ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှ မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းကိုအတည်ပြု ဦးဝဏ္ဏမောင်လွင်
ပြင်းထန်စွာ ပယ်ချ
နိုဝင်ဘာ၊ ၂၀
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ
(လူမှုရေး၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ) အစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆို
မူကြမ်း (Situation of Human Rights of Rohingya Muslims and other minorities in Myanmar)ကို ပြင်းထန်စွာ ပယ်ချ
ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။
ယင်းအဆိုရဲ့ မူရင်းဇာစ်မြစ်မှာ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အပေါ် အခြေခံ၍ ပေါ်ပေါက်လာခြင်း
ဖြစ်ပြီး၊ ယင်းဖြစ်စဉ်မှာ ARSA (ခေါ်) Aqua Mul Mujahidin ရဲ့ တိုက်ခိုက်မှုများကြောင့် စတင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းအဆိုမှာ အစဉ်အဆက် ပါရှိတဲ့အချက်များက ပကတိ မြေပြင်အခြေအနေမှန်များ၊ ဒေသသမိုင်းနောက်ခံနဲ့ ယင်းကိစ္စရဲ့ အခြေခံ
အကြောင်းအရင်းများကို မျှတမှန်ကန်စွာ ရည်ညွှန်းထားခြင်းမရှိတဲ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရာနဲ့ချီတဲ့ နေရပ်စွန့်ခွာ ဟိန္ဒူများ
အပါအဝင် အသိုက်အဝန်းအားလုံးရဲ့ ဆင်းရဲဒုက္ခ၊ ၎င်းတို့ကို နေရပ်သို့ ပြန်လာခွင့်ပြုရန် မြန်မာအစိုးရမှ အကြိမ်ကြိမ် ကြိုးစားဆောင်ရွက်ခဲ့မှု
များနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပျက်ကွက်မှုများကို ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ယင်းအပြင် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ်တဲ့ အဆိုဆုံးဖြတ်ချက်များက သက်ဆိုင်ရာနိုင်ငံနဲ့ နိုင်ငံတကာ အသိုက်အဝန်းတို့အကြား
ဓမ္မဓိဌာန်ကျတဲ့ အစီရင်ခံမှု၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဖော်ပြနိုင်ခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံ
အနေနဲ့ ယင်းလုပ်ရပ်များကို အစဉ်ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုကဲ့သို့ကိစ္စမျိုးကို မြန်မာနိုင်ငံအနေနဲ့ ယခင်က မဲခွဲရန် တောင်းဆိုလေ့ရှိခဲ့သော်လည်း ယခုနှစ် အဆိုမူကြမ်းကို မဲမခွဲဘဲ ဆုံးဖြတ်ခဲ့ခြင်း
မှာ ကုလသမဂ္ဂ၌ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှု မှန်ကန်မှုမရှိခြင်းနဲ့ နိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ် တက်ရောက်နိုင်မှု မရှိခြင်းတို့ကြောင့်
ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းအဆိုမှာ ပြင်ပယန္တရားများကို ဖိတ်ခေါ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တဲ့ အသုံးအနှုန်းများနဲ့
အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားမှုမရှိတဲ့ ဖော်ပြချက်များပါရှိတာကြောင့် မြန်မာနိုင်ငံမှ အဆိုဆုံးဖြတ်ချက်ကို လုံးဝပယ်ချ၍
ပါဝင်ပတ်သက်မှု မရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ PPT