ၾကားသိသမွ်

စကစ၏ ရထားတစ်စီးကို နေပြည်တော်နယ်မြေတွင် PRA တော်လှန်ရေးတပ်က သတိပေး ဖောက်ခွဲ၊

စကစ၏ ရထားတစ်စီးကို နေပြည်တော်နယ်မြေတွင် PRA တော်လှန်ရေးတပ်က သတိပေး ဖောက်ခွဲ၊

နိုဝင်ဘာ – ၂၀

အာဏာသိမ်း စစ်ကောင်စီက PDF များကို နှိမ်နင်းနိုင်ရန်အတွက် စစ်ရေးအတွက် အသုံးပြုနေသော ရန်ကုန်- မန္တလေး ရထားတစ်စီးကို

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပန်းခင်းရပ်ကွက်၌ ယနေ့ နိုဝင်ဘာ (၂၀)ရက် မနက်ပိုင်းက သတိပေးဖောက်ခွဲခဲ့ကြောင်း

ပျဉ်းမနား တော်လှန်ရေး တပ်မတော် PRA က ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံ Non CDM စက်ဗိုလ်တစ်ဦး မောင်းနှင်လာသော မန္တလေး – ရန်ကုန် အမှတ်(၈) အစုန် ရထားတစ်စီးကို ယနေ့

မနက် (၆)နာရီကျော်အချိန်က နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပန်းခင်းရပ်ကွက်၊ ပန်းခင်း အမှတ် (၆)လမ်းအနီးတွင်

သတိပေး ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု PRA က ဆိုသည်။


ထိုသို့ ဖောက်ခွဲခြင်းသည် စစ်ကောင်စီက မီးရထားများ အသုံးပြုကာ PDF များကို နှိမ်နင်းရန် လက်နက်ကိုင်များနှင့် ရိက္ခာများ သယ်ယူ

ပြောင်းရွှေ့နေသဖြင့် သတိပေး ဖောက်ခွဲခြင်း ဖြစ်ကြောင်းနှင့် နောင်တွင် ပိုမိုပြင်းထန်သည့် ဖောက်ခွဲမှုများ လုပ်ဆောင်မည်ဟု ပျဉ်းမနား

တော်လှန်ရေး တပ်မတော် PRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ မနက်ပိုင်းအချိန် ရထားသံလမ်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိဟု ဒေသခံများက MFP သို့ ပြောသည်။

“ရထားလမ်းနား မနက်က ပေါက်ကွဲတာ ဟုတ်ပါတယ်။ လူထိသံတော့ မကြားပါဘူး”ဟု ပျဉ်းမနားမြို့ခံတစ်ဦးက MFP သို့ ပြောသည်။

PRA အဖွဲ့သည် နိုဝင်ဘာ(၁၇)ရက် ညပိုင်းကလည်း နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အောင်ဇဗ္ဗူရပ်ကွက်ရုံးအား သတိပေး ဖောက်ခွဲခဲ့သေး

သည်။အာဏာသိမ်းပြီးနောက် မီးရထားဝန်ထမ်း အများအပြားသည် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်နေ

သဖြင့် ပြည်တွင်း ခရီးသည်တင် မီးရထားများ ယနေ့အချိန်ထိ ပုံမှန်ပြေးဆွဲနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် စစ်ကောင်စီက ၄င်းတို့၏

လက်အောက်ခံ ဝန်ထမ်းများဖြင့် ရထားများ ပြေးဆွဲကာ လက်နက်ရိက္ခာသယ်ယူခြင်း၊ လက်နက်ကိုင်များ နေရာပြောင်းရွှေ့ခြင်းကဲ့သို့ စစ်

ရေးအတွက် အသုံးပြုလျှက် ရှိသည်။ Source;MFP

ပြီးခဲ့သည့် ရက်ပိုင်းက ပျော်ဘွယ်တွင် စစ်ကောင်စီ၏ ရိက္ခာများ တင်ဆောင်လာသော ရထားတစ်စီး တိမ်းမှောက်ခဲ့စဉ် (ပုံဟောင်း)/ Photo – CJ