ၾကားသိသမွ်

မြို့ပြကအသိမိတ်ဆွေတွေရဲ့ရှောင်ဖယ်လာမှုကိုရင်ဖွင့်လာတဲ့MRTVသတင်းကြေညာသူဟောင်းဦးကျော်သက်လင်

မြို့ပြကအသိမိတ်ဆွေတွေရဲ့ရှောင်ဖယ်လာမှုကိုရင်ဖွင့်လာတဲ့MRTVသတင်းကြေညာသူဟောင်းဦးကျော်သက်လင်

ဦးကျော်သက်လင်းဟာMRTVရုပ်သံဌာနကနေ စောဦးစွာCDM ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။CDM ပြုလုပ်ခဲ့ပြီးနောက်မှာ ခံယူချက်

ပြင်းထန်စွာနှင့်တိုင်းပြည်အပေါ်သစ္စာရှိတဲ့ဦးကျော်သက်လင်းဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။


အခုအချိန်မှာဆိုရင်ဦးကျော်သက်လင်းဟာ တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲနေထိုင်နေရင်း ပြောင်းလဲသွားတဲ့မြို့ပြက မိတ်ဆွေတွေရဲ့

အကြောင်းကို အခုလိုလေးရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

“သတ္တဝါတိုင်းဟာဘယ်လောက်ပဲသေးငယ်တဲ့အကောင်လေးတွေပဲဖြစ်ဖြစ်

ကိုယ့်ကိုအန္တရာယ်ပေးလာရင်…

ဥပမာ-ခြင်လေးယင်လေးတကောင်ကို

လွယ်လွယ်ဖမ်းလို့သတ်လို့မရပါဘူး။

ရိုက်ဖို့ချိန်လိုက်တာနဲ့ပျံသန်းလွတ်မြောက်သွားတာများတာပါပဲ။

ကျနော်တို့လည်းလွတ်မြောက်ဖို့အတွက်တစ်နေရာကိုစွန့်ခွါရပါတယ်။

စွန့်ချင်ခွါချင်လို့တော့ဘယ်ဟုတ်ပါ့မလည်း။

ဒါပေမယ့်ကိုယ်ကအန္တရာယ်ကြောင့်စွန့်ခွာရတဲ့အခါမြို့ပြကလူတွေကလည်းသူတို့ရပ်တည်မှုကို

ထိခိုက်လာမှာကြောင့်ကျနော့်ကိုပြန်ခွာလာကြတယ်။

ကျနော်ခန္ဓာကသာသူတို့နားကခွာခဲ့ရပေမယ့်သူတို့ကစိတ်ရောကိုယ်ပါစွန့်ပစ်ဖယ်ခွာသွားကြတဲ့အခါ….

တောထဲမှာပဲချေးမဖောက်အကြေးခွံမခွာပဲငါးကင်စားလိုက်တာကောင်းပါတယ်ဗျာ….😁😁😁

ဟိုးအရင်နေ့များကဖြစ်သည်။”

လူတွေရဲ့သဘောကတော်တော်ကြောက်စရာကောင်းတာပဲနော်။ကိုယ့်ကိုယ်လာထိမှာကြတော့ ကြောက်လိုက်ကြတာ။ဦးကျော်သက်လင်း

တစ်ယောက်လည်း ပြောင်းလဲသွားတဲ့မိတ်ဆွေတွေရဲ့စိတ်ဓာတ်ကိုကြည့်ပြီးတော်တော်လေးတရားကျနေတဲ့ပုံပါပဲ။