ၾကားသိသမွ်

ထိုင်းရောက်မြန်မာအမျိးသမီးတဦး အဓမ္မအကျင့်ခံရပြီး မီးရှိ့အလောင်းဖျောက်ခံရ

ထိုင်းရောက်မြန်မာအမျိးသမီးတဦး အဓမ္မအကျင့်ခံရပြီး မီးရှိ့အလောင်းဖျောက်ခံရ

ပရာချင်းဘူရီ၊ နိုဝင်ဘာ ၂၀

မြန်မာလုပ်ဖော်ကိုင်ဖက်တယောက်ကို အဓမ္မပြုကျင့်ပြီး ထိုအမျိုးသမီးအလောင်းကို မီးရှို့ခဲ့သည်ဟု ထိုင်းအမျိုးသားတယောက်က ဝန်ခံ

သည်။ကာဘင်ဘူရီမြို့ရှိ ကုမ္ပဏီတခုတွင် လျှပ်စစ်ဝန်ထမ်းဖြစ်သော အသက် ၂၇ နှစ်ရှိ ဘွန်လိုင် ဘွာမန်ကို ကြာသပတေးနေ့ညပိုင်းက

ဝတ်သာနာနာခွန်မြို့ရှိ ဆွေမျိုးတယောက်အိမ်တွင် ဖမ်းမိခဲ့သည်။

ကြာသပတေးနေ့က ရုပ်အလောင်းကို စိုက်ခင်းထဲတွင်တွေ့ပြီးနောက် ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။


ရဲစုံထောက်များ၊ မှုခင်းဆေးပညာအရာရှိများနှင့် ဆရာဝန်တယောက်က အခင်းဖြစ်ရာနေရာကိုစစ်ဆေးခဲ့ပြီး အလောင်းမီးရှိ့ရာတွင် သုံး

သောကားတာယာ ၂ လုံးတွေ့ခဲ့ပြီးနောက်ပိုင်း ကျူးလွန်ခံရသူမှာအသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်ကြောင်း ဖော်ထုတ်

နိုင်ခဲ့သည်။ကာဘင်ဘူရီရှိ အမျိးသမီး၏ အခန်းအနီးတွင်နေထိုင်ပြီး ကုမ္ပဏီတခုထဲတွင် အလုပ်လုပ်သော ဘွန်လိုင်းကို စုံစမ်းထောက်လှမ်း

မှုများက ညွှန်ပြနေပြီး နိုဝင်ဘာ ၁၄ ရက်တွင် အမျိုးသမီးကို အဓမ္မခေါ်ဆောင်ခဲ့ကြောင်းယူဆခဲ့သည်။

စစ်ဆေးမေးမြန်းစဉ် ထိုအမျိုးသမီးကိုချစ်သောကြောင့် အဓမ္မခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဘွန်လိုင်ကဝန်ခံသည်။


အမျိုးသမီး၏အခန်းတွင် အတူနေရန်ကြိုးစားသော်လည်း ငြင်းဆိုသောကြောင့် ရိုက်နှက်ပြီး အနီးရှိ ဆီအုန်းစိုက်ခင်းအတွင်းဆွဲခေါ်ခဲ့

ကြောင်း၊ ထိုစဉ် ရုတ်တရက်ခွေးဟောင်သံကြားပြီးနောက် အမျိုးသမီးနှင့်အတူထွက်ပြေးခဲ့ကြောင်း၊ အနီးရှိ ရေကန်တကန်အတွင်းခုန်ချခဲ့

ပြီးမှ အမျိုးသမီး ရေမကူးတတ်ကြောင်းသိရကာ ရေနစ်သေဆုံးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကိုပြောသည်။

နောက်တနေ့တွင် ပုံမှန်အတိုင်းအလုပ်သွားခဲ့ပြီးနောက် အလောင်းကိုတွေ့ခဲ့သဖြင့် စိုက်ခင်းတခုထံကားမောင်းသွားပြီး ကားတာယာပေါ်

အလောင်းတင်ကာမီးရှို့ခဲ့ကြောင်းနှင့် ထွက်ပြေးခဲ့ကြောင်းလည်း ဘွန်လိုင်ကပြောသည်။

ပြီးခဲ့သည့်ရက်များအတွင်း အမျိုးအိမ်တွင်ပုန်းနေစဉ် သေဆုံးသူ၏ဝိဉာဉ်က သူ့ကိုခြောက်လှန်နေကြောင်း၊ ထို့ကြောင့် မနက်အစောပိုင်းများ

တွင် ဘုန်းတော်ကြီးများထံ လှူဒါန်းမှုများလုပ်ခဲ့သော်လည်း ဆက်လက်ခြောက်လှန်နေသဖြင့် နောက်ဆုံးတွင် သေဆုံးသူ၏အမဖြစ်သူထံ

ဖုန်းဆက်ပြီး ဝန်ခံခဲ့သည်ဟုလည်း စုံထောက်များကိုဝန်ခံသည်။

ဥပဒေအရ အမှုကို ဆက်လက်ကိုင်တွယ်နေကြောင်း ထိုင်းရဲများကပြောသည်။
Source – Bangkok Post