ၾကားသိသမွ်

ဒန်နီဖန်စတာကို ပြန်လွှတ်ပေးရတဲ့ အကြောင်းရင်းကို ဇော်မင်းထွန်း ဖြေရှင်း

အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ပေးလိုက်တာဟာ အမေရိကန်နဲ့ ဆက်ဆံရေးတိုးတက်အောင်

ကြိုးပမ်းတာမဟုတ်ဘူးလို့ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒန်နီဖန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ပြီး ၃ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ဘယ်လိုအပေးအယူရှိခဲ့

လဲ၊ နောက်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်စေချင်တာကြောင့်လား ဆိုပြီး မေးမြန်းခဲ့တဲ့အပေါ် သူက အခုလိုပြောဆိုခဲ့တာ

ဖြစ်ကြောင်း ဘီဘီစီ သတင်းမှာဖော်ပြထားပါတယ်။


”အဲဒီလောက်မမျှော်လင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် ကျွန်တော်တို့ နိုင်ငံခြားရေးမူက ကမ္ဘာ့နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီး

စွာ ဆက်ဆံမယ်ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့က ဒီတစ်ယောက်ကို လွှတ်ပေးလိုက်ရုံနဲ့ အမေရိကန်နဲ့ဆက်ဆံရေး ပြေလည်မယ်လို့

မျှော်လင့်စရာအကြောင်းမရှိပါဘူး။ အဲဒီမျှော်လင့်ချက်နဲ့လုပ်တာမဟုတ်ပါဘူး။”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။


ဂျပန်-မြန်မာအသင်းက မစ္စတာဝါတာနာဘေး၊ မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနဲ့ အမေရိကန်

သံတမန်ဟောင်း ဘေလ်ရစ်ချက်ဆန်တို့ရဲ့မေတ္တာရပ်ခံချက်ကြောင့်သာ ပြန်လွှတ်ပေးခဲ့တာလို့လည်း သူကပြောပါတယ်။

Frontier Myanmar သတင်းဌာနတွင် လုပ်ကိုင်ခဲ့သူ Danny Fenster သည် မေလ ၂၄ ရက်နေ့က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့ ပြန်

ရန်ကြိုးစားနေစဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးထားမှု ရက်ပေါင်း ၁၇၆ ရက်အကြာတွင် ပြန်လည်

လွတ်မြောက်လာခြင်းဖြစ်သည်။


အာဏာသိမ်းပြီးကတည်းက ပြည်တွင်းမှာ ဖမ်းဆီးခံထားရတဲ့သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ ရှိ၊ မရှိကိုတော့ ဆူပူဆန္ဒပြမှုနဲ့

အကြမ်းဖက်မှုတွေမှာ ဦးဆောင်ဦးရွက်ပြုတာ၊ လှုံ့ဆော်တာမဟုတ်တဲ့သူ၊ ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူမဟုတ်ဘူးဆိုရင် စိစစ်ပြီး ပြန်

လွှတ်ပေးတာရှိသလို နောက်ပိုင်းမှာလည်း ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုပြီး သူက ပြန်ပြောထားပါတယ်။