ၾကားသိသမွ်

နောက်မဆုတ်စတမ်း🇺🇸

နောက်မဆုတ်စတမ်း🇺🇸

နှစ်ဖက်စလုံးကတွေ့ဆုံဆွေနွေး ညှိနိူင်းရေးဆီသွားနေကြတာမဟုတ်ဘူး စစ်အုပ်စုနဲ့လဲ ဘယ်တော့မှဆွေးနွေးမှာမဟုတ်ဘူး အဆုံးထိသွားပါမယ် လို့NUCC သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်ကပြောသွားပါတယ်

ဒါဟာလဲ လက်ရှိမြန်မာပြည်ရဲ့ မြေပြင်ပကတိအခြေအနေပါပဲ စစ်အုပ်စုရဲ့နောက်ဆုတ်လို့မရတော့တဲ့ ကိုင်တွယ်ဖြေရှင်းမူ့အမှားတွေကြောင့်ပြည်သူဟာ ရရာလက်နက်ဆွဲကိုင်သည်အထိ တိုက်ပွဲဝင်လာကြပါပြီ

ပြည်တွင်းကတော်လှန်ရေး နိုင်ငံတကာက ဖိအားတွေကြောင့် အကျပ်ရိုက်နေတဲ့ စကစဖို့ ရှေ့ဘယ်လိုဆက်မလဲဆိုတာလဲ စဥ်းစားစရာပါ

ပြည်ပရင်းနှီးမြှပ်နှံမူ့ ထက်ဝက်ကျော်ကျဆင်းခဲ့သလို တိုင်းပြည်စီးပွားရေးဟာလဲ 62%ကျဆင်းခဲ့ပါပြီ သူ့တို့အုပ်စုထဲတောင် မပြိုကွဲဖို့ စကစအုပ်စုအသည်းအသန်လုပ်နေရတာတွေ့ရပါတယ်

အလွတ်သဘောလာတဲ့ အမေရိကန်သံအမတ်ဟောင်း ရစ်ချက်ဆန်ကို 3ကြိမ်တွေ့ဆုံပြီး အဲ့ပုံရိပ်ယူကာ သူ့တပ်တွင်းထဲ စိတ်ဓတ်ရေးရာ ခိုင်မာအောင်လုပ်တာလဲတွေ့ရပါတယ် ဘီလ် ရစ်ချက်ဆန်ကတော့ ကာတာလေဆိပ်သတင်းစာရှင်းလင်းပွဲမှာ

သူ့ကို အမေရိကန်အစိုးရကလွှတ်တာမဟုတ်ကြောင်းသူ့သဘောနဲ့သူသွားတာဖြစ်ပြီး သူသွားမယ်သိတော့ အမေရိကန်နိုင်ငံခြားရေးဌာနက စကစကို ဖမ်းထားတဲ့ အမေရိကန်သတင်းအယ်ဒီတာကိုပြန်လွှတ်ပေးဖို့ လုံးဝမပြောရဘူးလို့ အတန်တန်ပြောလိုက်ပါတယ်

တဲ့ သဘောကတော့ အမေရိကန်အစိုးရအနေနဲ့ အကြမ်းဖက် စကစကိုတောင်းဆိုစရာမလိုဘူးလို့ ပြောလိုက်တာပါပဲအာရပ်နိုင်ငံတွေက အကြမ်းဖက်အုပ်စုတွေ အမေရိကန်နိုင်ငံသားတွေကို ပြန်ပေးဆွဲ ဖမ်းဆီးကြပေမယ့်

အမေရိကန်အစိုးရက ဘယ်တုန်းကမှမညှိနိူင်းခဲ့ပါဘူး အကြမ်းဖက်သမားတွေကို ဆွေးနွေးညှိနိူင်းစရာမလိုဘူး ဆိုတဲ့ မူဝါဒကရှိပြီးသားမို့ပါ
အစိုးရကဖမ်းရင်တော့ ညှိနိူင်းပြီးကယ်ထုတ်ပါတယ် ဥပမာမြောက်ကိုရီးယားပါ

မြန်မာက စကစကို ညှိနိူင်းစရာမလိုဘူးလို့ ဆိုတော့ စကစကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်လိုက်ပြီလား

ဘီလ်ရစ်ချက်ဆန်က မင်းအောင်လိူင်ကသူ့ကို စကားစပြီး သူ့ဘာသာပြန်လွှတ်ပေးလိုက်တာ သူဘာမှမတောင်းဆိုခဲ့ဘူးလို့ ဆိုပါတယ် ရစ်ချက်ဆန်လာတဲ့အတွက် စကစကတော့အကြီးအကျယ်အမြတ်ထွက်တယ်လို့ ယူဆထားပါတယ်

