“ ဒုက္ခ “
အတွင်းလူထဲ အတွင်းစည်းထဲမှာ
အူကြောင်ကြားတွေ လုပ်စားတွေ ပေါ်ပင်တွေပါရင်
ဒုက္ခရောက်ကြဦးမှာဘဲ။
ဦးဆောင်သူတွေထဲ အရည်အချင်းမရှိ
နေရာနဲ့အခွင့်အရေးဘဲသိပြီး
ပေါ်ပင်လောက်ဘဲလုပ်တတ်ရင်
ဒုက္ခရောက်ကြဦးမှာဘဲ။
အပေါစားလော်ဘီတွေ ပြောကြား ရေးသားသမျှ
အဟုတ်ထင် အထင်ကြီးတဲ့ ဦးနှောက်မျိုးတွေကြောင့်
ဒုက္ခရောက်နေဦးမှာဘဲ။
ကျော်ကြားမှုနဲ့ ပေါ်ပြူလာဖြစ်ဖို့
ဖေ့စ်ဘွတ်ပေါ်မှာ တလရ သူရဲကောင်းဂိုက်ဖမ်းနေရင်
ဒုက္ခရောက်ရဦးမှာဘဲ။
ဒီအကျင့် ဒီစရိုက် ဒီစိတ်တွေကြောင့်
လူကောင်းလူမှန်တွေဆုံးရှုံး
အနာဂါတ်တွေအထိနာခဲ့ရတာ
အကြိမ်ကြိမ်ရှိခဲ့ပြီ။
ဒါလည်းမပြင်နိုင်ကြသေးဘူး။
ဆောင်းဦးလှိုင် ၁၈.၁၁.၂၀၂၁
“ ဒုကၡ “
ဒုက္ခရောက်ကြဦးမှာဘဲ။
ဒုက္ခရောက်ကြဦးမှာဘဲ။
ဒုက္ခရောက်နေဦးမှာဘဲ။
ဒုက္ခရောက်ရဦးမှာဘဲ။