ၾကားသိသမွ်

မြန်မာပြည်သူတွေ လုပ်စရာရှိတာလုပ်ကြပါဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian နှင့် ဘလွန်းဘတ် ( Bloomberg) တို့မနေ့က ၁၈-၁၁-၂၀၂၁ အင်တာဗျူးမှာပါတဲ့မြန်မာ့ကိစ္စကို

အင်တာဗျူးရာမှာ မြန်မာပြည်သူတွေ ပြည်ပကကြားဝင်စေ့စပ်မှုတွေကိုမျှော်မနေနဲ့ လုပ်စရာရှိတာ လုပ်ကြပါဟု စင်္ကာပူနိုင်ငံခြားရေး

ဝန်ကြီး Dr. Vivian Balakrishnan က တိုက်တွန်းပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ဘယ်လို သဘောထားရှိလဲ ဆိုတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိအောင် ကူညီပေးဖို့ စင်္ကာပူမှာ ငွေကြေးအရ

လွှမ်းမိုးမှု ရှိတယ်လို့ အမေရိကန် က ပြောနေတာ ရှိတယ်။ သင်ဘာလုပ်နိုင်သလဲလို့ မေးမြန်းရာမှာတော့


“ မြန်မာစစ်တပ်အာဏာသိမ်းလိုက်တာဟာ ဒီမိုကရေစီနောက်ပြန်လှည့်သွားတာတင်မကပါဘူး။ မြန်မာပြည်သူအားလုံးပါ အလုံးစုံပျက်စီး

စေတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ပါ။ အင်မတန်ရှက်စရာ ကောင်းတဲ့လုပ်ရပ်ပါ။

ဒုတိယအချက်မှာ ပြင်ပဝင်ရောက်စွက်ဖက်မှု၏ သက်ရောက်မှုကို လွန်ကဲစွာ မတွက်ဆရန်။ အဆင်မပြေပါဘူး။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း

များစွာ လက်တွဲပြီး ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုကနေပြီး တခြားသူတွေ ဝင်ရောက်စွက်ဖက်ဖို့ မကြိုးစားဘဲ ပြည်တွင်းရေး ပြဿနာ

တွေကို ပြည်တွင်းမှာ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ဂုဏ်ယူစရာ နိုင်ငံတစ်ခုဆိုတာ သိပါတယ်။


အထူးသဖြင့် စင်္ကာပူမှာဆိုရင် ကျွန်တော်တို့ရဲ့ သြဇာလွှမ်းမိုးမှု ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေကို ထိခိုက်စေနိုင်တဲ့ စွမ်းရည်ကို

လွန်လွန်ကဲကဲ မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေး နယ်ပယ်တရပ်လုံးက ပြည်သူတွေရော နှစ်

ဖက်စလုံးက ကျနော်တို့ရဲ့ ရပ်တည်ချက်ကို သိပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်ပကနေ သွားဆွေးနွေးညှိနိုင်းပေးလို့လည်း နားထောင်လက်ခံတာမဟုတ်ပါဘူး။ အာဆီယံအထူးကိုယ်စားလှယ်ရော

စင်ကာပူကိုရောအထင်မကြီးပါနဲ့။ ” ဟု ၎င်းက ဆိုသည်။

ဒါ့အပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက “ စစ်အာဏာရှင်တွေနဲ့ပတ်သက်လို့ စင်ကာပူက ဟိုတုံးကတည်းက အတွေ့အကြုံရှိခဲ့ပြီးပါပြီ။

ပြည်ပက သွားဆွေးနွေးလို့ အဆင်ပြေတယ်ဆိုတာ မရှိပါဘူး။


စစ်အာဏာရှင်တွေက ဘဝင်ကိုင် အောက်ခြေလွတ်နေတဲ့ သူတွေပါ။ ပြည်တွင်းရေးဆိုတဲ့အတိုင်း မြန်မာပြည်သူတွေ ကိုယ့်အရေးကို လုပ်

စရာရှိတာသာ လုပ်ကြပါ။ ပြည်ပက ကြားဝင်ဆွေးနွေးပေးတာတွေ မျှော်မနေပါနဲ့။စင်ကာပူအနေနဲ့ကတော့ လူသားချင်းစာနာမှုအရ မြန်မာ

ပြည်သူတွေကို ကူညီပေးနေမယ်။ နိုင်ငံရေးအရ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ရပ်တည်ပြခဲ့တဲ့အတိုင်း ဆက်ရပ်တည်မယ်။ ဘုံသဘောတူ

ထားတာတွေ အကောင်အထည်ဖေါ်ရင်ဖေါ် မဖေါ်ရင် အာဆီယံစင်မြင့်ထက်မှာ မအလ တက်ခွင့်ရမှာမဟုတ်ပါဘူး။ ” ဟု စင်ကာပူ

နိုင်ငံခြားရေးဝန်ကြီးက ဘလွန်းဘတ် ( Bloomberg) နှင့် အင်တာဗျူးမှာ အထက်ပါအတိုင်းဖြေဆိုသွားခဲ့တာပါ။