ရေတက်လာနေသဖြင့် ကျိုက်နဲရေလယ်ဘုရားဖူးများကို ကယ်ဆယ်ရေး ယာယီရပ်နားရ၊ လတ်တလောတွင် အလောင်း(၁၅)လောင်း တွေ့ရှိထား
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်နဲရေလယ်ဘုရားဖူးသွားသူများ ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် အစောပိုင်းက
လှိုင်းနှင့်အတူ ပင်လယ်ရေထဲမျောပါ ပျောက်ဆုံးသွားသူများကို ရှာဖွေနေဆဲတွင် ရေထပ်မံ တက်လာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ
ယာယီရပ်နားထားပြီး ရေကျချိန်စောင့်နေကြောင်း သိရသည်။
“ရေတအား ပြန်တက်လာလို့ ကယ်ဆယ်ရေးရပ်ထားရတယ်။ ရေကျမှ ပြန်ရှာရမယ်။ နှစ်တိုင်းဆို ဘုရားနားရောက်တဲ့အထိ ဘုရားလမ်းက
ရေကျတယ်။ ဒီနှစ်က ရေက အရင်နှစ်လောက်မကျဘူး။ အဲဒါ ခါတိုင်းလိုပဲ ရေကျမယ်ထင်ပြီး သွားလိုက်တာဖြစ်မယ်။ လူတွေကများတော့
ရှေ့ကလူတွေက တဖြည်းဖြည်းနဲ့ ရေမကျသေးတဲ့အပိုင်းကို ရောက်နေပြီး ရေက ရင်ဘတ်လောက်ရောက်နေတဲ့အချိန် လှိုင်းပုတ်တော့
ပါသွားတာ။ မနက် ၃ နာရီလောက်မှာ ဖြစ်တယ်ထင်တယ်။ ကျွန်တော်တို့ဆီ အကူအညီတောင်းလာတာ မနက် (၅)နာရီခွဲလောက်။
အဲဒီအချိန်မှာ အလောင်း (၁) လောင်းနဲ့ အရှင် (၅)ဦး ဆယ်နိုင်ခဲ့တယ်။ အဲဒီအချိန်ထိ လူကဘယ်လောက်ပျောက်မှန်းမသိသေးဘူး။ တစ်ချို့
လည်း ဘုရားပေါ်ရောက်သွားတယ်ထင်နေတာကနေ ပြန်ချိန်ရောက်မှ မိသားစုလူမစုံတော့ ပျောက်မှန်းသိတာတွေ ထွက်လာတာ။ မိသားစု
တွေ တစ်ယောက်ပျောက်၊ နှစ်ယောက်ပျောက်တွေ အခုထိ လူဘယ်လောက် ပျောက်နေမှန်း မသိကြသေးဘူး။ “ဟု ကယ်ဆယ်ရေးလုပ်နေ
သည့် မွန်မြတ်စေတနာလူမှုကူညီရေးအသင်း(အဖွဲ့ခွဲ)ကျုံကတ်မှ တာဝန်ခံ ကိုကောင်းက Tachileik News Agency သို့ နေ့လယ် (၂)နာရီ
ဝန်းကျင်တွင် ပြောသည်။
ကျိုက်နဲရေလယ်ဘုရားရှိရာ ကျောက်ဆောင်သို့ တစ်နှစ်လျှင် တစ်ကြိမ် ရေကျချိန်၌ သွားရောက်ဖူးမြော်လေ့ရှိကြပြီး ယခုနှစ်တွင် ညပိုင်းမ
ထွက်ရအချိန်များရှိသဖြင့် အရပ်ဝေးမှလာသည့် ဘုရားဖူးများက ကမ်းပါး၌ ညအိပ်စောင့်ပြီး ဖူးကြသဖြင့် လူအလွန်များပြားနေခြင်း
ဖြစ်ကြောင်း သိရသည်။
“အခုက ညပိုင်းသွားလာရလည်း ခက်တော့ ညအိပ်ကိုစောင့်ကြတာ။ တစ်ချို့ဆို ည (၁၀)နာရီ၊ (၁၂)နာရီကတည်းက စောင့်ဖူးကြတော့ လူ
တွေက တဖြည်းဖြည်းများပြီး ရှေ့ကလူတွေက တိုးရင်းတိုးရင်းနဲ့ ရေမကျသေးတဲ့အပိုင်းထဲ တဖြည်းဖြည်းရောက်သွားကြတာ။ “ဟု ကို
ကောင်းက ပြောသည်။
ရေမျောသွားသည့် ဘုရားဖူးများအား ရှာဖွေကယ်ဆယ်ရေးကို နံနက် (၅) နာရီခွဲမှ နေ့လယ် (၁၁)နာရီခွဲအထိအချိန်အတွင်း လုပ်ဆောင်ထား
ချိန်တွင် စုစုပေါင်း ရုပ်အလောင်း (၁၅) လောင်းနှင့် အသက်ရှင်လျက် (၁၃) ဦးကို ကယ်ဆယ်ထားနိုင်ပြီး ကယ်ဆယ်ရေးအဖွဲ့များက ရေကျ
ချိန်ကို ထပ်မံစောင့်ဆိုင်းနေရကြောင်း သိရသည်။ Source; TNA