ၾကားသိသမွ်

ကိုယ်တိုင်မကျူးလွန်ခဲ့ပေမယ့် ကျူးလွန်ခဲ့တဲ့တပ်သားတွေကြောင့် ပြည်သူတွေကို တောင်းပန်စကားဆိုလိုက်တဲ့ ပြည်သူ့စစ်သားများ

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့နွေဦးတော်လှန်ရေးကို ပြည်သူတွေနဲ့အတူနိုင်ငံ့ဝန်ထမ်းတွေကလည်းပါဝင်ဆင်နွှဲခဲ့ကြပါတယ်အာဏာရှင်ဆ

န့်ကျင်တဲ့CDMလှုပ်ရှားမှုမှာပါဝင်နေကြတဲ့နိုင်ငံ့ဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေလည်းရှိပေမယ့် မကြောက်မရွံ့နဲ့ ပြည်သူတွေ

ဘက်ကနေ ဆက်လက်ရပ်တည်ပြီး CDMပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။အာဏာသိမ်းမှုအပြီး ပြည်သူတွေအပေါ်


ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေကိုမကြိုက်မနှစ်သက်တာကြောင့်တပ်မတော်သားတွေဟာလည်းCDMလှုပ်ရှားမှုမှာပါဝင်လာနေကြပါတယ်။သြ

ဂုတ်လ(၃၁)ရက်နေ့ယနေ့မှာတော့CDMပြုလုပ်ထားတဲ့ပြည်သူ့စစ်သားများဟာ မြန်မာပြည်သူတွေကို တောင်းပန်စကားဆိုလိုက်ပါတယ်။

တပ်ကထွက်လာပြီး CDMပြုလုပ်ချိန်မှာလည်း တောင်းပန်ခဲ့ပြီးဖြစ်ပေမယ့် ပိုမိုလေးနက်စွာ တောင်းပန်လိုသောကြောင့်


ပြည်သူ့စစ်သားအများစုဖြင့်ဖွဲ့စည်းထားတဲ့ပြည်သူ့စစ်သားများအဖွဲ့ကယခုလိုတောင်းပန်လိုက်တာဖြစ်ကြောင်းဖွင့်ဟလာခဲ့ပါတယ်။

ကိုယ်တိုင်မကျုးလွန်သော်လည်းအဖွဲ့ဝင်များမှကျုးလွန်မှုများဟာတပ်သားတိုင်းနဲ့ သွယ်ဝိုက်သက်ဆိုင်တာမို့ တာဝန်သိစိတ်အပြည့်နဲ့

တောင်းပန်လိုက်တာပဲ ဖြစ်ပါတယ်တပ်မတော်သားကောင်းဖြစ်လိုသူများဟာ ပြည်သူကို အနိုင်ကျင့်ကြမည်မဟုတ်သလို


အနိုင်ကျင့်ကြတဲ့ သူတွေဟာလည်းတပ်မတော်သာများမဟုတ်ကြောင်း၊အနိုင်ကျင့်သူများဟာလည်းတပ်မတော်သားဟူသောဂုဏ်ပုဒ်နှင့်မ

ထိုက်တန်ကြောင်း၊ပြည်သူ့စစ်သားများအနေဖြင့်တပ်မတော်မှ ပြည်သူလူထုအပေါ် ကျုးလွန်ခဲ့တဲ့ လုပ်ရပ်များအတွက် လေးနက်စွာ

တောင်းပန်အပ်ကြောင်း ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ယခုလိုတာဝန်ယူမှု၊တာဝန်ခံမှု အပြည့်နဲ့ တောင်းပန်ခဲ့တဲ့ပြည်သူ့စစ်သားတွေရဲ့

လုပ်ရပ်ကို ပြည်သူတွေက ချီးကျူးနေကြပါတယ်။

Zawgyi

အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ေႏြဦးေတာ္လွန္ေရးကို ျပည္သူေတြနဲ႔အတူနိုင္ငံ့ဝန္ထမ္းေတြကလည္းပါဝင္ဆင္ႏႊဲခဲ့ၾကပါတ

