ၾကားသိသမွ်

မုံရွာPDFကို ခမရ(၁၆)တပ်ထဲက ငွေလှူတဲ့သတင်း အကြမ်းဖက်စစ်တပ်တွင်း ရိုက်ခတ်မှုပြင်း

မုံရွာPDFကို ခမရ(၁၆)တပ်ထဲက ငွေလှူတဲ့သတင်း အကြမ်းဖက်စစ်တပ်တွင်း ရိုက်ခတ်မှုပြင်း

စစ်ကိုင်းတိုင်း၊မုံရွာအခြေစိုက် ခမရ(၁၆)က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မုံရွာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ကို ငွေကျပ်၅သိန်း

လှူဒါန်းခဲ့တယ်ဆိုတဲ့သတင်းဟာ အကြမ်းဖက်စစ်တပ်အတွင်း ဂယက်ကြီးမားစွာရိုက်ခတ်နေ တယ်လို့အငြိမ်းစားတပ်မတော်အရာရှိကြီး

တစ်ဦးကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကို စွန့်ခွါပြီး ပြည်သူ့ရင်ခွင်ဝင်လာတဲ့ တပ်မတော်သားတွေ တဖြည်းဖြည်းများလာတဲ့အချိန် မှာ

အခုလို ငွေလှူတဲ့သတင်းက အကြမ်းဖက်စစ်တပ်အတွင်း မေးခွန်းများစွာနဲ့ ရိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

‘တချို့တွေက ဒီသတင်းဟာတကယ့်အမှန်လားပေါ့။သံသယရှိကြတယ်။တချို့ကလည်းဒီသတင်းမှန်တယ်၊ငါတို့ လည်းတစ်ခုခုစဉ်းစားရ

တော့မယ်ဆိုတာမျိုးဖြစ်လာတယ်’လို့ သူကပြောပါတယ်။

ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာတစ်ခုဖြစ်တဲ့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူက ခမရ(၁၆)က မုံရွာPDF

ကိုငွေလှူတဲ့သတင်းဟာ မှန်ကန်ကြောင်း အတည်ပြုပါတယ်။‘ဒီသတင်းဟာ လုံးဝမှန်ကန်တဲ့သတင်းပါ’လို့ သူကပြောပါတယ်။

မုံရွာPDFကထုတ်ပြန်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာထဲမှာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး ၊ပြည်သူ့အာဏာပြည်သူ့ထံ အပ်နှံနိုင်ရေးနဲ့

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ် တည်ဆောက်နိုင်ရေးဦးတည်ချက်နဲ့တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေအတွက်မြန်မာကျပ်ငွေ၅သိန်း

ကျပ်တိတိ ကို ပံ့ပိုးကူညီပေးတဲ့မုံရွာအခြေစိုက် ခမရ(၁၆)ကို အထူးကျေးဇူးတင်ကြောင်း နိုဝင်ဘာ၁၅ရက်နေ့ကထုတ်ပြန်ပါတယ်။

ဒါ့အပြင် မုံရွာအခြေစိုက် ခမရ (၁၆) ကကြင်သူသက်ထားဇနီးမယား (၁၆) ဦးကို အထူးကျေးဇူးတင်ရှိပါကြောင်း လည်းဖော်ပြထားပါတယ်။

ခမ၇(၁၆)ဟာတပ်မ၃၃ လက်‌ေအာက်ခံဖြစ်ပြီး မုံရွာမြို့၊အောင်ချမ်းသာရပ်ကွက်၊မုံရွာဂေါက်ကွင်းဘေး၊မုံရွာ-ရေဦးလမ်းဘေးမှာတည်ရှိပါတယ်။

Zawgyi

မုံရြာPDFကို ခမရ(၁၆)တပ္ထဲက ေငြလႉတဲ့သတင္း အၾကမ္းဖက္စစ္တပ္တြင္း ရိုက္ခတ္မႈျပင္း

စစ္ကိုင္းတိုင္း၊မုံရြာအေျခစိုက္ ခမရ(၁၆)က စစ္အာဏာရွင္ျပဳတ္က်ေရးအတြက္ မုံရြာျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ ကို ေငြက်ပ္၅သိန္း

