ၾကားသိသမွ်

ဒီကောင်တွေမှာ လူလိမ်တပ်ဖွဲ့သီးသန့်ရှိတယ်

စစ်တပ်တွင်စိတ်ဓာတ်စစ်ဆင်ရေးဌာနရှိပြီးဝန်ထမ်းများစွာ နှင့်အလုပ်လုပ်၏။အဓိကရည်ရွယ်ချပ်မှာ တပ်တွင်းမှစစ်သည်နှင့်မိသားစုများ

ကို အာဏာသိမ်းတာမှန်ကြောင်းယုံကြည်နေစေဖို့ ။တပ်တွင်းပုန်ကန်မှုမဖြစ်စေဖို့။ နံပတ်နှစ်ကတော့ တော်လှန်ရေးအင်အားစုများ

စိတ်ဓာတ်ကျစေဖို့ ၊ အချင်းချင်း စိတ်ဝမ်းကွဲစေဖို့ ။

နံပတ်( ၁) ရည်ရွယ်ချက်အတွက် MRTV ၊မြဝတီ ၊ကြေးမုံ ၊ မြန်မာ့အလိမ်သတင်းစာ တွေကနေဗြောင်လိမ်တယ် ။ တပ်မတော်ထောက်ခံ

သူများ fb page လိုဟာမျိုးကနေ လော်ဘီလုပ်တယ်။ အဲဒိအဆင့်က လိမ်တာသိသာလွန်းတော့ တပ်ကလူတွေပဲယုံချင်ယုံမယ် ။ အပြင်လူ

တွေမယုံကြဘူး။

နံပတ် ( ၂) ရည်ရွယ်ချက်အတွက်ကျ NUG တို့ PDF တို့ပရိုဖိုင်းတွေနဲ့ အယောင်ဆောင်ပြီးတော့ နေမယ်။ ပြီးရင် သတင်းမှန် ၂၀ ရာခိုက်

နှုန်းလောက်ကို psy-war ၈၀ ရာနှုန်းလောက်နဲ့သူ့လူကိုယ့်ဘက်ငါးဟန်ဆောင်ပြီး post တွေတင်မယ် ၊ comment တွေရေးမယ် ။ ဘာ

သတင်းအရင်းအမြစ်မှသေသေချာချာမပြောနိုင်ပဲ

အရေးကြီးလို့ရှယ်ကြပါတို့တပ်တွင်းသတင်းတို့ ဘယ်ဘက်မှာတော့ သစ်တပ်ကအလုံးအရင်းနဲ့တက်လာပြီပြေးကြပါ တို့

ဘယ် PDF တွေတော့ စာရင်းတွေအကုန် ပေါက်ကြားကုန်ပြီ ပြေးကြတော့တို့ ။ ငါတို့လူတွေအဖမ်းခံရတာကမ္ဘာမကြေဘူးဟေ့ ဆိုပြီး လူ

မြင်မကောင်းတဲ့ပုံတွေ တင်မယ် ။ တချို့ကလည်းဘုမသိ share ကြမယ် ။ sad react တွေပေးကြ မယ်။

မူရင်း post ကိုဘယ်သူတွေကစတင်တာလဲဆိုတဲ့လာရာလမ်းကြောင်းကို စုံစမ်းတဲ့သူကနည်းတယ် ။

ဆိုလိုတာက FACE BOOK သည် ဘဝမဟုတ်

FACEBOOK.ပေါ်မှာရေးသမျှသည် တော်လှန်ရေး ကိုလိုလားသူချည်းမဟုတ် ။ ပရိုဖိုင်း ကဘာပဲတပ်ထားထား ထရိုဂျန်မြင်းတွေ လို လူ

တွေရှိတယ်။ ပြောသမျှချင့်ချိန်ပြီးမှ ယုံကြည်လက်ခံဖို့။ ခံစားချက်နောက်ကို မလိုက် ဖို့ပါ ။ ပြောချင်တာရှင်းရှင်းလေးပါ ။

ဒီကောင်တွေမှာ လူလိမ်တပ်ဖွဲ့သီးသန့်ရှိတယ် ဆိုတာပါပဲ ။သူတို့တီးတဲ့ဆိုင်းချက်မှာ မျောမသွားမိစေနဲ့။
သရဝဏ်(ပြည်)