ၾကားသိသမွ်

ခုခံစစ်ကို Level 2 အဆင့်မြှင့်တင်လိုက်ပြီး ဒီမနက်မှာ သောင်ကြီးရဲစခန်းကို လောင်ချာ၊ ဗုံးသီးနဲ့ပစ်ခတ်၊ ရဲ ၄ယောက်သေ

ခုခံစစ်ကို Level 2 အဆင့်မြှင့်တင်လိုက်ပြီး ဒီမနက်မှာ သောင်ကြီးရဲစခန်းကို လောင်ချာ၊ ဗုံးသီးနဲ့ပစ်ခတ်၊ ရဲ ၄ယောက်သေ

နိုဝင်ဘာ ၂၀

ခုခံစစ်ကို Level 2 အဆင့်မြှင့်တင်လိုက်ပြီလို့ ကြေညာပြီး ဒီနေ့မနက် ၈နာရီကျော်မှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က သောင်ကြီး

ရဲစခန်းကို လောင်ချာ၊ ဗုံးနဲ့ပစ်ခတ်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲ ၄ယောက် သေဆုံးခဲ့တယ်လို့ လှိုင်သာယာ မြို့ပြ

ပြောက်ကျားတပ်က မဟာမိတ် Area-21 ကတစ်ဆင့် သတင်းထုတ်ပြန်ပါတယ်။


“မဟူရာ စစ်ဆင်ရေး” လို့ နာမည်ပေးပြီး လှိုင်သာယာ အနော်ရထာလမ်းမကြီးက သောင်ကြီးရဲစခန်းကို လှိုင်သာယာအခြေစိုက် CGF HTY

နဲ့ လှိုင်သာယာ မဟာမိတ် တော်လှန်ရေး ညီအစ်ကိုတွေဖြစ်တဲ့ Spring Revolution Flames ( SRF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

M79 Grenade Launcher နဲ့ 40 mm ဗုံးသီး တစ်လုံး အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီကို

အဝေးထိန်း ဗုံး ၄လုံးနဲ့ ဆက်လက်တိုက်ခတ်ခဲ့ရာမှာ ရဲ ၄ယောက် သေဆုံးခဲ့ပြီး အများပြားဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


CGF HTY နဲ့ SRF တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု့မရှိ ဆုတ်ခွာလာနိုင်ခဲ့ပြီး နောက်နောင် စစ်အာဏာရှင်စနစ် တော်လှန်ရေးအရှိန် မြင့်လာတာနဲ့

အမျှ နယ်မြေခံ UG တွေ၊ Yangon အတွင်းရှိ CGF တပ်ခွဲတွေ၊ Area 21 Network အတွင်းက ရန်ငါးညီနောင်မဟာမိတ်တွေနဲ့အတူ

တိုက်ခိုက်မယ်လို့ ဖော်ပြပါတယ်။

Zawgyi

နိုဝင်ဘာ ၂၀

ခုခံစစ်ကို Level 2 အဆင့်မြှင့်တင်လိုက်ပြီလို့ ကြေညာပြီး ဒီနေ့မနက် ၈နာရီကျော်မှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က သောင်ြ

ကီးရဲစခန်းကို လောင်ချာ၊ ဗုံးနဲ့ပစ်ခတ်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲ ၄ယောက် သေဆုံးခဲ့တယ်လို့ လှိုင်သာယာ မြို့ပြပြောက်ကျား




က်ခိုက်ခဲ့တာပါ။




