ၾကားသိသမွ်

ကလေး၀မြို့နယ်တွင် စစ်ကောင်စီခန့် စစ်ကိုင်း၀န်ကြီးချုပ်ဦးမြတ်ကျော် လိုက် ပါသော ယာဉ်တန်း မိုင်းဆွဲခံရ

ကလေး၀မြို့နယ်တွင် စစ်ကောင်စီခန့် စစ်ကိုင်း၀န်ကြီးချုပ်ဦးမြတ်ကျော် လိုက် ပါသော ယာဉ်တန်း မိုင်းဆွဲခံရ၊ ထိခိုက်သေဆုံးမှု

အရေအတွက် မသိရသေး

စစ်ကိုင်းတိုင်း ကလေး၀မြို့နယ် ကလေးဝ-တန့်ဆည်-ရေဦးလမ်းပိုင်း မဟာမြိုင်တောတွင်းတနေရာမှာ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း

ဝန်ကြီးချုပ် ယာဉ်တန်းကို ဒီကနေ့ နိုဝင်ဘာ(၁၉)ရက် မနက်ပိုင်းမှာ ကလေး၀ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း၀န်ကြီးချုပ် မြတ်ကျော်ဟာ ကလေး၀မြို့ကနေ မဟာမြိုင်ဆရာတော်ကြီးရဲ့မွေးနေ့ကိုအသွား လမ်းတနေရာ

မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ကလေးဝ PDFနဲ့ နီးစပ်သူတစ်ယောက်က အတည်ပြုပြောပါတယ်။


ယာဉ်တန်းမှာ ကား(၁၃) စီးပါပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် PDF ရဲဘော်တွေအနေနဲ့

ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကားတစ်ချို့ ထိခိုက်မှုရှိခဲ့ပြီး ဒဏ်ရာရ သေဆုံး စာရင်းကိုတော့

မသိရသေးဘူးလို့ PDF ရဲဘော်တစ်ယောက်က ပြောပါတယ်။

ကလေးဝ PDF ရဲဘော်တွေကတော့ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

Zawgyi

ကေလး၀ၿမိဳ႕နယ္တြင္ စစ္ေကာင္စီခန႔္ စစ္ကိုင္း၀န္ႀကီးခ်ဳပ္ဦးျမတ္ေက်ာ္ လိုက္ ပါေသာ ယာဥ္တန္း မိုင္းဆြဲခံရ၊ ထိခိုက္ေသဆုံးမႈ အေရအတြက္ မသိရေသး

စစ္ကိုင္းတိုင္း ကေလး၀ၿမိဳ႕နယ္ ကေလးဝ-တန႔္ဆည္-ေရဦးလမ္းပိုင္း မဟာၿမိဳင္ေတာတြင္းတေနရာမွာ စစ္ေကာင္စီခန႔္ စစ္ကိုင္း

တိုင္းဝန္ႀကီးခ်ဳပ္ ယာဥ္တန္းကို ဒီကေန႔ နိုဝင္ဘာ(၁၉)ရက္ မနက္ပိုင္းမွာ ကေလး၀ PDF အဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

စစ္ေကာင္စီခန႔္ စစ္ကိုင္းတိုင္း၀န္ႀကီးခ်ဳပ္ ျမတ္ေက်ာ္ဟာ ကေလး၀ၿမိဳ႕ကေန မဟာၿမိဳင္ဆရာေတာ္ႀကီးရဲ့ေမြးေန႔ကိုအသြား

လမ္းတေနရာမွာ မိုင္းဆြဲတိုက္ခိုက္ခဲ့တာလို႔ ကေလးဝ PDFနဲ႔ နီးစပ္သူတစ္ေယာက္က အတည္ျပဳေျပာပါတယ္။

ယာဥ္တန္းမွာ ကား(၁၃) စီးပါၿပီး လက္နက္ႀကီးေတြနဲ႔ ျပန္လည္ပစ္ခတ္တဲ့အတြက္ PDF ရဲေဘာ္ေတြအေနနဲ႔ ျပန္လည္ဆုတ္ခြာခဲ့ရတယ္လို႔ သိရပါတယ္။

မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီကားတစ္ခ်ိဳ႕ ထိခိုက္မႈရွိခဲ့ၿပီး ဒဏ္ရာရ ေသဆုံး စာရင္းကိုေတာ့ မသိရေသးဘူးလို႔ PDF ရဲေဘာ္တစ္ေယာက္က ေျပာပါတယ္။

ကေလးဝ PDF ရဲေဘာ္ေတြကေတာ့ ထိခိုက္က်ဆုံးမႈမရွိဘဲ ဆုတ္ခြာနိုင္ခဲ့ၾကတယ္လို႔ သိရပါတယ္။