ငါးလာဝယ်တာတဲ့ ကိုကြီး ဒီငါးလေး ဘယ်လောက်လဲတဲ့ ၂၅၀၀၀ လို့ပြောလိုက်တော့ မျက်လုံပြူးသွားတယ်အဲ့တာဆို ၂၀၀၀ တန်ထဲကပြ
ပေးတဲ့ ၄ ယောက်ကို၂၀၀၀ ပဲ ပါတယ်တဲ့ အေးကွာ ကြိုက်တာ တစ်စုံရွေးလိုက် ၂၀၀၀ ကွာ ဆိုတော့ “ဟာ တကယ်လားတဲ့”
အေးကွာ မင်းတို့မို့လျော့ပေးတာဆိုတော့ သူတို့ သေချာရွေးတယ် နာရီဝက်လောက် ကြာတယ် 🤣
ငါးလဲ ရွေးပီးရောကန်တစ်လုံးလောက် ရောင်းပေးပါတဲ့ သားပိုက်ဆံကို ၂ ရက် ခွဲပေးပါ့မယ်တဲ့
ရော့ပါကွာလို့ ကန်ရော ငါးရော လက်ဆောင်ကွာဆိုတော့ ပျော်ပီး ထခုန်ကြတယ် ဆိုင်ထဲကို ဆူညံလို့
နေပါဦးလို့ မင်းတို့ကို ချစ်လို့ အမှတ်တရ ပုံရိုက်ဦးမယ်ဆိုတော့ သားတို့က ရှက်တတ်တယ် မြန်မြန်ရိုက်နော်တဲ့
အေးပါ ” မင်းသား ” တို့ရယ်လို့ တစ်ပုံထဲပါဟ လို့ ငါးရွေးနေတဲ့ ပုံတောင် ခိုးရိုက်လိုက်ရတာ ဆရာတို့က ရှက်တယ်ဆိုလို့
နေဦးကွာလို့ ပိုက်ဆံမပေးရင်နေ လက်ထဲက မုန့်တော့
ငါ့ကိုကျွေးခဲ့ကွာ ဆိုတော့ နောက်ထပ်စားမယ်ဆို ထပ်ဝယ်ပေးဦးမယ်တဲ့ တော်တော်ပျော်နေကြတာ
တစ်ခြားငါးဆိုင်သွားတာ အလကား ကိုမပေးဘူးတဲ့ ငါးဆိုင်တိုင်းက အလကားပေးရမှာလားလို့ မင်းတို့ကလဲဆိုတော့ ဟဲဟဲဟဲ တဲ့ 🤣
ဝါသနာရှင် Customers အကြီးစားတေ ကန် ၁ လုံး / ငါး တစ်စုံ “Free” နဲ့ ဝယ်သွားပါပီ
နောက်လဲ လာရောက် အားပေးပါဦးလို့ ဆရာကြီးတို့ တစ်သိုက်ဆိုတော့ “စိတ်ချကိုကြီးတဲ့” 🤣
ငါတော့ ကုန်ပါပီ 🤧😂 ပုံထဲမှာ ငါးတစ်ကောင် ၂၅၀၀၀ ပြောလို့ မျက်လုံးပြူး
သွားကြတယ် 😂 ဝါသနာရှင်လေးတွေ မုန့်မစားပဲ မုန့်ဖိုးစုပီး ငါးလာဝယ်တာဆိုတော့ Free ပေးလိုက်တယ်
ဝါသနာရှင်လေးတွေ ဆက်လက် တိုးပွားကြပါစေဗျာ ❣️ Credit;
Zawgyi
ငါးလာဝယ္တာတဲ့ ကိုႀကီး ဒီငါးေလး ဘယ္ေလာက္လဲတဲ့ ၂၅၀၀၀ လို႔ေျပာလိုက္ေတာ့ မ်က္လုံျပဴးသြားတယ္အဲ့တာဆို ၂၀၀၀ တန္ထဲကျပေပး
တဲ့ ၄ ေယာက္ကို၂၀၀၀ ပဲ ပါတယ္တဲ့ ေအးကြာ ႀကိဳက္တာ တစ္စုံေရြးလိုက္ ၂၀၀၀ ကြာ ဆိုေတာ့ “ဟာ တကယ္လားတဲ့”
ေအးကြာ မင္းတို႔မို႔ေလ်ာ့ေပးတာဆိုေတာ့ သူတို႔ ေသခ်ာေရြးတယ္ နာရီဝက္ေလာက္ ၾကာတယ္ 🤣
ငါးလဲ ေရြးပီးေရာကန္တစ္လုံးေလာက္ ေရာင္းေပးပါတဲ့ သားပိုက္ဆံကို ၂ ရက္ ခြဲေပးပါ့မယ္တဲ့
ေရာ့ပါကြာလို႔ ကန္ေရာ ငါးေရာ လက္ေဆာင္ကြာဆိုေတာ့ ေပ်ာ္ပီး ထခုန္ၾကတယ္ ဆိုင္ထဲကို ဆူညံလို႔
ေနပါဦးလို႔ မင္းတို႔ကို ခ်စ္လို႔ အမွတ္တရ ပုံရိုက္ဦးမယ္ဆိုေတာ့ သားတို႔က ရွက္တတ္တယ္ ျမန္ျမန္ရိုက္ေနာ္တဲ့
ေအးပါ ” မင္းသား ” တို႔ရယ္လို႔ တစ္ပုံထဲပါဟ လို႔ ငါးေရြးေနတဲ့ ပုံေတာင္ ခိုးရိုက္လိုက္ရတာ ဆရာတို႔က ရွက္တယ္ဆိုလို႔
ေနဦးကြာလို႔ ပိုက္ဆံမေပးရင္ေန လက္ထဲက မုန႔္ေတာ့
ငါ့ကိုေကၽြးခဲ့ကြာ ဆိုေတာ့ ေနာက္ထပ္စားမယ္ဆို ထပ္ဝယ္ေပးဦးမယ္တဲ့ ေတာ္ေတာ္ေပ်ာ္ေနၾကတာ
တစ္ျခားငါးဆိုင္သြားတာ အလကား ကိုမေပးဘူးတဲ့ ငါးဆိုင္တိုင္းက အလကားေပးရမွာလားလို႔ မင္းတို႔ကလဲဆိုေတာ့ ဟဲဟဲဟဲ တဲ့ 🤣
ဝါသနာရွင္ Customers အႀကီးစားေတ ကန္ ၁ လုံး / ငါး တစ္စုံ “Free” နဲ႔ ဝယ္သြားပါပီ
ေနာက္လဲ လာေရာက္ အားေပးပါဦးလို႔ ဆရာႀကီးတို႔ တစ္သိုက္ဆိုေတာ့ “စိတ္ခ်ကိုႀကီးတဲ့” 🤣
ငါေတာ့ ကုန္ပါပီ 🤧😂 ပုံထဲမွာ ငါးတစ္ေကာင္ ၂၅၀၀၀ ေျပာလို႔ မ်က္လုံးျပဴး
သြားၾကတယ္ 😂 ဝါသနာရွင္ေလးေတြ မုန႔္မစားပဲ မုန႔္ဖိုးစုပီး ငါးလာဝယ္တာဆိုေတာ့ Free ေပးလိုက္တယ္
ဝါသနာရွင္ေလးေတြ ဆက္လက္ တိုးပြားၾကပါေစဗ်ာ ❣️ Credit;