ကရင်နီဒေသသို့ တင်သွင်းလာသော သိန်း ၂၅၀ ဝန်းကျင် တန်ဖို့းရျိ စစ်ကောင်စီထုတ် Mytel ဖုန်းဆင်းကတ်၊ ငွေဖြည့်ကတ်များကို KNDF
က ဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၂၀
ကယား (ကရင်နီ) ပြည်နယ်အတွင်းသို့ တင်သွင်းလာသော အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုပိုင် Mytel
ဆက်သွယ်ရေး ဖုန်းဆင်းကတ်များနှင့် ငွေဖြည့်ကတ်များ ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့များမှ နိုဝင်ဘာလ ၂၀ ရက် ယနေ့တွင်
ဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF ထံမှ သိရှိရသည်။
ကရင်နီတပ်ဖွဲ့မှ ဖမ်းဆီးရမိတဲ့ ပစ္စည်းများသည် ကာလတန်ဖိုးငွေ သိန်း ၂၅၀ နီးပါး ရှိပြီး ပစ္စည်းများနှင့်အတူ ဖမ်းဆီးမိသော အဆိုပါ
ကုမ္ပဏီမှ ဝန်ထမ်း အမျိုးသား ၅ အား ပြန်လည် လွှတ်ပေးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