စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်တွေကို ဖက်ဒရယ်ပညာရေးစနစ်မှာလက်ခံမှာမဟုတ်ဘူးလို့NUG ကြေညာ
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တက္ကသို လ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေအတွက် လက်လှမ်းမီပါဝင်ဖြေ
ဆိုနိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးဆောင်ရွက်နေပြီး စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက ပြုလုပ်မယ့် တက္ကသိုလ်ဝင်တန်းစာပေးပွဲ
ရလဒ်တွေကိုဖက်ဒရယ်ပညာရေးစနစ်နဲ့အကောင်အထည်ဖော်မယ့်တက္ကသိုလ်၊ ကော်လိပ်နဲ့ကျောင်းတွေမှာ အသိအမှ တ်ပြုလက်ခံမှာ
မဟုတ်ကြောင်းဒီကနေ့နိုဝင်ဘာ ၁၅ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။
NUG ရဲ့ပညာရေးဝန်ကြီးဌာန ရဲ့ ဆွေးနွေးဆောင်ရွက်မှုတွေကိုလည်းသက်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းတွေ၊ ကိုယ် ပိုင်ကျောင်းတွေ၊
ပညာရေးဘုတ်အဖွဲ့တွေနဲ့တက္ကသိုလ်ကောင်စီတွေ၊ ဆရာ သမဂ္ဂတွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေး
အကောင်အထည်ဖော်သွား မယ်လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေနဲ့လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာစာမေးပွဲဖြေဆိုဖို့စာရင်းမပေးသွင်းတဲ့ ကျောင်းသူကျောင်းသားတွေ
ကို နောက်နှစ်တွေမှာ စာမေးပွဲဖြေဆိုခွင့်မပြုဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒါတွေကိုလည်း စိုးရိမ်ဖို့မလိုကြောင်း NUG ရဲ့ထုတ်ပြန်
ချက်ကဆိုပါတယ်။
“ အဓိကကတော့ ဒီကာလကြီးမှာ တချို့အရာတွေက ရင်းနှီးပေးဆပ်ရတာတွေ၊ဆုံးရှုံးနစ်နာရတာတွေရှိတယ်။ ပညာရေးဆိုတာ နိုင်ငံရေးရဲ့
လက်အောက်ခံပြသာနာဆိုတော့နိုင်ငံရေးမတည်ငြိမ်ရင်ပညာရေးလည်းအဆင်မပြေနိုင်တဲ့ ကျွဲကူးရေးပါအခြေအနေတော့ရှိနေမှာပဲ။
ဒီလိုအခြေအနေမှာမှ ကြားကာလပညာရေးကို တော် လှန်ရေးအင်အားစုတွေကကြိုးစားနေတယ်။NUGရဲ့ထုတ်ပြန်ချက်ကလည်း ကလေး
တွေရဲ့ပညာရေးအတွက် ကြိုးစားနေတယ်လို့ပဲမြင်ပါတယ်။ဒီလိုအခြေအနေက တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲတနိုင်ငံလုံး
အတိုင်းအတာနဲ့ ကြုံတွေ့နေရတာဖြစ်လို့
အလုံးစုံသောပညာရေးစနစ်ရဖို့ကတော့ တော်လှန်ရေးအောင်ဖို့ပဲရှိပါတယ်” လို့အခြေခံပညာရေးဝန်ထမ်းသပိတ်ကော်မတီက တာဝန်ရှိသူ
တစ်ဦးက ဘီဘီစီကိုပြောပါတယ်။လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပညာရေးဝန်ကြီးဌာနလက်အောက်ကနေ ကြားကာလ
ပညာရေးစနစ်အနေနဲ့ပညာရေးဝန်ထမ်းတွေပူးပေါင်းပြီး အိမ်တွင်းအခြေပြုပညာရေးသင်ကြားမှုနဲ့အွန်လိုင်းကတဆင့်သင်ကြားမှုတွေ
လုပ်ဆောင်ပေးနေတယ်လို့လည်း NUG ကထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း ပြည်တွင်းမငြိမ်သက်မှုအခြေအနေတွေနဲ့နေရာဒေသအခက်အခဲအရကြားကာလပညာရေးကိုလက်လှမ်းမမှီတဲ့ကျောင်းသူ
ကျောင်းသားတွေလည်းရှိနေတယ်လို့ပညာ ရေးအသိုင်းအဝိုင်းက သိရပါတယ်။စစ်ကော င်စီဘက်ကတော့ ကျောင်းသားတွေကိုကိုဗစ်
ကာကွယ်ဆေးထိုးပေးနေသလို နိုဝင်ဘာ ၁ရက်နေ့နိုင်ငံတဝန်းစာသင် ကျောင်းတွေပြန်လည်ဖွင့်လှစ်ရာမှာလည်းရန်ကုန်အပါအဝင် တိုင်း
ဒေသကြီးတွေမှာ ကျောင်းတက်ရောက်သူနည်းပါးပေမယ့်
အခုရက်ပိုင်းမှာတက်ရောက်သူတိုးလာတယ်လို့ဆိုပါတယ်။ နယ်မြို့တချို့မှာတော့ လုံခြုံရေးအခြေအနေကြောင့် မဖွင့်နိုင်သေးတဲ့ကျောင်း
အချို့တွေရှိနေသေးတယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုဖြေထားပါတယ်။လက်ရှိမှာလည်း လာမယ့်
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်
ဖြေဆိုခွင့်လျှောက်လွှာတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့ထိ နောက်ဆုံးထား လျှောက်ထားရမယ်လို့ စစ်ကောင်စီလက်အောက်က ပညာရေး
ဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။