ပိုမိုချဲ့ကားပြီးသတင်းစာတွေမှာရေးပါတယ်နိုင်ငံတော်အဆင့်မဟုတ်တဲ့သူလာတာကို အထူးတလည်ရေးနေပေမယ့် နိုင်ငံတော်အဆင့် ထိုင်း ဒုဝန်ကြီးချုပ် နေ့ချင်းပြန်လာတဲ့ ခရီးစဥ်ကိုသတင်းမထုတ်ပြန်ပါဘူး

ဒါဆို ထိုင်းနဲ့သူတို့မကျေလည်စရာဖြစ်ခဲ့လို့လားဆိုတာ တွေးယူရပါတော့မယ်လာမယ့် 22ရက်နေ့မှာ တရုတ် အာစီယံ ထိပ်သီးအစည်းအဝေးရှိပါတယ် မြန်မာကမင်းအောင်လိူင်တက်ဖို့ တရုတ်ကကြိုးစားပေးပေမယ့်

စင်ကာပူမလေးနဲ့အင်ဒိုတို့က အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့တစ်စားပွဲထဲအတူမထိုင်နိုင်ဘူးလို့ ပြောလို့ နိုင်ငံရေးနယ်ပယ်ကမဟုတ်သူဖိတ်မယ်လို့ သတင်းထွက်နေါတယ်

ထူးခြားတာက နိုဝင်ဘာလဆန်းမှာ ဆွန်ကော့ရှန်မြန်မာပြည်ထပ်လာတယ် မင်းအောင်လိူင်နဲ့လဲ တွေ့ပါတယ် ရလဒ်ကတော့သိပ်ကောင်းမယ်မထင်ပေမယ့် တရုတ်ကျားကန်ထားလို့သာ စကစအခုထိသက်ဆိုးရှည်နေတာတော့ငြင်းမရဘူး

လက်တလော နိုင်ငံတကာဖိအား ပြည်တွင်းတော်လှန်ရေးစတာတွေကြောင့်သာ တရုတ်က စကစကိုပွဲမထုတ်သေးတာကလွဲရင် အချိန်တစ်ခုမှာ သူကိုယ်တိုင်လက်ဆွဲပြီး လူရှေ့ထုတ်လာမှာပါ

BBC နဲ့အင်တာဗျူးမှာ ဇော်မင်းထွန်းက စကစဟာအခုဆို အထီးကျန်နေပြီလားဆိုတဲ့ မေးခွန်းကိုအထီးမကျန်ပါဘူး တရုတ် ရုရှ အိနိယ လာအို တို့နဲ့ဆက်ဆံရေးရှိပါတယ်လို့ ဆိုပါတယ်

ရုရှနဲ့ကတော့ပထဝီအနေအထားအရတော့ ဘာမှအသုံးမဝင်ပေမယ့် စစ်ဘက်ဆိုင်ရာ ကုန်သွယ်ရေးတော့အသုံးဝင်မှာပါ အိနိယ လာအိုကတော့ အိမ်နီးချင်းမို့ထားတော့ သူပြောချင်တာ တရုတ်ဒေါက်တိုင်ရှိတယ်ဆိုတာပါပဲ

စကစအနေနဲ့ကတော့ မထူးဇတ်ခင်းနေတာပါ 9လကျော်ကြာလာသည်ထိ ဘယ်လိုမှအုပ်ချုပ်လို့မရပဲသူ့အုပ်ချုပ်ရေးကို တည်မရဖြစ်နေပါတယ် ရှေ့လဲတိုးမရ နောက်လဲဆုတ်မရ အကျပ်အတည်းထဲကိုရောက်နေပြန်တယ်

ပြည်တွင်းတော်လှန်ရေးကလဲဖိလေကြွလေဆိုသလို အင်အားကလဲ တစ်နေ့ထက်တစ်နေ့တိုးပွားလာပါတယ်မြို့ပြတိုက်ပွဲတွေကလဲ ပိုပိုစိပ်လာပါတယ် အရှိန်ထပ်မြှင့်ရင် ရင်ဆိုင်တိုက်ပွဲတွေ မကြာခင်မြင်ရဖို့ရှိပါတယ်

