ၾကားသိသမွ်
နွေဦး​တော်လှန်​ရေးအတွက် ပြည်သူများကလက်ဝတ်ရတနာနှင့်အိမ်တွင်းပစ္စည်းများ​ရောင်းချလှူဒါန်းသူများလာ
နွေဦး​တော်လှန်​ရေးအတွက် ပြည်သူများကလက်ဝတ်ရတနာနှင့်အိမ်တွင်းပစ္စည်းများ​ရောင်းချလှူဒါန်းသူများလာ
စစ်အာဏာရှင်ဖြုတ်ချ​ရေး ​နွေဦး​တော်လှန်​ရေးအတွက် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာပြည်သူများက မိမိတို့ရှိ လက်ဝတ်ရတနာများကို
ရောင်းချပြီး လှူဒါန်းသူများလာကြောင်း အဆိုပါလက်ဝတ်ရတနာများကိုလေလံစနစ်ဖြင့်ရောင်းချပေးနေသူ ဦဝင်းနိုင်ဦးကပြောသည်။
အိမ်တွင်းပစ္စည်းအဖြစ် အမြတ်တနိုးဝယ်ယူစု​​ဆောင်းသိမ်းဆည်းထား​သော အဖိုးတန်လက်ဝတ်ရတနာများကို ​စစ်အာဏာရှင်ပြုတ်ကျ​ရေး
အတွက် သဒ္ဒါထက်သန်စွာ လှူဒါန်း​နေကြခြင်းဖြစ်ပြီး ၂၀၂၁ မတ်လမှစတင်​ရောင်းချခဲ့ခြင်းဖြစ်ကာ ယခုအခါ ကျပ်သိန်း ၁၀၀၀ကျော်ဖိုး
ရောင်းချလှူဒါန်းပြီးဖြစ်ကြောင်း ဦးဝင်းနိုင်ဦးကရှင်းပြသည်။
“အကောင့်မှာ ဖော်လိုဝါ တဦးက စိန်လက်ကောက် လှူရာက စပါတယ်။ နောက်တော့ အဲလို ဆက်လုပ်လာဖြစ်တာပါပဲ”ဟု ဦးဝင်းနိုင်ဦးက​
နွေဦး​တော်လှန်​ရေးအတွက် လက်ဝတ်ရတနာများ​ရောင်းချ လှူဒါန်းမှု စတင်ဖြစ်​ပေါ်လာပုံကိုပြောသည်။လှူဒါန်း​သောလက်ဝတ်ရတနာ
များစိန်လက်စွပ်၊ ​ကျောက်စိမ်းလက်စွပ်၊ စိန်​လော့ကတ်၊ ​ရွှေလက်​ကောက် ၊ပတ္တမြားလက်စွပ်၊ သဘာဝ​ကျောက် စ​သောအဖိုးအိမ်တွင်းတန်
ရတနာများပါဝင်သည်။ထို့အပြင် အိုင်ပက် ၊တန်ဖိုးကြီးလက်ပတ်နာရီ၊ တန်ဖိုးကြီး​ဘောပင်စ​သောပစ္စည်းများကိုလည်း​ လှူဒါန်ကြသည်ကို​
တွေ့ရသည်။ပြည်သူများ​အောင်ပွဲရရန် စစ်အာဏာရှင်ကို​တော်လှန်​နေ​သောအဖွဲ့အစည်းများကို စိတ်အားထက်သန်စွာ လှူဒါန်းမှုများတွင်
တန်ဖိုးကြီးစိန်လက်စွပ်ကိုပထမဆုံးလှူဒါန်းခဲ့​မှုမှာ ​တော်လှန်​ရေးအတွက် ပြည်သူများ၏ စိတ်ဆန္ဒပြင်းပြမှုအတွက် အံသြခဲ့ရသည်
အမှတ်တရဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ဦးဝင်းနိုင်ဦးက မှတ်ချက်ပြုသည်။
အဓိကလှူဒါန်းရန်ရောင်းသူများမှာ မြန်မာပြည်တွင်းမှ အိမ်ရှင်မများဖြစ်ပြီး ဝယ်ယူသူများမှာလည်း အိမ်ရှင်မများပင်ဖြစ်သည်သည်။ ထို
အပြင်​​နွေဦးတော်လှန်​ရေး​အောင်မြင်ရန် လှူဒါန်းမူနှင့် ဝယ်ယူမူများတွင် စစ်တပ်မှဗိုလ်မှူးကတော်များပင်ပါဝင်​ကြောင်း၎င်းကဆိုသည်။
လှူဒါန်းသူများက ၎င်းတို့ဝယ်ယူစဉ်က ဘောင်ချာများကိုပါ တစ်ပါတည်း ပြန်လည်​ပေးအပ်ခဲ့သူများရှိသည်။ ဝယ်ယူသူများကလည်း​တော်
