ၾကားသိသမွ်

ရန်ကုန်တိုင်းPDF၂၀ကျော်အဖမ်းခံရ၊ဦးဖြိုးဇေယျာသော်သတင်း ရာနှုန်းပြည့်အတည်မပြုနိုင်သေး

ရန်ကုန်တိုင်းPDF၂၀ကျော်အဖမ်းခံရ၊ဦးဖြိုးဇေယျာသော်သတင်း ရာနှုန်းပြည့်အတည်မပြုနိုင်သေး

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ PDF ရဲဘော်၂၀ကျော်ဖမ်းဆီးခံရတာသေချာပေမဲ့ ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရတယ်ဆိုတဲ့

သတင်းကိုမူရာနှုန်းပြည့်အတည်မပြုနိုင်သေးဘူးလို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ တာဝန် ရှိသူတစ်ဦးက ဒီကနေ့မနက်မှာပြော

ပါတယ်။NLDလွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်မှာ နိုဝင်ဘာ ၁၈ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီ

အိမ်ရာကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းစဉ် အဖမ်းခံရခြင်း ဖြစ်တယ်လို့ သတင်းတချို့ကဆိုပါတယ်။

‘ကျွန်တော်တို့ရန်ကုန်တိုင်း(ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့)က၂၀ကျော်အဖမ်းခံရတာဟုတ်ပါတယ်။ကို ဇေယျာသော်သတင်း

ကတော့ သေချာပေါက်ကွန်ဖန်းမဖြစ်သေးဘူး’လို့ သူကပြောပါတယ်။


လတ်တလောအဖမ်းခံရတဲ့သူတွေထဲမှာ အမှန်တကယ်တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေပါသလို သာမန်ပြည်သူတွေကို လျှောက်ဖမ်းပြီး စစ်အုပ်စု

ထုံးစံအတိုင်း ဇာတ်လမ်းဆင်ထားတာတွေလည်း အများကြီးပါတယ်လို့ သိရပါတယ်။

PDF ရဲဘော်၂၀ကျော်ကို တစ်နေရာတည်းမှာ ဖမ်းမိခြင်းမဟုတ်ဘဲ နေရာစုံကနေဖမ်းဆီးမိတာလို့သိရပါတယ်။

‘သတင်းပေါက်တာမဟုတ်ဘူး။ကွင်းဆက်မိတာပါ။ရုတ်တရက်ကွင်းဆက်မဖြတ်နိုင်ခင် အမိခံရတာ’လို့ သူကဆက် ပြောပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပျံလွှားအောင်စစ်ဆင်ရေးကို ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း တို့မှာ ဖြန့်ကျက်တိုက်ပွဲ

ဝင်နေခြင်းဖြစ်ပြီး အခုလို PDFရဲဘော်တချို့ အဖမ်းခံရခြင်းကြောင့် တိုက်ပွဲအရှိန်ကျဆင်း သွားမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။

ပျံလွှားအောင်စစ်ဆင်ရေးကို လူသိရှင်ကြားကြေညာပြီး စစ်ရေးလှုပ်ရှားမှုတွေကိုဆောင်ရွက်နေတာဖြစ်ပေမဲ့ စစ် အုပ်စုက ပျံလွှားအောင်

စစ်ဆင်ရေးအကြောင်းလုံးဝမထုတ်ပြန်ရဲတာ ကြည့်ရင် မင်းအောင်လှိုင်စစ်တပ်ရဲ့ သွေး ပျက်နေမှုအတိုင်းအဆကိုခန့်မှန်းနိုင်မှာဖြစ်ကြောင်း

လည်း သူကဆိုပါတယ်။‘ပျံလွှားတွေရဲ့ ဒီထက်ပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ပြင်ဆင်ထားပါလို့ မင်းအောင်လှိုင်

ရဲ့အကြမ်းဖက်စစ်တပ်ကို သတင်းစကားပါးလိုက်ချင်ပါတယ်’လို့ သူကပြောပါတယ်။

ပြည်သူအတွက်စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေအတွက် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အ နေနဲ့ အမြဲဂုဏ်ယူလေးစား

နေမှာပါလို့လည်းပြောပါတယ်။

ပျံလွှားအောင်စစ်ဆင်ရေးဟာ လူအများစိတ်ဝင်စားကြတဲ့ ကြည့်မြင်တိုင်၊ဗားကရာမီးပွိိုင့်ပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်းစစ်

အုပ်စုပစ်မှတ်တွေကို အောင်မြင်စွာတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ Source;DNA