ယ္အာဏာရွင္ဆန္႔က်င္တဲ့CDMလႈပ္ရွားမႈမွာပါဝင္ေနၾကတဲ့နိုင္ငံ့ဝန္ထမ္းေတြကို ဖမ္းဆီးထိန္းသိမ္းမႈေတြလည္းရွိေပမယ့္ မေၾ

ကာက္မရြံ့နဲ႔ ျပည္သူေတြဘက္ကေန ဆက္လက္ရပ္တည္ၿပီး CDMျပဳလုပ္ေနၾကဆဲ ျဖစ္ပါတယ္။အာဏာသိမ္းမႈအၿပီး ျပည္သူေတြအေ

ပၚက်ဴးလြန္ခဲ့တဲ့လုပ္ရပ္ေတြကိုမႀကိဳက္မႏွစ္သက္တာေၾကာင့္တပ္မေတာ္သားေတြဟာလည္းCDMလႈပ္ရွားမႈမွာပါဝင္လာေနၾကပါတယ္။

ၾသဂုတ္လ(၃၁)ရက္ေန႔ယေန႔မွာေတာ့CDMျပဳလုပ္ထားတဲ့ျပည္သူ႔စစ္သားမ်ားဟာ ျမန္မာျပည္သူေတြကို ေတာင္းပန္စကားဆိုလိုက္ပါ

တယ္။ တပ္ကထြက္လာၿပီး CDMျပဳလုပ္ခ်ိန္မွာလည္း ေတာင္းပန္ခဲ့ၿပီးျဖစ္ေပမယ့္ ပိုမိုေလးနက္စြာ ေတာင္းပန္လိုေသာေၾကာင့္

ျပည္သူ႔စစ္သားအမ်ားစုျဖင့္ဖြဲ႕စည္းထားတဲ့ျပည္သူ႔စစ္သားမ်ားအဖြဲ႕ကယခုလိုေတာင္းပန္လိုက္တာျဖစ္ေၾကာင္းဖြင့္ဟလာခဲ့ပါတယ္။

ကိုယ္တိုင္မက်ဳးလြန္ေသာ္လည္းအဖြဲ႕ဝင္မ်ားမွက်ဳးလြန္မႈမ်ားဟာတပ္သားတိုင္းနဲ႔ သြယ္ဝိုက္သက္ဆိုင္တာမို႔ တာဝန္သိစိတ္အျပည့္နဲ႔ ေတာင္းပန္လိုက္တာ

ပဲ ျဖစ္ပါတယ္တပ္မေတာ္သားေကာင္းျဖစ္လိုသူမ်ားဟာ ျပည္သူကို အနိုင္က်င့္ၾကမည္မဟုတ္သလို


အနိုင္က်င့္ၾကတဲ့ သူေတြဟာလည္းတပ္မေတာ္သာမ်ားမဟုတ္ေၾကာင္း၊အနိုင္က်င့္သူမ်ားဟာလည္းတပ္မေတာ္သားဟူေသာဂုဏ္ပုဒ္ႏွ

င့္မထိုက္တန္ေၾကာင္း၊ျပည္သူ႔စစ္သားမ်ားအေနျဖင့္တပ္မေတာ္မွ ျပည္သူလူထုအေပၚ က်ဳးလြန္ခဲ့တဲ့ လုပ္ရပ္မ်ားအတြက္ ေလးနက္စြာ ေတာ

င္းပန္အပ္ေၾကာင္း ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ ယခုလိုတာဝန္ယူမႈ၊တာဝန္ခံမႈ အျပည့္နဲ႔ ေတာင္းပန္ခဲ့တဲ့ျပည္သူ႔စစ္သားေတြ

ရဲ့ လုပ္ရပ္ကို ျပည္သူေတြက ခ်ီးက်ဴးေနၾကပါတယ္။