NUG အောင်မြင်လာလေ စစ်ကောင်စီ မျက်မုန်းကျိုးလေဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြော
NUGအစိုးရကို အမည်ပျက်အောင်လုပ်ကြံဖန်တီးမှုတွေ ရှိလာတယ်လို့ဆို
NUG အစိုးရရဲ့ လုပ်ဆောင်ချက်တွေအောင်မြင်လာလေ စစ်ကောင်စီက မျက်မုန်းကျိုးကာ အဖျက်အမှောင့် လုပ်ငန်းတွေပိုမို လုပ်ဆောင်
လာလေဖြစ်နေမှာ ဖြစ်ကြောင်း၊ ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက်က အွန်လိုင်းကနေ ကျင်းပရာမှာ ပြောကြားသွားတာလို့ NUG
က သတင်းထုတ်ပြန်ပါတယ်။
ယာယီသမ္မတကြီး ဒူဝါလရှီးလက “NUGအစိုးရရဲ့ လုပ်ဆောင်ချက်တွေအောင်မြင်လာလေ စစ်ကောင်စီက မျက်မုန်းကျိုးကာ အဖျက်
အမှောင့် လုပ်ငန်းတွေပိုမို လုပ်ဆောင်လာလေဖြစ်နေမှာ ဖြစ်တယ်။ စစ်ကောင်စီက သူတို့ကို ထောက်ခံတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို
အသုံးပြုပြီး NUGအစိုးရကို အမည်ပျက်အောင် လုပ်ကြံဖန်တီးလာနေတယ်၊ သူတို့နဲ့ အဆင်ပြေတဲ့ နိုင်ငံတကာမှ ပုဂ္ဂိုလ် တချို့ကို
ဖိတ်ကြားကာ ဆက်ဆံပြနေတာတွေ့မြင်ရတယ်” လို့ ပြောပါတယ်။
တချို့ ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံအရေးကို စစ်ကောင်စီနဲ့ပူးပေါင်း ဖြေရှင်းနည်းကို ကျင့်သုံးချင်ကြဆဲဖြစ်ကြောင်း၊ တကယ်တော့မြန်မာ့
အရေးကို မြန်မာ ပြည်သူလူထုကသာ ဖြေရှင်းနိုင်တယ် ဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်တတ်ဖို့ လိုကြောင်း၊ ပြည်သူလူထုကိုယ်စားNUG
အစိုးရပါဝင်ရမှာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ပြည်သူလူထု အကျိုးစီးပွါးကို ဦးထိပ်ထားပြီး၊ တရားမျှတမှု၊ ဖယ်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေး၊ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပိုမိုတိုးတက်လာအောင် ဆက်လက်ကြိုးပမ်းသွားကြရမှာ ဖြစ်ကြောင်း
ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဒီတပတ်အတွင်းမှာ အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ မူဝါဒကို ထုတ်ပြန်
နိုင်ခဲ့ကြောင်း၊ ပြည်သူတွေကို သတ်နေတဲ့လက်နက်တွေအတွက် စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့ပစ်နိုင်ဖို့လိုအပ်ကြောင်း၊ ပြည်
သူတွေရဲ့ပူးပေါင်းမှုက အရေးကြီးသလို နိုင်ငံတကာအနေနဲ့လည်း အဓိကကဏ္ဍကြီး ၃ခုဖြစ်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတွင်း
ကဏ္ဍ နဲ့ဘဏ်လုပ်ငန်းတွေမှာ ထိထိရောက်ရောက် ဖိအားပေးဒဏ်ခတ်ပေးဖို့ လိုအပ်နေကြောင်း ပြောပါတယ်။
တရားရေးဝန်ကြီးဌာနအနေနဲ့ ကြားကာလ တရားရေးဆိုင်ရာကိစ္စရပ်တွေ စီမံဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့
တရားရေးဝန်ထမ်းများ အဖွဲ့အစည်းရဲ့ ယာယီအလုပ်အမှုဆောင်ကော်မတီကို နိုဝင်ဘာ ၁၀ ရက်နေ့က ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုကာလက တရားရေးဆိုင်ရာကိစ္စတွေ ထိထိရောက်ရောက်စီမံနိုင်ဖို့ အရေးကြီးတဲ့အချိန် ရောက်နေပြီမို့ တချို့နယ်မြေတွေမှာ ကျေးရွာ
တွေ ၊ တိုက်နယ်တွေရဲ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ စီမံမှုတွေအတွက် အင်မတန်အရေးကြီးတဲ့ တရားရေးကဏ္ဍနဲ့ အချိတ်အဆက် မိမိ
လုပ်ဆောင်နိုင်ဖို့လိုအပ်ကြောင်း၊ ဘယ်ဒေသကိုပဲဖြစ်ဖြစ် အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေလုပ်တော့မယ်ဆိုရင် ကာကွယ်ရေးရဲ့လုပ်ငန်း
စီမံချက်နဲ့ ပြည်ထဲရေးရဲ့လုပ်ငန်းစီမံချက်တွေ အချိတ်အဆက်မိနေဖို့က အရေးကြီးတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါ
တယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံရဲ့သမိုင်းတစ်လျှောက် ဒီလို စုစုစည်းစည်း
ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ ဂုဏ်ယူစရာကောင်းတဲ့သမိုင်းတစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ မတူညီတဲ့ နောက်ခံတွေကလာကြတာမို့ လွယ်
လွယ်ကူကူ နဲ့တော့ ယခုလို စုစည်းမှုမျိုးရရှိခဲ့တာတော့မဟုတ်ပေမယ့် အပြန်အလှန်ယုံကြည်မှုတွေ နားလည်မှုတွေနဲ့ အဓိကပန်းတိုင် ၂ ခု
ဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးဖော်ပေါက်နိုင်ရေးဆိုတဲ့ ပန်းတိုင်တွေကို ညီညီညာညာ နဲ့
အတူတကွ ဆက်လက် ချီတက်သွားကြဖို့ ပြောကြားခဲ့တယ်လို့ NUG ထုတ်ပြန်ချက် အရ သိရပါတယ်။ KNA