၀န်ကြီးများ ပါလာသည့် စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းကျဆုံး ဟုဆို
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ဝန်ကြီးျမား ပါလာသည့် ကားရွစ်စီးပါ စစ်ကောင်စီယာ ဉ်ဉ်တန်းအားဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်
က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းကဆြုံးသွားသည်ဟု ပုသိမ်အေနာက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(PWDF)တာဝန်ရွိသူက ပြောသည်။
ချောင်းသာ-ပုသိမ် ကားလမ်းအတိုင်း ပုသိမ်မြို့ဘက်သို့ပြန်လာသော ထိုယာဉ်တန်းကို ခြောက်ကောင်ကျေးရွာ တောင်သာယာကုန်းအနီး
တွင် နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်အချိန်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းက
ဆိုသည်။
“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ပူးပေါင်းပြီး တောင်သာယာကုန်းနားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းခွဲပြီး ငါးမိနစ်
လောက် အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောက်စီတပ်သား ၁၀ ယောက်ထက်မနည်း ကျသွားပါတယ်။ ကျွန်တော်တို့ဘက်ကတော့
အထိအခိုက် မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု PWDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုယာဉ်တန်းတွင် ချောင်းသာ ကမ်းခြေ Azura Hotel ရှေ့ကမ်းခြေတွင် ပြုလုပ်ခဲ့သည့် ချောင်းသာကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲ
အခမ်းအနားမှ ပြန်လာသော ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် ဧရာဝတီ တိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့
လိုက်ပါလာသည်ဟု ဒေသခံများက ပြောသည်။
တိုက်ခိုက်မှုကို ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PWDF) ၊မြစ်ဝ ကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု ၊ Beach
Defance Force နှင့် ဧရာဝတီတောဝက်တို့ လေးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဝန်ကြီး နှစ်ယောက်တော့ ထိသွားလား ၊ မထိသွားလားဆိုတာ အတည်ပြုလို့မရသေးပါဘူး “ဟု မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး
တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုများအပြီး နာရီဝက်ခန့်အကြာ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် ပုသိမ်မှ စစ်ကားနှင့် ရဲကား အစီး ၄၀ ခန့် သည် ပစ်ခတ်
ခဲ့မှုများ ဖြစ်ပေါ်ခဲ့သော ပုသိမ်-ချောင်းသာ ကားလမ်းပေါ်ရှိ တောင်သာယာကုန်းဘက်သို့ လက်နက်အပြည့်အစုံဖြင့် မောင်းနှင်သွားကြပြီး
ကားလမ်းဘေး သစ်တောများအတွင်း စစ်ကောင်စီတပ်သားများနှင့် ရဲများက တောနင်းရှာဖွေခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ျမားသည် အနီးဝန်းကျင် ကြေးရွာျမားနွင့် ရွောပြာကြေးရွာကို ဝင်ရောက်ရွာဖွေမှုျမား လုပ်ဆောင်ခဲ့ပြီး ဒေသခံ
ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးကာ ပုသိမ်-ေျခာင်းသာ ကားလမ်းတစ်လြှောက် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာ ဉ်ျမားကိုပါ
ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။
“မနက်က ေျခာင်းသာကအပြန် လမ်းမွာစစ်တာ အကြိမ်ကြိမ်ပဲ။ ဥတိုတံတားမွာတစ်ခကြ် ၊ ေျခာင်းသာ-ငွေဆောင်လမ်းခွဲ လမ်းဆုံ
က ဂျမ်းပုံဆိုင်နားမွာတစ်ခကြ် ၊ ရွောပြာနားမွာ တစ်ခကြ် ၊ သာပေါင်းလမ်းခွဲမွာ ရော ၊ ပုသိမ်တံတားမွာတော့ အသားကုန်စစ်တာ အကုန်
မွွေနွောက်ရွာတယ်။ မွတ်ပုံတင်တွေ စစ်တယ် ။ ဘယ်မွာတည်းခဲ့တာလဲ၊ ဘယ်ကလာပြီး ဘယ်တုန်းကေရာက်တာလဲ စုံနေတာပဲ။ မ
သင်္ကာတဲ့ကားဆိုရင် ဆက်မသွားခိုင်းဘူး ။ဘေးချရပ်ခိုင်းထားတယ်။၊ ဒီရက်တွေထဲ ေျခာင်းသာ၊ ငွေဆောင်ဘက်ကို မသွားတာ အေကာ
င်းဆုံးပဲ”ဟု ေျခာင်းသာကမ်းခြေမွ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရွိလာသူ ယာ ဉ်မောင်းတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးယာဥ္တန်း ပစ်ခတ်ခံရသည့် ဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရရွိသူ အရေအတွက်ကိုမူ အတည်မပြုနိုင်သေး
ပေ။ တောင်ပေါ်စစ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရသူ စစ်သား ငါးဦးခန့်ရွိသည်ဟုဆိုသည့် အတည်ပြုခကြ်ကိုသာ စစ်ဆေးရုံနွင့်
နီးစပ်သည့် အသိုင်းအဝန်းမွ အတည်ပြုခကြ်ရရွိထားသည်။ Source;mizzima