ထိပ်သီးတွေ့ဆုံပွဲ၌ စစ်ကောင်စီခေါင်းဆောင်ကို တက်ခွင့်ပေးရေး တရုတ် စည်းရုံးသော်လည်း အာဆီယံနိုင်ငံများ ပယ်ချဟု ဆို
လာမည့်အပတ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မည့် အာဆီယံ-တရုတ် ထိပ်သီးတွေ့ဆုံပွဲ၌ မြန်မာအာဏာသိမ်းစစ်
ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပေးရန် တရုတ်သံတမန်တစ်ဦးက အာဆီယံနိုင်ငံများကို စည်းရုံးခဲ့
သော်လည်း ပြင်းထန်သည့် ဆန့်ကျင်ငြင်းဆန်မှုကိုသာ ရရှိခဲ့ကြောင်း သံတမန်ရင်းမြစ်များက နိုဝင်ဘာ ၁၈ ရက်တွင် ပြောသည်ဟု ရိုက်တာ
သတင်းတစ်ပုဒ်အရ သိရသည်။
မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ
အစိုးရကို ဖြုတ်ချကာ သွေးထွက်သံယိုများသည့် ဝရုန်းသုန်းကား အခြေအနေကို ဖြစ်စေခဲ့ပြီးနောက် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုတွင် အဖွဲ့
ဝင် တစ်နိုင်ငံအဖြစ် မြန်မာ၏ ရပ်တည်မှုက အများ၏ အာရုံစိုက်စရာ ဖြစ်ထားခဲ့သည်။
မြန်မာနိုင်ငံတွင် အကျပ်အတည်းများ ဖြစ်နေပြီး ဒီမိုကရေစီ လိုလားသူအပေါ် ဖိနှိပ်မှုများနှင့်ပတ်သက်ပြီး တုန်လှုပ်ခဲ့သည့် အာဆီယံအဖွဲ့
ဝင်တချို့က မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို အာဆီယံအစည်းအဝေးများကနေ ချန်လှပ်ခြင်းအားဖြင့် စစ်ဗိုလ်ချုပ်ကြီးများကို
ဖိအားပေးရန် ကြိုးပမ်းထားခဲ့သည်။
ပြီးခဲ့သည့်လက မကြုံစဖူး ဆုံးဖြတ်ချက်တစ်ခုအဖြစ် အာဆီယံ ခေါင်းဆောင်များက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ဘဲ ချန်လှပ်မှု ပြုလုပ်ခဲ့သည်။ ၎င်းသည် အာဆီယံအထူးသံတမန်တစ်ဦးကို
အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည့် ဥပဒေပြုအမတ်များနှင့် တွေ့ဆုံခွင့်ပြုမည် ဆိုသည့် ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ခဲ့ပြီး
နောက် အာဆီယံအစည်းအဝေးကနေ ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။
ယင်းအစား အာဆီယံခေါင်းဆောင်များက နိုင်ငံရေးပိုင်းက မဟုတ်သူတစ်ဦးကိုသာ တက်ရောက်ရန် ပြောဆိုခဲ့သည်။ အဆုံးပိုင်းတွင် မြန်မာ
ဘက်က ကိုယ်စားပြုတက်မည့်သူ မရှိခဲ့ပေ။
ယခုတကြိမ်တွင်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အိမ်ရှင်အဖြစ် ဆောင်ရွက်မည့် နိုဝင်ဘာ ၂၂ ရက် တရုတ်-အာဆီယံ အစည်းအဝေး
တစ်ခုကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပိတ်ပင်ရန် အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်္ကာပူတို့က ဆန္ဒရှိခဲ့ကြကြောင်း ဒေသ
တွင်းရှိ သံတမန်ဆိုင်ရာနှင့် နိုင်ငံရေး သတင်းရင်းမြစ်လေးဦးက ပြောသည်။
“မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဘရူနိုင်းတို့က အာဆီယံ ထိပ်သီးညီလာခံကလိုပဲ တူညီတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းဖို့
သဘောတူထားကြပါတယ်” ဟု အာဆီယံနိုင်ငံတစ်ခုမှ အမည်မဖော်လိုသူ အစိုးရသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ၎င်းက မြန်မာကို
နိုင်ငံရေးပိုင်းက မဟုတ်သူတစ်ဦးကသာ ကိုယ်စားပြုစေရေး တောင်းဆိုချက်ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တီယူကူ ဖိုင်ဇက်ယာက နိုင်ငံရေးပိုင်းက မဟုတ်သူတစ်ဦး ကိုယ်စားပြုရေး ဆို
သည့် ယင်း၏ မဆုတ်မနစ်သော ရပ်တည်ချက်ကို အတည်ပြုခဲ့ပြီး ယင်းက အောက်တိုဘာ ညီလာခံမတိုင်မီ ခေါင်းဆောင်များ ပြသခဲ့သည့်
“အမြှော်အမြင်” ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆန်သည်။ စင်္ကာပူ၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနများ
ကလည်း မှတ်ချက်ပေးရန် ပန်ကြားချက်များကို လက်တလော အဖြေပေးခြင်း မရှိပေ။
အလားတူ မှတ်ချက်ပေးရန် ပန်ကြားမှုများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လက်တလော တုန့်ပြန်အဖြေပေးခြင်း မရှိပေ။
သို့သော် နိုဝင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ပြောကြားရာတွင် တရုတ်နိုင်ငံ
အနေဖြင့် မြန်မာနိုင်ငံတွင် ဆွေးနွေးမှုကနေတဆင့် နိုင်ငံရေး ဖြေရှင်းပြေလည်စေရေး ကြိုးပမ်းနေသည့် သက်ဆိုင်သူအားလုံးကို ထောက်ခံ
ကြောင်းနှင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ပြန်ရရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြန်စရေးအတွက် အားထုတ်မှုများနှင့်ပတ်သက်ပြီး
နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူ လုပ်ဆောင်သွားမည်ဟု ပြောထားခဲ့သည်။