ၾကားသိသမွ်

မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ပြီး ဇာတိမြေကို ထာဝရစွန့်ခွါသွားကြရတော့မည့် ရေလည်ကျွန်းမှ ပျူဒလန်များ

ကတိသစ္စာ တည်ကြသော သူများကြောင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ပြီး ဇာတိမြေကို ထာဝရစွန့်ခွါသွားကြရတော့မည့် ရေလည်

ကျွန်းမှ ပျူဒလန်များ

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စိုးမိုးအုပ်ချုပ်နိုင်ရန် ရည်ရွယ်ပြီး သင်တန်းဆင်းပျူဒလန်များနှင့်အတူ နိုဝင်ဘာ ၁၅ ရက်နေ့မှ

စတင်ပြီး စခများ အင်အား ၁၅၀ ဝန်းကျင်ဖြင့် ဝင်ရောက်သောင်းကြမ်းကာ ထိုးစစ်ဆင်လာခဲ့ပါသည်။

ကိုယ်ယောင်ဖျောက်တတ်သော PDF များကို အရိပ်အယောင်တောင် မမြင်မတွေ့ရဘဲ တွေ့ရာလူဖမ်းဆီးနှိပ်စက်၊ ပြည်သူများ၏ အိုးအိမ်

စည်းစိမ်ကို ခိုးယူဖျက်စီးပြီး အာဏာရူး မင်းအောင်လှိုင် ဩဇာခံစစ်တပ်မှာ အုပ်စုလိုက်သာ ဟောင်ရဲ ကိုက်ရဲသော တောခွေးရိုင်းများပမာ

ဖြစ်ကြပြီး ပြည်သူအများ၏ ရွံ့ရှာ စက်ဆုပ် မုန်းတီး အော့နှလုံးနာစရာ ဖြစ်လာခဲ့ပါသည်။


၎င်းစခများ ဆိုထားခဲ့ကြသော ပြည်သူအတွက်သစ္စာသည်လည်း မကြာမှီစူးကာ မရှု့မလှ ဘဝများနှင့် အဆုံးသတ်ကြရတော့မည်။

ရေလယ်ကျွန်းတွင် ၎င်းတို့ မည်မျှကြာအောင် စခန်းချနေနိုင်ပါမည်နည်း၊ ၎င်းတို့ဘဝများမှာ စက်ရုပ်များကဲ့သို့ အမိန့်အတိုင်း လုပ်ဆောင်နေ

ကြရပြီး ခိုင်းစေရာကို ထွက်ခွါသွားကြရမည်သာဖြစ်သည်။ကျန်နေခဲ့ကြရမည်မှာ ဇာတိမြေဖွား ဒေသခံများသာ ဖြစ်သည်။

မိမိဒေသ မိမိရပ်ရွာကို အမျှော်အမြင် အဆင်အခြင်မဲ့စွာ ပျူဒလန်လုပ်ပြီး ခေတ္တရောက်လာကြသည့် စစ်ခွေးများနှင့် ဆက်ဆံပေါင်းသင်းကာ

ရွာသူရွာသားများကို ဒုက္ခပေးခဲ့ကြသည်။ဒေသခံ ပျူဒလန်များ၏ အစီအစဉ်မှာ ရပ်ရွာအသီးသီးတွင်ရှိသော ၎င်းတို့၏ လူယုံအပေါင်းအဖော်

များနှင့် ပေါင်းကာ သင်တန်းများပေးပြီး မိမိရပ်ရွာကို အုပ်ချုပ်ရန်ရည်ရွယ်ခဲ့ကြသည်။


သို့သော်လည်း သူတို့ပျူဒလန်များထက် စိတ်ဓါတ် (morality)၊ အသိဉာဏ် (wisdom) ကအစ အစစအရာရာသာလွန်သော PDF များက

ရပ်ရွာများတွင်ရှိသော ပျူဒလန်များနှင့်ဆက်စပ်ပတ်သက်သူများကို မပါတ်သက် မဆက်ဆံပါဟု ဝန်ခံကတိများ နိုဝင်ဘာ ၉ ရက်နေ့ကစ

အားလုံးနီးပါးထံမှ တောင်းယူထားခဲ့ကြပြီးဖြစ်ပါသည်။

ပျူဒလန်မလုပ်ပါ၊ စကစများနှင့် မပါတ်သက်ပါဆိုသော ဝန်ခံကတိပေးထားကြသူ ရေလယ်ကျွန်းတွင် ၂၀၀ ဝန်းကျင်ရှိပြီး အားလုံးက ကတိ

သစ္စာတည်စွာ ပြည်သူများနှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသောကြောင့် စခနှင့်ပေါင်းပြီး ကျေးရွာအုပ်ချုပ်ရေး အစီအစဉ်ဆွဲခဲ့ကြသော

ပျူဒလန်ကောင်များ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ရပြီး ခေါ်ပြောဆက်ဆံမည့်သူမရှိ ၎င်းတို့ရောက်ရှိသောရွာတိုင်း တစ္ဆေ ကျတ်ပြင် ရွာ

များပမာ တွေ့မြင်ကြရတော့သည်။


ရေလယ်ကျွန်းမှ ဧည့်သည်အဖြစ်လာရောက်နေကြသော အကြမ်းဖက် အာဏာရူးမင်းအောင်လှိုင်၏ လက်နက်ကိုင် တောခွေးရိုင်းများ ပြန်

ထွက်သွားကြလျှင် ကတိသစ္စာတည်သော ဝန်ခံကတိပေးပို့ထားသူများ၊ PDF များ၊ CDM များနှင့် ပြည်သူများ ပြန်လည် အေးချမ်းလုံခြုံစွာ

အတူယှဉ်တွဲနေထိုင်ကာ သာယာလာမည်အမှန်ဖြစ်သော်လည်း စခများနှင့် ပေါင်းသင်းဆက်ဆံခဲ့ကြသော ပျူဒလန်များမှာ မိမိနှင့် မိမိ

မိသားစု ရှင်သန်နိုင်ရေးအတွက် မွေးရပ်မြေ ရေလည်ကျွန်းကို ထာဝရစွန့်ခွါရန်မှတပါး အခြားမရှိတော့ပါကြောင်း ရေးသားတင်ပြလိုက်ပါ

သည်။Admin Editorial (November 18, 2021)
Credit;Yso TIC