

တရုတ်-အာဆီယံ ထိပ်သီးအထူး အစည်းအဝေး အကြမ်းဖက် ဖက်ဆစ် လူ သတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့်မရပြန်

နှစ် ၃၀ မြောက် တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ အွန်လိုင်းမှတစ်ဆင့် စတင်ကျင်းပလျက်ရှိပြီး

မြန်မာနိုင်ငံမှ အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့်မရဘဲ မြန်မာနိုင်ငံနေရာတွင် အလွတ်သာထားရှိ

ကြောင်း သိရှိရသည်။


အဆိုပါ အစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ပင် အပါအဝင် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ

မင်းအောင်လှိုင် တက်ရောက်ခွင့်ရရေး တရုတ်ဘက်က ကြိုးပမ်းခဲ့သော်လည်း အာဆီယံနိုင်ငံများက လုံး၀ လက်ခံခြင်းမရှိသဖြင့် မင်း

အောင်လှိုင် တက်ရောက်ခွင့်မရကြောင်း သိရှိရသည်။


လက်ရှိတွင် တရုတ်သမ္မတရှီကျင့်ပင်က တရုတ်-အာဆီယံ ထိပ်သီးအစည်း အဝေးတွင် နှစ် ၃၀ မြောက် အတွက် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့

ပြီး ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံဘက်က ကမကထ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလအတွင်း ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးတွင်လည်း အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်း

အောင်လှိုင် တက်ခွင့်မရဘဲ ချန်လှပ်ထားခဲ့သည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်ဘဲ ခေါင်းမာနေသည့် မင်းအောင်လှိုင်ကို အာဆီယံအသင်းက

အစည်းအဝေးများကို တက်ခွင့်မပြုဘဲ အရေးယူထားခြင်းဖြစ်သည်။

Zawgyi






