ၾကားသိသမွ်
CNDFက ချင်းအက်ဉပဒေနဲ့ ထောင်ထွက်အမျိုးသားတစ်ဦးကို ပထမဆုံး သေဒဏ်ချမှတ်စီရင်
CNDFက ချင်းအက်ဉပဒေနဲ့ ထောင်ထွက်အမျိုးသားတစ်ဦးကို ပထမဆုံး သေဒဏ်ချမှတ်စီရင်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဒုစရိုက်မှုများ ကျူးလွန်သော ကျုံးရိုဆွမ် ဆိုသူအမျိုးသားတစ်ဦးအား ချင်းအက်ဉပဒေနဲ့ သေဒဏ်ချ
ပြီး ကွက်မျက်ခဲ့ကြောင်း CNDF/CNO ထုတ်ပြန်သည်။
ကျုံးရိုဆွမ်သည် စကစ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် တူမီးသေနက်နဲ့ ဓားလက်နက်
များကိုင်ဆောင်ကာ ဖလမ်းမြို့နယ်အတွင်း ကျေးရွာများတွင် လုယက်ခြင်း၊ ဓါးပြတိုက်ခြင်းနှင့် မုဒိန်းမှုများ ယခင်ထက် ပိုမိုဆိုးရွားစွာ
ကျူးလွန်လျက်ရှိရာ ကျေးရွာရှိပြည်သူများမှ CNDF ထံသို့ တိုင်ကြားပြီး နို၀င်ဘာ ၈ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
“ယခုကဲ့သို့ ဒုစရိုက်မျိုးစုံ ကျူးလွန်ကာ အများပြည်သူ စည်းစိမ်၊ ဥစ္စာနှင့် အသက်အန္တရာယ်အား ခြိမ်းခြောက်လျက်ရှိသည့် ထောင်ထွက်
ကျုံးရိုဆွမ်အား မိမိတို့ CNDF မှ အမှုစစ်ဆေး၊ တရားစီရင်ကာ ယနေ့ နို၀င်ဘာလ (၂၀) ရက်နေ့တွင် ပြစ်ဒါဏ်စီရင်ကွပ်မျက်လိုက်သည်”
ဟု CNO/CNDF မှ ထုတ်ပြန်သည်။
နောက်နောင်တွင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေး-ကဘော်ဒေသအတွင်း ရာဇသတ်၊ ဓမ္မသတ်ဆိုင်ရာ ပြစ်မှုများ ကျုးလွန်
လာပါက ချင်းအက်ဥပဒေအရ CNO/CNDF မှ တရားစီရင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။