ၾကားသိသမွ်

“နိုင်ငံရေးမှာ တိုက်ဆိုင်မှုမရှိ”

“နိုင်ငံရေးမှာ တိုက်ဆိုင်မှုမရှိ”

အထက်ပါအဆိုကို အခြေပြုပြီးနိုင်ငံရေးနယ်ပယ်မှာ အလေးဂရုပြု သုံးသပ်လေ့ရှိပါတယ်

တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင်လးမှာ စီအိုင်အေ (အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ) လက်ထောက်ညွှန်ချုပ်

ဝီလျံ ကိုဟင်နဲ့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်တို့ သောကြာနေ့ကတွေ့တယ်။

ဘန်ကောက်ကအစိုးရ အိမ်တော်မှာ တံခါးပိတ် ဆွေးနွေးကြတယ်လို ဘန်ကောက်ပို့စ် သတင်းစာမှာ ဖတ်ရတယ်။

မြန်မာနိုင်ငံတွင်း လုံခြုံရေးအခြေအနေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများနဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံက ဘယ်လိုကူညီပေး

နိုင်မလဲ ဆိုတာတွေကိုဆွေးနွေးကြတယ်လို့လည်း သိရတယ်။


ဆွေးနွေးချိန်၄၅ မိနစ်။ မီဒီယာတွေကို လုံးဝပေးမဝင် ခဲ့တဲ့ တံခါးပိတ် အစည်းအဝေး။စီအိုင်အေ လက်ထောက်ညွှန်ချုပ်ဟာ ထိုင်းကနေ

နောက်အာဆီယံ အဖွဲ့ဝင် နှစ်နိုင်ငံကို ခရီးဆက်မယ်တဲ့။ ဘယ်နိုင်ငံတွေ ဆိုတာတော့ မဖော်ပြထားပါဘူး။

ထိုင်း-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး၊နာက် လာမယ့်နှစ် အာရှ-ပစိဖိတ် စီးပွားရေ; ပူးပေါင်း ဆောင်ရွက်မှု APECအဖွဲ့မှာ ထိုင်းက

ဥက္ကဋ္ဌအဖြစ် တာဝန် ယူဖို့ရှိတာကို အမေရိကန်က ထောက်ခံကူညီမယ်ဆိုတာလည်း ပါတယ်။

ဟိုရက်က ထိုင်း နိုင်ငံခြားရေးဝန်ကြီး မင်းအောင်လှိုင် နဲ့ သွားတွေ့တာမှာ ပွင့်လင်းမြင်သာမှုမရှိဘူး ဆိုတာနဲ့ ၊စကစကို ကိုဗစ်ဆေးလှူမယ်

ဆိုတာကို ထိုင်းနိုင်ငံတွင်းမှာ ဝေဖန်မှုတွေရှိနေတယ်။ အခု စီအိုင်အေက ရုတ်တရက် ရောက်လာတာဟာ အဲဒါနဲ့ ပတ်သက်နေလားဆိုတာ

တော့ မသဲကွဲပါဘူး။

ဒေသတွင်း တည်ငြိမ်မှုရရေး၊ စစ်ကြောင့် ရှောင်ပြေးနေရသူတွေနဲ့အဖွဲ့အစည်းတွေကို အကူအညီပေးနိုင်ဖို့ အရေးတွေကို အဓိက ဆွေးနွေးခဲ့

တယ်လို့ သတင်းများက ဆိုပါတယ်။

အမေရိကန်ရဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ထိုင်းကတဆင့်ပးပို့ရာမှာ အကာ အကွယ်ပေးဖို့ သဘောတူ ကတိပြုတာ

တွေလည်း ဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတယ်။

ပီဒီအက်ဖ်တွေ အီးအေအိုတွေအတွက် လိုအပ်တဲ့ ရိပ်က္ခာ၊ ဆေးဝါးနဲ့အထွေထွေကို ထိုင်းနယ်စပ်ကတဆင့် ပေးပို့ကူညီနိုင်မယ့် အနေအထား

တခုကို မျှော်လင့်နိုင်ပြီလို့လည်း ခန့်မှန်းနေကြပြီ ဖြစ်ပါတယ်။ #ကိုဖိုးတေ