အမေရိကန်နိုင်ငံသားကိုပြန် လွှတ်ပေးလိုက်တာ အမှားကြီးမှားပြီလား
သူဟာ ဘာလုပ်လုပ် မှားနေတော့တာပဲ။အမေရိကန်နိုင်ငံသားကိုပြန် လွှတ်ပေးလိုက်တာကြောင့် နိုင်ငံရေး အမြတ်ထွက်တယ်လို့ထင်ရင်
သူမှားတယ်။ဒီဖြစ်ရပ်မှာ ၁၁ နှစ် ထောင်ဒဏ်အမိန့်ချပြီးမှ၃ ရက်နဲ့ ပြန်လွှတ်လိုက်တာက စမှားတယ်။ ပြက်ရယ်ပြုမှုတွေက ပြည်တွင်းမှာ
တင်မကဘူး။ နိုင်ငံတကာထိကိုရူး ကြောင်ကြောင်လုပ်ရပ်လို့ အထင်ဖြစ်စေခဲ့တယ်။
အမိန့်မချခင် လွှတ်ပေးလိုက်တာကမှ အခုထက် အပြောခံရ သက်သာဦးမယ်။ မျက်နှာပန်း လှဦးမယ်။
အမိန့်ချပြီးမှ လွှတ်တော့သူတင်မကဘူး။တရားသူကြီးပါ ောက်ပေါကြီး ဖြစ်ရပါကော။
နောက် လူသားချင်း စာနာလို့ လွှတ်တာပါတဲ့။ အဲဒီမှာ ပိုဆိုးတာပဲ။ အမေစုရဲ့ စီးပွားရေးအကြံပေး သြဇီနိုင်ငံသားက လူမဟုတ်ဘူးလား။ သူ
တို့ ဖမ်းထားတဲ့ စာရေးဆရာတွေ၊ ကိုမြအေးအပါအဝင် ပညာရှင်တွေက လူမဟုတ်ဘူးလား။
လူသားချင်း မစာနာဘူးလား။ သူတို့ပ စ်သတ်ခဲ့တဲ့ ကလေးတွေက လူမဟုတ်ဘူးလားဆိုတဲ့ တန်ပြန်အတွေးက နိုင်ငံရေးအရ သူတို့ကို ရှုံးစေတယ်။
အမေရိကန်နိုင်ငံသားကို လွှတ်ပေးတာ သူတို့လည်ပင်း သူတို့ ကြိုးကွင်း ပြန်စွပ်လိုက်သလိုပဲ။ ဟိုငတိက ဖော်တော့မှာ။ စာနယ်ဇင်းသမား
လေ။သူကြုံခဲ့ရသမျှ၊ မြင်ခဲ့ရသမျှ ပြောလိမ့်မယ်။ ခုတောင် စလာပြီ။ထောင်ထဲမှာ ဆရာဝန်တွေ၊ ကျောင်းဆရာမတွေ အများကြီးပဲ တဲ့။ သူ
ဟာ အကောင်းဆုံး သက်သေပဲ။ စစ်ကောင်စီတော့ နာဦးမယ်။
လူတစ်ယောက် ကြမ္မာဆိုးပြီဆိုဘာလုပ်လုပ်၊ ဘာပြောပြောမှားကို မှားနေတော့တာပဲ။
အေမရိကန္နိုင္ငံသားကိုျပန္ လႊတ္ေပးလိုက္တာ အမွားႀကီးမွားၿပီလား
သူဟာ ဘာလုပ္လုပ္ မွားေနေတာ့တာပဲ။အေမရိကန္နိုင္ငံသားကိုျပန္ လႊတ္ေပးလိုက္တာေၾကာင့္ နိုင္ငံေရး အျမတ္ထြက္တယ္လို႔ထင္ရင္ သူမွားတယ္။
ဒီျဖစ္ရပ္မွာ ၁၁ ႏွစ္ ေထာင္ဒဏ္အမိန္႔ခ်ၿပီးမွ၃ ရက္နဲ႔ ျပန္လႊတ္လိုက္တာက စမွားတယ္။ ျပက္ရယ္ျပဳမႈေတြက ျပည္တြင္းမွာတင္မကဘူး။ နိုင္ငံတကာထိကို႐ူး ေၾကာင္ေၾကာင္လုပ္ရပ္လို႔ အထင္ျဖစ္ေစခဲ့တယ္။
အမိန္႔မခ်ခင္ လႊတ္ေပးလိုက္တာကမွ အခုထက္ အေျပာခံရ သက္သာဦးမယ္။ မ်က္ႏွာပန္း လွဦးမယ္။
အမိန္႔ခ်ၿပီးမွ လႊတ္ေတာ့သူတင္မကဘူး။တရားသူႀကီးပါ ောက္ေပါႀကီး ျဖစ္ရပါေကာ။
ေနာက္ လူသားခ်င္း စာနာလို႔ လႊတ္တာပါတဲ့။ အဲဒီမွာ ပိုဆိုးတာပဲ။ အေမစုရဲ့ စီးပြားေရးအႀကံေပး ၾသဇီနိုင္ငံသားက လူမဟုတ္ဘူးလား။
သူတို႔ ဖမ္းထားတဲ့ စာေရးဆရာေတြ၊ ကိုျမေအးအပါအဝင္ ပညာရွင္ေတြက လူမဟုတ္ဘူးလား။
လူသားခ်င္း မစာနာဘူးလား။ သူတို႔ပ စ္သတ္ခဲ့တဲ့ ကေလးေတြက လူမဟုတ္ဘူးလားဆိုတဲ့ တန္ျပန္အေတြးက နိုင္ငံေရးအရ သူတို႔ကို ရႈံးေစတယ္။
အေမရိကန္နိုင္ငံသားကို လႊတ္ေပးတာ သူတို႔လည္ပင္း သူတို႔ ႀကိဳးကြင္း ျပန္စြပ္လိုက္သလိုပဲ။ ဟိုငတိက ေဖာ္ေတာ့မွာ။ စာနယ္ဇင္းသမားေလ။
သူၾကဳံခဲ့ရသမၽွ၊ ျမင္ခဲ့ရသမၽွ ေျပာလိမ့္မယ္။ ခုေတာင္ စလာၿပီ။ေထာင္ထဲမွာ ဆရာဝန္ေတြ၊ ေက်ာင္းဆရာမေတြ အမ်ားႀကီးပဲ တဲ့။ သူဟာ အေကာင္းဆုံး သက္ေသပဲ။ စစ္ေကာင္စီေတာ့ နာဦးမယ္။
လူတစ္ေယာက္ ၾကမၼာဆိုးၿပီဆိုဘာလုပ္လုပ္၊ ဘာေျပာေျပာမွားကို မွားေနေတာ့တာပဲ။