လှန်​ရေးအတွက်အလှူ​ငွေပိုရရန် ​ပေါက်​ဈေးထက်ပို​ပေးဝယ်ယူကြခြင်းဖြစ်သည်။
ရောင်းချခိုင်းသည့် ပစ္စည်းများကိုတော်လှန်ရေးအတွက် အပြည့်အဝလှူဒါန်းမှသာ ရောင်းချပေးပြီး တချို့တဝက်ကို ပြန်လည် တောင်းယူ
မည်ဆိုပါက ရောင်းချပေးမည်မဟုတ်​ကြောင်းသတ်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဝယ်ယူသူများသည် တော်လှန်ရေးအတွက်
ဈေးပိုပေးဝယ်ယူနေခြင်းကြောင့်ဖြစ်သည်ဟု ဦးဝင်နိုင်ဦးက​ပြောသည်။
ထိုအပြင် ဝယ်ယူသူအချိုမှာ ​ငွေ​ပေးပြီး လက်ဝတ်ရတနာများကို မယူဘဲ ၎င်းဝယ်ထား​သောလက်ဝတ်ရတနာများကို ​တော်လှန်​ရေးအတွက်
ပြန်၍ လှူခဲ့၍ ​​နောက်တစ်ကြိမ် ပြန်​ရောင်းရသည်များလည်းရှိ​ကြောင်းလည်းသိ့ရသည်။
​ရောင်းချရ​သော အလှူငွေများကို ​တော်လှန်​ရေးအတွက်လှူဒါန်းရာတွင် အလှူရှင်ကူလို​သောအဖွဲ့အစည်းများကို ​
ပေးပို့လှူဒါန်​ပေးသည်။ အချို့ သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သို့လည်း​ကောင်း၊ အချို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
များကို တိုက်ရိုက်ပေးပို့ခိုင်းသည်ဟု ဦးဝင်းနိုင်ဦးက​ပြောသည်။
“ရောင်းသူဝယ်သူလူဒါန်းသူအားလုံးဂုဏ်ပြုပါတယ်။စိတ်မလျော့နဲ့။အောင်စိတ်နဲရုန်းကြတာပေါ့နော်။အားတင်းထားပါနော်ငါတို့ကလေး
တွေအတွက်” ဟု ​တော်လှန်​ရေးအတွက် ​လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများရောင်း၊ဝယ်​နေမှုအ​ပေါ် ပြည်သူတစ်ဦးက​ပြောသည်။
စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ရန် ပြည်သူများက အမြတ်တနိုးတန်ဖိုးထား၍ ဝယ်သူသိမ်းဆည်းထား​သောလက်ဝတ်ရတနာများ ၊အိမ်တွင်း
ပစ္စည်းများကို သဒ္ဒါထက်သန်စွာ​ရောင်းချ ၊ဝယ်ယူလှူဒါန်​နေကြသည်မှာ လွတ်လပ်​ရေးအတွက်ကြိုးပမ်းခဲ့စဥ် ဗိုလ်ချုပ်​အောင်
ဆန်း၏စည်းရုံးမှု​ကြောင့်ပြည်သူများက အိမ်ရှိပစ္စည်းများထုတ်​ရောင်း ၍ဖဆပလသို့ လှူဒါန်းခဲ့ကြသကဲ့သို့ပင်ဖြစ်ပြီး ကြက်သီး​မွှေးညှင်းများ
ပင်ထရကာ၊ပြည်သူများ၏ ယုံကြည်မှု ၊စိတ်အားထက်သန်မှု​ကြောင့် ပြည်သူများ​အောင်ပွဲရမည်မှာမလွဲကြောင်း ​ တော်လှန်​ရေးသမားတစ်
ဦးကမှတ်ချက်ပြုသည်။
(စစ်အာဏာရှင်ဖြုတ်ချနိုင်​ရေးအတွက် NUG နှင့် ပြည်သူ့ကာကွယ်​ရေးအဖွဲ့များကို လှူဒါန်းရန် လက်ဝတ်ရတနာများ​ပေးပို့လှူဒါန်းထားမှု အချို့ )