ၾကားသိသမွ်

မင်းမော်ကွန်းက ကျွန်တော်တာဝန်မကျေခဲ့တဲ့ ညအတွက်အကြွေးဆပ်ပါတယ် ဆိုပြီး လွတ်မြောက်နယ်မြေမှာ ရိုက်ကူးသီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ် (ရုပ်သံ)

ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းမော်ကွန်းကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့

ရပ်တည်ခဲ့တာကြောင့် အရေးတော်ပုံမှာလည်း ပြည်သူတွေနဲ့အတူ ပြန်လည်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒ

ထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်။ အခုလိုပါဝင်ခဲ့

တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပြီး အခု လတ်တလောမှာတော့ တိမ်းရှောင်နေ ရတာပဲ ဖြစ်ပါတယ်။


အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း ရောက်ရာအရပ်မှာ တက်နိုင်တဲ့ဘက်ကနေတော်လှန်ရေးအတွက်

အားတက်သရော ပါဝင်ကူညီပေးနေတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း မင်းမော်ကွန်းက ကိုပေါက်ရေးသားပေးထားတဲ့ ” လှမ်းခဲ့တော့

သူငယ်ချင်း ” သီချင်းကို ဂစ်တာတီးပြီး ကိုယ်တိုင် သီဆိုထားတာပဲ ဖြစ်ပါတယ်။


” ~~~ အိမ်ပြန်ချိန်တွေ မရောက်သေးတော့ ငါ အားတင်းထားပါတယ်

မဆုံတာကြာပြီ ‌နှောင်ကြိုးရဲ့ အငွေ့အသက်လေးတွေလဲ

အဆင်ပြေပါစေ ဆုတောင်းရင်း အနေကြာ

မြို့ပြရဲ့အ‌ဝေးမှာ ယုံကြည်ရာကိုပွေ့ဖက်ထား

အန္တရာယ်တွေကြား ကစားဖို့ရှေ့ဆက်သွား ~~~

~~~ ရောင်နီလာလာ မလာလာ သူငယ်ချင်းရာ ရှေ့ဆက်ဖို့ကြိုးစား

ရင်ခုန်သံတူ ညီအကိုတွေလက်တွဲကာ အဆုံးထိဆက်သွားကြ

အိပ်မက်ကိုကြိုးသီ ပန်းတိုင်အရောက်ချီ

အောင်လံလွှင့်ပြီး ပြန်မယ့်လမ်းဆီ ~~~” ဆိုတဲ့ စာသားလေးတွေကို သီဆိုထားရာ မိနစ်ပိုင်းအတွင်းမှာပဲ လူကြိုက်များသွားခဲ့တဲ့ သီချင်း

လေးတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်။ ပရိတ်သတ်တွေအတွက်လည်း မင်းမော်ကွန်းသီဆိုထားတဲ့သီချင်းလေးကို ပြန်လည်နားဆင်လို့ရအောင်

မျှဝေပေးလိုက်ပါတယ်။