ဒါကို ဘယ်နေရာမှာပစ်တဲ့သူမိတယ်ဆိုတဲ့ ဆိုဒ်ဝါးတွေ လွှင့်ပါတယ် တတယ်တော့ သူတို့ပြတဲ့အဖမ်းခံရသူတွေဟာ သာမန်အပြစ်မရှိတဲ့ပြည်သူတွေဖြစ်ပြီး ညှင်းပမ်းနှိပ်စက် ဝန်ခံခိုင်းထားသူတွေသာဖြစ်ပါတယ်

တကယ်ပစ်တဲ့သူတွေကိုတော့ မိတော့မိပါမယ် သူတို့ပြတဲ့အရေအတွက်လောက်တော့ မဟုတ်ဘူးစကစတပ်ဟာ စစ်ပန်းနေသလို
နယ်ဘက်က မြို့ခံ pdf တွေကြောင့် စကစအထိနာနေပါတယ်

မြို့ပြ တွေကြောင့် စကစအုပ်ချုပ်ရေးဟာယိုင်လာပါတယ် ဒီထက်ပြင်းထန်လာရင်တော့ စကစအာဏာစက်ဟာ နေပြည်တော်တစ်ဝိူက်သာကျန်ပါတော့မယ်

NUCC မှာလဲ EAOs တွေပါဝင်မူ့အားကောင်းလာပါတယ် အခုထက်ပိုမို ပါဝင်လာနိုင်ရင် စကစကို ပြည်ပအကူအညီမပါပဲတိုက်လို့ရပါပြီ စကစကတော့ မြို့ပေါ်တွေအတင်းဖိပြီး တိုက်ပွဲတွေကို နယ်ဘက်ကိုဆွဲခေါ်နေပေမယ့်

နယ်တွေမှာလဲ အင်အားအနေနဲ့ကလဲ လုံလောက်အောင်မရှိပဲ လာရင် လူတစ်ရာပြန်ရင်ဆယ်ယောက်ဆိုသလိုဖြစ်နေပါတယ်

မြို့ပြကျရင် စကစသွားပါပြီ မြို့ပြတိုက်ပွဲတွေ မစ်ရှင်တွေပိုအားကောင်းဖို့လိုပါတယ် အဖက်ဖက်ကယိုင်နဲ့နေတဲ့ စကစကို လက်နက်ကောင်းကောင်းအင်အားကောင်းကောင်းနဲ့သာ ယူနစ်တစ်ခုထဲအောက်ကတိုက်ရင် သိပ်မကြာခင်ပြိုလဲသွားမှာပါ

LDF တွေလဲ တစ်စဆီပြန့်ကြဲမနေပဲ ယူနစ်တစ်ခုအောက်ကနေ တိုင်ပင်နဲ့သွားသင့်ပါတယ် တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ဖို့လဲလိုပါတယ် စကစအနေနဲ့မြို့ပြLDF တွေကိုထိန်းနိုင်ဖို့ရာ အလွန်ခက်ခဲပါတယ်

ကြုံရာလူ PDF ခေါင်းစဥ်တပ် ဖမ်းချင်သလိုဖမ်းနေတာတွေဟာ PDF အားကောင်းဖို့ရာ ဆွပေးနေသလိုပါပဲမိတ်ဆွေ နိုင်ငံရေးသမားကြီးကပြောတယ် R2P မဝင်နိုင်ဘူး နိုင်ငံတကာစစ်ရေးအကူအညီမရနိုင်ဘူး

လို့ အရင်က ငါပြောခဲ့တယ် အခု စကစဗရမ်းဗတာလုပ်နေပုံနဲ့တော့ မကြာခင် R2P ဖြစ်ဖြစ်QUADဖြစ်ဖြစ် ဝင်လာမယ်ထင်တယ် ဘာလို့လဲဆိုရင် မြန်မာမှာ တရုတ်အလိုကျ ရေရှည်စစ်ပွဲမျိုး အမေရိကန်က မဖြစ်စေချင်ဘူး လို့ပြောပါတယ်

အဖြေကတော့ ပြောဖို့စောအုံးမယ်ထင်ပေမယ့်နိုဝင်ဘာလကုန်ပိုင်း UN အစည်းအဝေးဆုံးဖြတ်ချက်နဲ့အတူ မြန်မာ့ပြည်တွင်းရေး

အခြေအနေဟာ အပြောင်းအလဲ ကြီးမားမှာဖြစ်သလို ပေးဆပ်မူ့တွေကြီးမားနိုင်တယ်လို့ ထင်ပါတယ်လို့ ပြောချင်တယ်ဗျာ
မုဆိုး လက်🇺🇸