အာဏာသိမ်း စစ်ကောင်စီက ကိုဗစ် ချေးငွေ ပြန်မဆပ်တဲ့ CDM ဝန်ထမ်းတွေကို နိုင်ငံတော် ဘဏ္ဍာ အလွဲဘသုံးစားမှုနဲ့ အရေးယူနိုင်ဖို့
လျှို့ဝှက် လုပ်ဆောင်နေတယ်လို့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်ငံ့ဝန်ထမ်း ချေးငွေဟာ NLD အစိုးရလက်ထက်က ကိုဗစ်၁၉ ကပ်ရောဂါကာလမှာ ဝန်ထမ်းတွေ အဆင် ပြေအောင် ထုတ်ချေပေးခဲ့တဲ့
အတိုးမဲ့ ဝန်ထမ်း ၂ လစာ ချေးငွေ ဖြစ်ပါတယ်။စစ်ကောင်စီဟာ ချေးငွေ ပြန်မဆပ်တဲ့ CDM ဝန်တွေကို နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစား
လုပ်မှုနဲ့ အရေးယူဖို့အတွက် သက်ဆိုင်ရာဌာနအလိုက် စာရင်းပြုစုခိုင်းနေတာ ဖြစ်ပါတယ်။
CDM ဝန်ထမ်းတွေကတော့ လက်ရှိအချိန်ထိ စစ်ကောင်စီက ချေးငွေပြန်ဆပ်ဖို့ စာပို့တာ မရှိသေးပေမယ့် စာပို့လာရင်လည်း ပြန်ဆပ်မှာ
မဟုတ်ဘူးလို့ CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
“CDM ဝန်ထမ်းတွေက ချေးငွေကို ပြန်မဆပ် ကြလို့ဆိုပြီး သူတို့ကို တနည်းနည်းနဲ့ အရေးယူဖို့ လုပ်တဲ့ သ ဘောပေါ့၊ အခုက CDM
ဝန်ထမ်း စာရင်းတွေ တောင်းနေတယ်၊ သူတို့ပြောတာတော့ တချို့ကို ၅၀၅နဲ့ အရေး ယူဖို့ လုပ်ထားတဲ့ အပြင် အခု ချေးငွေ မပေးတဲ့အတွက်
နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစား လုပ်မှုနဲ့ပါ အရေးယူနိုင်ဖို့ လုပ်နေတယ်လို့ တော့ သိရတယ်”လို့ Non CDM ဝန်ထမ်း တစ်ဦးက ပြောပါ
တယ်။စစ်ကောင်စီဟာ ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေဆီကနေ နိုင်ငံဝန်ထမ်းချေးငွေကို လအလိုက် အောက်တိုဘာလကုန်က စတင် ဖြတ်
တောက်နေတာ ဖြစ်ပြီး အခုအခါမှာတော့
ချေးငွေ ပြန်မဆပ်တဲ့ CDM ဝန်ထမ်းတွေကို အရေးယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့ NLD အစိုးရလက်ထက်က
နိုင်ငံ့ဝန်ထမ်း ၄၀၀၀ ကျော် အတွက် လစာ ချေးငွေ ၁ ဒသမ ၆ ဘီလီယံ နီးပါး ထုတ်ချေးပေးထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
Zawgyi
အာဏာသိမ္း စစ္ေကာင္စီက ကိုဗစ္ ေခ်းေငြ ျပန္မဆပ္တဲ့ CDM ဝန္ထမ္းေတြကို နိုင္ငံေတာ္ ဘ႑ာ အလြဲဘသုံးစားမႈနဲ႔ အေရးယူနိုင္ဖို႔ လၽွို႔ဝွက္ လုပ္ေဆာင္ေနတယ္လို႔ Non CDM ဝန္ထမ္းေတြက သံလြင္တိုင္းမ္ကို ေျပာပါတယ္။
နိုင္ငံ့ဝန္ထမ္း ေခ်းေငြဟာ NLD အစိုးရလက္ထက္က ကိုဗစ္၁၉ ကပ္ေရာဂါကာလမွာ ဝန္ထမ္းေတြ အဆင္ ေျပေအာင္ ထုတ္ေခ်ေပးခဲ့
တဲ့ အတိုးမဲ့ ဝန္ထမ္း ၂ လစာ ေခ်းေငြ ျဖစ္ပါတယ္။စစ္ေကာင္စီဟာ ေခ်းေငြ ျပန္မဆပ္တဲ့ CDM ဝန္ေတြကို နိုင္ငံေတာ္ ဘ႑ာ အလြဲသုံးစား လုပ္မႈနဲ႔ အေရးယူဖို႔အတြက္ သက္ဆိုင္ရာဌာနအလိုက္ စာရင္းျပဳစုခိုင္းေနတာ ျဖစ္ပါတယ္။
CDM ဝန္ထမ္းေတြကေတာ့ လက္ရွိအခ်ိန္ထိ စစ္ေကာင္စီက ေခ်းေငြျပန္ဆပ္ဖို႔ စာပို႔တာ မရွိေသးေပမယ့္ စာပို႔လာရင္လည္း ျပန္ဆပ္မွာ မဟုတ္ဘူးလို႔ CDM ဝန္ထမ္း တစ္ဦးက ေျပာပါတယ္။
“CDM ဝန္ထမ္းေတြက ေခ်းေငြကို ျပန္မဆပ္ ၾကလို႔ဆိုၿပီး သူတို႔ကို တနည္းနည္းနဲ႔ အေရးယူဖို႔ လုပ္တဲ့ သ ေဘာေပါ့၊ အခု
က CDM ဝန္ထမ္း စာရင္းေတြ ေတာင္းေနတယ္၊ သူတို႔ေျပာတာေတာ့ တခ်ိဳ႕ကို ၅၀၅နဲ႔ အေရး ယူဖို႔ လုပ္ထားတဲ့ အျပင္ အခု ေခ်းေငြ မေပးတဲ့အတြက္
နိုင္ငံေတာ္ ဘ႑ာ အလြဲသုံးစား လုပ္မႈနဲ႔ပါ အေရးယူနိုင္ဖို႔ လုပ္ေနတယ္လို႔ ေတာ့ သိရတယ္”လို႔ Non CDM ဝန္ထမ္း တစ္ဦးက ေျပာပါတယ္။
စစ္ေကာင္စီဟာ ႐ုံးျပန္တက္တဲ့ ဝန္ထမ္းေတြဆီကေန နိုင္ငံဝန္ထမ္းေခ်းေငြကို လအလိုက္ ေအာက္တိုဘာလကုန္က စတင္ ျဖတ္ေတာက္ေနတာ ျဖစ္ၿပီး အခုအခါမွာေတာ့
ေခ်းေငြ ျပန္မဆပ္တဲ့ CDM ဝန္ထမ္းေတြကို အေရးယူဖို႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။မြန္ျပည္နယ္မွာေတာ့ NLD အစိုးရလက္ထက္က နိုင္ငံ့ဝန္ထ
မ္း ၄၀၀၀ ေက်ာ္ အတြက္ လစာ ေခ်းေငြ ၁ ဒသမ ၆ ဘီလီယံ နီးပါး ထုတ္ေခ်းေပးထားတာ ျဖစ္ပါတယ္။
သတင္း – သံလြင္တိုင္းမ္