တောင်ကိုရီးယားနိုင်ငံ ချန်ဝမ်းမြို့မှ ငြိမ်းချမ်းရေးအခမ်းအနားတွင် ကိုရီးယားအဆိုတော်များနှင့်အတူ ကရင်တိုင်းရင်းသူ အဆိုတော် နော်
မာသာထူးဝါးက နွေဦးတော်လှန်ရေးသီချင်း ဂုဏ်ပြုသီဆို
တောင်ကိုရီးယားနိုင်ငံ၊ ချန်ဝမ်းမြို့တွင် ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကိုရီးယားဗုဒ္ဓဘာသာအဖွဲ့ချုပ်က ကြီးမှူးကျင်းပ
သည့် ကမ္ဘာ့ကပ်ရောဂါ COVID 19 ပပျောက်ရေးနှင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာရေးအခမ်းအနားတွင် ကိုရီးယားအဆိုတော်များနှင့်အတူ
ကရင်တိုင်းရင်းသူ အဆိုတော် နော်မာသာထူးဝါး (Wanyiwah )က မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဂုဏ်ပြုတေးသီဆိုခဲ့ကြောင်း သိရ
သည်။
ကိုရီးယားဗုဒ္ဓဘာသာ ဆရာတော်၊ ဆရာလေးများအပါအဝင် ပရိတ်သတ်များစွာ တက်ရောက်ကြသည့် အဆိုပါအခမ်းအနားတွင် တောင်ကို
ရီးယားနိုင်ငံရောက် အသက် (၁၃) နှစ်အရွယ် ကရင်တိုင်းရင်းသူ အဆိုတော် နော်မာသာထူးဝါး (Wanyiwah )က မြန်မာ့နွေဦး
တော်လှန်ရေးဂုဏ်ပြုတေး မြန်မာ့နွေဦးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးသပိတ်ကို အပတ်စဉ် ဦးဆောင်ဆောင်ရွက်နေ
ပြီး မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းနှင့် တပည့်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း မြန်မာ့နွေဦးတော်လှန်ရေးအား အခြားနိုင်ငံသားများ သိရှိစေရေးလုပ်ဆောင်မှုများ
အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးကူညီမှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။
ေတာင္ကိုရီးယားနိုင္ငံ ခ်န္ဝမ္းၿမိဳ႕မွ ၿငိမ္းခ်မ္းေရးအခမ္းအနားတြင္ ကိုရီးယားအဆိုေတာ္မ်ားႏွင့္အတူ ကရင္တိုင္းရင္းသူ အ
ဆိုေတာ္ ေနာ္မာသာထူးဝါးက ေႏြဦးေတာ္လွန္ေရးသီခ်င္း ဂုဏ္ျပဳသီဆို
ေတာင္ကိုရီးယားနိုင္ငံ၊ ခ်န္ဝမ္းၿမိဳ႕တြင္ ယေန႔ ၂၀၂၁ ခုႏွစ္ နိုဝင္ဘာလ (၁၇) ရက္ေန႔တြင္ ကိုရီးယားဗုဒၶဘာသာအဖြဲ႕ခ်ဳပ္က ႀကီးမႉး
က်င္းပသည့္ ကမၻာ့ကပ္ေရာဂါ COVID 19 ပေပ်ာက္ေရးႏွင့္ ကမၻာႀကီး ၿငိမ္းခ်မ္းသာယာေရးအခမ္းအနားတြင္ ကို
ရီးယားအဆိုေတာ္မ်ားႏွင့္အတူ ကရင္တိုင္းရင္းသူ အဆိုေတာ္ ေနာ္မာသာထူးဝါး (Wanyiwah )က ျမန္မာ့ေႏြဦးေတာ္လွန္ေရး
အတြက္ ဂုဏ္ျပဳေတးသီဆိုခဲ့ေၾကာင္း သိရသည္။
ကိုရီးယားဗုဒၶဘာသာ ဆရာေတာ္၊ ဆရာေလးမ်ားအပါအဝင္ ပရိတ္သတ္မ်ားစြာ တက္ေရာက္ၾကသည့္ အဆိုပါအခမ္းအနားတြင္
ေတာင္ကိုရီးယားနိုင္ငံေရာက္ အသက္ (၁၃) ႏွစ္အရြယ္ ကရင္တိုင္းရင္းသူ အဆိုေတာ္ ေနာ္မာသာထူးဝါး (Wanyiwah )က ျမန္
မာ့ေႏြဦးေတာ္လွန္ေရးဂုဏ္ျပဳေတး ျမန္မာ့ေႏြဦးသီခ်င္းျဖင့္ ေဖ်ာ္ေျဖခဲ့ၿပီး ျမန္မာ့ေႏြဦးေတာ္လွန္ေရးသပိတ္ကို အ
ပတ္စဥ္ ဦးေဆာင္ေဆာင္ရြက္ေနၿပီး ျမန္မာ့အေရးတက္ႂကြလႈပ္ရွားသူ ဒယ္ဂူးဘုန္းဘုန္းႏွင့္ တပည့္မ်ားလည္း တက္ေရာက္ခဲ့ၾ
ကေၾကာင္း သိရသည္။
ကိုရီးယားနိုင္ငံေရာက္ ျမန္မာနိုင္ငံသားမ်ားကလည္း ျမန္မာ့ေႏြဦးေတာ္လွန္ေရးအား အျခားနိုင္ငံသားမ်ား သိရွိေစေရးလုပ္ေဆာ
င္မႈမ်ားအပါအဝင္ နည္းလမ္းမ်ိဳးစုံျဖင့္ ပံ့ပိုးကူညီမႈမ်ား ျပဳလုပ္ေနၾကသည္ကို ေတြ႕ရသည္။