ကျောင်းမတက်ရေးတားမြစ်ခြင်းသည် ကုလသမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း
အောင်လှိုင်ပြောကြား
ကုလသမဂ္ဂက ချမှတ်ထားသည့် ကလေး သူငယ်များ အခွင့်အရေးတွင် ကျန်းမာရေးနှင့် ပညာသင်ကြားခွင့်သည် ထိပ်ဆုံးကပါ ဝင်နေပြီး
ကျောင်းမတက်ရေးတားမြစ်ခြင်းသည် ကုလသမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း
အောင်လှိုင်က ပြောကြားလိုက်သည်။
နိုဝင်ဘာ ၁၉ ရက်နေ့က ပြုလုပ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့
၅ နှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား အမှာစကား ပြောကြားရာတွင် ၎င်းက ယင်းသို့ ပြောဆို
ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၎င်းက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးသည့်ကိစ္စဖြစ်သော်လည်း လက်ရှိ
အခြေအနေတွင် နားလည်သဘောပေါက်ခြင်း မရှိသည့်သူများက ကျောင်းများကို ပြန်မဖွင့်နိုင်ရန်နှင့် ပညာရေးစနစ်ကို အနှောင့်အယှက်
ဖြစ်စေရန် အဖျက် အမှောင့်လုပ်ငန်းများ ဆောင်ရွက် နေကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ကြောင့် လူငယ်များ လမ်းမှားမရောက်စေရန်၊ ပညာရေး တစ်ပိုင်း တစ်စဖြင့် အနာဂတ်ဘဝများ မပျောက်ပျက်စေရန်၊ ပညာရေး
ဝန်ကြီးဌာနက ချမှတ် ထားသည့် ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်း မည်သည့်ခွဲခြားမှုမျှ မရှိရေးအတွက် ဆောင်ရွက်ရမှာ
ဖြစ်သလို ပညာသင်ကြားပေးသည့် နေရာတွင်လည်း အတန်းအောင်ရန်၊ စာမေးပွဲ အောင်ရန်ထက် အမှန်တကယ်စာတတ်ရန်၊ ပညာတတ်
ရန် ဆရာ့ကျင့်ဝတ်နှင့်အညီ သင်ကြားပေးကြရန်လည်း ပြောဆိုခဲ့ကြောင်း သိရသည်။ Source;EPN ဝလုံး