ၾကားသိသမွ်

အီတလီမှာကျင်းပတဲ့ မြန်မာ့အရေးကွန်ဖရင့် ကုလသံအမတ်ကြီးနဲ့ဝန်ကြီးနှစ်ဦး တက်ရောက်ဆွေးနွေး

အီတလီမှာကျင်းပတဲ့ မြန်မာ့အရေးကွန်ဖရင့် ကုလသံအမတ်ကြီးနဲ့ဝန်ကြီးနှစ်ဦး တက်ရောက်ဆွေးနွေး

အီတလီနိုင်ငံ၊ပါးမားတက္ကသိုလ်မှာကျင်းပနေတဲ့ မြန်မာ့ဒီမိုကရေစီအရေးကွန်ဖရင့်မှာ သံအမတ်ကြီးဦးကျော်မိုး ထွန်းနဲ့ ဝန်ကြီးနှစ်ဦး တက်

ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။Freedom from Fear- Democracy in Myanmarခေါင်းစဉ်နဲ့ ပါးမားမြို့၊ ပါးမား တက္ကသိုလ်မှာ

နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ၂၀ ရက်အထိ ကျင်းပနေတဲ့ကွန်ဖရင့် တတိယနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ကုလသမဂ္ဂဆိုင်ရာ

အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဒေါက်တာဆာဆာနဲ့ ဒုတိယ

နိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ချက်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးက

ထုတ်ပြန် ပါတယ်။


သံအမတ်ကြီးနဲ့ဝန်ကြီးတို့ဟာ “Discontinued Democracy: The Coup in Myanmar and the Resistance” ခေါင်းစဉ်နဲ့ လက်ရှိမြန်

မာ့ နိုင်ငံရေးအခြေအနေ၊ မြန်မာစစ်တပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ၊ မြန်မာလူထုရဲ့ ဒီမိုကရေစီရေး ခုခံတွန်းလှန်မှုတွေ၊ ဒီမိုကရေစီ

ဆက်လက်ရှင်သန်ရေး၊ နိုင်ငံတကာနဲ့ဒေသတွင်းမှာ မြန်မာ့အရေးရဲ့ သက်ရောက်မှုနဲ့ နိုင်ငံတကာရဲ့ပံ့ပိုးကူညီမှု အဓိကအရေးကြီးပုံတို့ကို

ဆွေးနွေးခဲ့ကြပါတယ်။


မြန်မာ့ဒီမိုကရေစီအရေးကွန်ဖရင့်ကိုဆီနိတ်တာ Albertina Soliani၊ အီတလီ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Piero

Fassino၊ ပါးမားတက္ကသိုလ်ပါမောက္ခချုပ် Paulo Andrei၊ ပါးမားမြို့၊ မြို့တော်ဝန် Federico Pizzarotti၊ ပါးမားခရိုင် ဒုဥက္ကဋ္ဌ Giuseppe

Delsante၊ စုဖောင်ဒေးရှင်းဥက္ကဋ္ဌ Jean Todt နဲ့ အမှုဆောင်ဒါရိုက်တာ Michael Marett-Crosby တို့ တက်ရောက် အမှာစကားပြော

ကြားခဲ့ပါတယ်။

Zawgyi

အီတလီမွာက်င္းပတဲ့ ျမန္မာ့အေရးကြန္ဖရင့္ ကုလသံအမတ္ႀကီးနဲ႔ဝန္ႀကီးႏွစ္ဦး တက္ေရာက္ေဆြးေႏြး

အီတလီနိုင္ငံ၊ပါးမားတကၠသိုလ္မွာက်င္းပေနတဲ့ ျမန္မာ့ဒီမိုကေရစီအေရးကြန္ဖရင့္မွာ သံအမတ္ႀကီးဦးေက်ာ္မိုး ထြန္းနဲ႔ ဝန္ႀကီးႏွစ္

ဦး တက္ေရာက္ေဆြးေႏြးခဲ့တယ္လို႔သိရပါတယ္။Freedom from Fear- Democracy in Myanmarေခါင္းစဥ္နဲ႔ ပါးမားၿမိဳ႕၊ ပါး

မား တကၠသိုလ္မွာ နိုဝင္ဘာလ ၁၅ ရက္ေန႔ကေန၂၀ ရက္အထိ က်င္းပေနတဲ့ကြန္ဖရင့္ တတိယေန႔မွာ အမ်ိဳးသားညီညြတ္ေရးအစိုးရ ရဲ့ကု

လသမဂၢဆိုင္ရာ အျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၊ နိုင္ငံတကာပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးေဒါက္

တာဆာဆာနဲ႔ ဒုတိယနိုင္ငံျခားေရးဝန္ႀကီးဦးမိုးေဇာ္ဦးတို႔ တက္ေရာက္ေဆြးေႏြးခဲ့တယ္လို႔ခ်က္နိုင္ငံဆိုင္ရာ အမ်ိဳးသားညီညြ

တ္ေရးအစိုးရကိုယ္စားလွယ္႐ုံးက ထုတ္ျပန္ ပါတယ္။

သံအမတ္ႀကီးနဲ႔ဝန္ႀကီးတို႔ဟာ “Discontinued Democracy: The Coup in Myanmar and the Resistance” ေခါင္းစဥ္နဲ႔

လက္ရွိျမန္မာ့ နိုင္ငံေရးအေျခအေန၊ ျမန္မာစစ္တပ္ရဲ့ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ ျမန္မာလူထုရဲ့ ဒီမိုကေရစီေရး ခုခံတြန္းလွန္မႈေ

တြ၊ ဒီမိုကေရစီ ဆက္လက္ရွင္သန္ေရး၊ နိုင္ငံတကာနဲ႔ေဒသတြင္းမွာ ျမန္မာ့အေရးရဲ့ သက္ေရာက္မႈနဲ႔ နိုင္ငံတကာရဲ့ပံ့ပိုးကူညီမႈ အဓိကအေ

ရးႀကီးပုံတို႔ကို ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာ့ဒီမိုကေရစီအေရးကြန္ဖရင့္ကိုဆီနိတ္တာ Albertina Soliani၊ အီတလီ ေအာက္လႊတ္ေတာ္ နိုင္ငံျခားေရးရာ ေကာ္မတီဥကၠ႒

Piero Fassino၊ ပါးမားတကၠသိုလ္ပါေမာကၡခ်ဳပ္ Paulo Andrei၊ ပါးမားၿမိဳ႕၊ ၿမိဳ႕ေတာ္ဝန္ Federico Pizzarotti၊ ပါးမားခရိုင္ ဒုဥကၠ႒

Giuseppe Delsante၊ စုေဖာင္ေဒးရွင္းဥကၠ႒ Jean Todt နဲ႔ အမႈေဆာင္ဒါရိုက္တာ Michael Marett-Crosby တို႔ တက္ေရာက္ အ

မွာစကားေျပာၾကားခဲ့ပါတယ္။