ကျိုက်နဲရေလယ်ဘုရားဖူးများ ဒီရေတက်၍ ပင်လယ်ထဲမျောပါသွား၍ လိုက်ဆယ်နေရပြီး လက်ရှိတွင် (၁၄)လောင်း ဆယ်ယူ ရရှိထား
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်နဲရေလယ်ဘုရားဖူးသွားသူများ ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းက ပင်လယ်
ရေထဲမျောပါ ပျောက်ဆုံးသွား၍ ရှာဖွေနေရပြီး လက်ရှိအချိန်ထိ အလောင်း (၁၄) လောင်းကို ဆယ်ယူရရှိထားကြောင်း သိရသည်။
လက်ရှိ ဆယ်ယူရရှိထားသည့် အလောင်းများတွင် ဆရာတော် (၁)ပါး အပါအဝင် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁၂)ဦးပါဝင်ကြောင်း နှင့်
ရေမျောသွားသူများအား လူမှုကူညီရေးအသင်းများက ရှာဖွေနေဆဲဖြစ်ပြီး ဆယ်ယူရရှိသူများအား သံဖြူဇရပ်ဆေးရုံသို့ ပို့ပေးနေကြောင်း သိ
ရသည်။
ယနေ့ ဘုရားဖူးအများအပြားရှိနေချိန်တွင် ဒီရေတက်နေပြီး ဘုရားသွားရာ နတ်လမ်း (လျှောက်လမ်း)သို့ လှေများဖြင့်သွားလာရသည့်ခရီး
လမ်းတွင် လူအများအပြား ပင်လယ်ရေထဲမျောပါသွားကြခြင်းဖြစ်သည်ဟု သိရပြီး လက်ရှိအချိန်ထိ ရှာဖွေနေကြဆဲဖြစ်ကြောင်း သိရသည်။
Source;TNA
သည့်ခရီးလမ်းတွင် လူအများအပြား ပင်လယ်ရေထဲမျောပါသွားကြခြင်းဖြစ်သည်ဟု သိရပြီး လက်ရှိအချိန်ထိ ရှာဖွေနေကြဆဲဖြစ်ြေ
ကာင်း သိရသည်။ Source;TNA