လႉဒါန္းခဲ့တယ္ဆိုတဲ့သတင္းဟာ အၾကမ္းဖက္စစ္တပ္အတြင္း ဂယက္ႀကီးမားစြာရိုက္ခတ္ေန တယ္လို႔အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးတစ္ဦးကေျပာပါတယ္။

အၾကမ္းဖက္စစ္တပ္ကို စြန႔္ခြါၿပီး ျပည္သူ႔ရင္ခြင္ဝင္လာတဲ့ တပ္မေတာ္သားေတြ တျဖည္းျဖည္းမ်ားလာတဲ့အခ်ိန္ မွာ အခုလို ေငြလႉတဲ့သတင္းက အၾကမ္းဖက္စစ္တပ္အတြင္း ေမးခြန္းမ်ားစြာနဲ႔ ရိုက္ခတ္ေနတယ္လို႔ ဆိုပါတယ္။

‘တခ်ိဳ႕ေတြက ဒီသတင္းဟာတကယ့္အမွန္လားေပါ့။သံသယရွိၾကတယ္။တခ်ိဳ႕ကလည္းဒီသတင္းမွန္တယ္၊ငါတို႔ လည္းတစ္ခုခုစဥ္းစားရေတာ့မယ္ဆိုတာမ်ိဳးျဖစ္လာတယ္’လို႔ သူကေျပာပါတယ္။

ေဒသတြင္းေႏြဦးေတာ္လွန္ေရးစာမ်က္ႏွာတစ္ခုျဖစ္တဲ့ မုံရြာၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ့တာဝန္ရွိသူက ခမရ(၁၆)က မုံရြာPDF ကိုေငြလႉတဲ့သတင္းဟာ မွန္ကန္ေၾကာင္း အတည္ျပဳပါတယ္။

‘ဒီသတင္းဟာ လုံးဝမွန္ကန္တဲ့သတင္းပါ’လို႔ သူကေျပာပါတယ္။

မုံရြာPDFကထုတ္ျပန္တဲ့ ဂုဏ္ျပဳမွတ္တမ္းလႊာထဲမွာ စစ္အာဏာရွင္ အျမစ္ျပတ္ေခ်မႈန္းေရး ၊ျပည္သူ႔အာဏာျပည္သူ႔ထံ အပ္ႏွံနို

င္ေရးနဲ႔ဖက္ဒရယ္ဒီမိုကေရစီနိုင္ငံေတာ္ သစ္ တည္ေဆာက္နိုင္ေရးဦးတည္ခ်က္နဲ႔တိုက္ပြဲဝင္ေနၾကတဲ့ရဲေဘာ္ေတြအတြက္ျမန္မာ

က်ပ္ေငြ၅သိန္းက်ပ္တိတိ ကို ပံ့ပိုးကူညီေပးတဲ့မုံရြာအေျခစိုက္ ခမရ(၁၆)ကို အထူးေက်းဇူးတင္ေၾကာင္း နိုဝင္ဘာ၁၅ရက္ေန႔ကထုတ္ျပန္ပါတယ္။

ဒါ့အျပင္ မုံရြာအေျခစိုက္ ခမရ (၁၆) ကၾကင္သူသက္ထားဇနီးမယား (၁၆) ဦးကို အထူးေက်းဇူးတင္ရွိပါေၾကာင္း လည္းေဖာ္ျပထားပါတယ္။

ခမ၇(၁၆)ဟာတပ္မ၃၃ လက္‌ေအာက္ခံျဖစ္ၿပီး မုံရြာၿမိဳ႕၊ေအာင္ခ်မ္းသာရပ္ကြက္၊မုံရြာေဂါက္ကြင္းေဘး၊မုံရြာ-ေရဦးလမ္းေဘးမွာတည္ရွိပါတယ္။