SAC ရဲ့ ပညာရေးဆိုင်ရာကြိုးပမ်းနေမှုတွေကို နားမလည်သူတွေက အဖျက်လုပ်ငန်းတွေလုပ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ပြော
ပညာရေးနဲ့ပတ်သတ်ပြီး ကြိုးပမ်းဆောင်ရွက်နေမှုတွေကို နားလည်သဘောပေါက်ခြင်းမရှိသူတွေက ပညာရေးစနစ် အနှောင့်အယှက်ဖြစ်
အောင် အဖျက်အမှောင့်လုပ်ငန်းတွေလုပ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ ညနေက နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းဆင်းပွဲမှာ
တက်ရောက်ပြောကြားတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခြေခံပညာကျောင်းတွေကနေတဆင့် တက္ကသိုလ်တွေပါ ဖွင့်လှစ်ပေးနိုင်အောင် ဆောင်ရွက်ပေးနေ
တာကို နားလည်သဘောပေါက်ခြင်းမရှိသူတွေကကျောင်းတွေ ပြန်မဖွင့်နိုင်အောင်လုပ်နေပြီး ပညာရေးစနစ်ကို အနှောင့်အယှက်ဖြစ်အောင်
အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ကလေးတွေ ကျောင်းတက်တာကို တားမြစ်နေတာဟာ ကုလသမဂ္ဂချမှတ်ထားတဲ့ ကလေးသူငယ်တွေအခွင့်အရေးကို ချိုးဖောက်နေတာ
ဖြစ်ပြီး ဆရာ၊ ဆရာမတွေအနေနဲ့ ကလေးသူငယ်တွေ ပညာသင်ခွင့်ရအောင် ဆောင်ရွက်ပေးကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကညွှန်
ကြားပါတယ်။
ဆက်လက်ပြီး တိုင်းရင်းသားအချင်းချင်း စည်လုံးညီညွတ်မှုရှိကြဖို့၊ ပါတီနိုင်ငံရေးကင်းစင်ပြီး ကိုယ်ကျင့်တရားကောင်းတဲ့ ပညာရေးဝန်ထမ်း
တွေ ဖြစ်လာဖို့၊ ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်တဲ့ လူငယ်တွေဖြစ်လာဖို့တွေနဲ့ ပတ်သတ်ပြီးလည်း တိုက်တွန်းပြောကြားပါ
တယ်။
ပုံစာ-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းဆင်းပွဲကို တက်ရောက်စဉ်။