AC က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဝရမ်းထုတ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တရားရုံးဆီ လာရောက်ရမယ်လို့ ဆင့်ခေါ်ကာ နေအိမ်
ကိုပါ ချိပ်ပိတ်
SAC က ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဝရမ်းထုတ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ
တရားရုံးဆီ လာရောက်ရမယ်လို့ ဆင့်ခေါ်ပြီး နေအိမ်ကိုပါ ချိပ်ပိတ်ထားတယ်လို့ သိရပါတယ်။
SAC က စွပ်စွဲအမှုဖွင့်ထားတဲ့ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) ကို ဦးကျော်မိုးထွန်းကိုယ်တိုင် နို၀င်ဘာ ၃၀ ရက်နေ့မှာလာရောက်
ဖြေရှင်းဖို့ ဆင့်ခေါ်စာနဲ့ ၀ရမ်းကပ်ဖို့ အမိန့်စာတို့ကို ဇမ္ဗူသီရိမြို့နယ်တရားရုံးက တရားသူကြီး ဦးမောင်မောင်လွင်က အောက်တိုဘာ ၂၉
ရက်နေ့ နေ့စွဲနဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။
နို၀င်ဘာ ၁၀ ရက်နေ့မှာ SAC က ဦးကျော်မိုးထွန်းရဲ့ အိမ်ကို ဆင့်ခေါ်စာပို့ပြီး အိမ်က ပစ္စည်းတွေကို ၀ရမ်းကပ်ကာ အိမ်ကို ချိပ်ပိတ်ထား
တာ ဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းရဲ့နေအိမ်မှာ အသက် ၈၀ အရွယ် မိဘနှစ်ယောက်နေတာဖြစ်ပြီး လက်တလော တိမ်းရှောင်နေရတာကြောင့် အိမ်မှာလူမရှိ
ပေမယ့် SAC တပ်တွေက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
၀ရမ်းလာကပ်သူတွေက ဦးကျော်မိုးထွန်းနေအိမ်မှာရှိတဲ့ ပစ္စည်းတွေကို ယူဆောင်သွားကြပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း
SAC တပ်တွေက ခြံဝန်းတံခါးနဲ့ အိမ်ရှေ့တံခါးတို့ကို သံဖြတ်ကပ်ကြေးနဲ့ ဖြတ်၀င်ကာ ပစ္စည်းတွေ ယူဆောင်သွားဖူးတယ်လို့လည်း သိရပါ
တယ်။
Zawgyi
AC က သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဝရမ္းထုတ္ၿပီး နိုဝင္ဘာလ ၃၀ ရက္ေန႔မွာ တရား႐ုံးဆီ လာေရာက္ရမယ္လို႔ ဆင့္ေခၚကာ ေနအိမ္ကိုပါ ခ်ိပ္ပိတ္
SAC က ကုလဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဝရမ္းထုတ္ၿပီး နိုဝင္ဘာလ ၃၀ ရက္ေန႔မွာ တရား႐ုံးဆီ လာေရာက္ရမယ္လို႔ ဆင့္ေခၚၿပီး ေနအိမ္ကိုပါ ခ်ိပ္ပိတ္ထားတယ္လို႔ သိရပါတယ္။
SAC က စြပ္စြဲအမႈဖြင့္ထားတဲ့ မတရားအသင္းအက္ဥပေဒပုဒ္မ ၁၇(၁) ကို ဦးေက်ာ္မိုးထြန္းကိုယ္တိုင္ နို၀င္ဘာ ၃၀ ရက္ေန႔မွာလာေရာ
က္ေျဖရွင္းဖို႔ ဆင့္ေခၚစာနဲ႔ ၀ရမ္းကပ္ဖို႔ အမိန္႔စာတို႔ကို ဇမၺဴသီရိၿမိဳ႕နယ္တရား႐ုံးက တရားသူႀကီး ဦးေမာင္ေမာင္လြင္က ေအာက္တိုဘာ ၂၉ ရက္ေန႔ ေန႔စြဲနဲ႔ ထုတ္ထားတာ ျဖစ္ပါတယ္။
နို၀င္ဘာ ၁၀ ရက္ေန႔မွာ SAC က ဦးေက်ာ္မိုးထြန္းရဲ့ အိမ္ကို ဆင့္ေခၚစာပို႔ၿပီး အိမ္က ပစၥည္းေတြကို ၀ရမ္းကပ္ကာ အိမ္ကို ခ်ိပ္ပိတ္ထားတာ ျဖစ္ပါတယ္။
ဦးေက်ာ္မိုးထြန္းရဲ့ေနအိမ္မွာ အသက္ ၈၀ အရြယ္ မိဘႏွစ္ေယာက္ေနတာျဖစ္ၿပီး လက္တေလာ တိမ္းေရွာင္ေနရတာေၾကာင့္ အိမ္မွာလူမရွိေပမယ့္ SAC တပ္ေတြက ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။
၀ရမ္းလာကပ္သူေတြက ဦးေက်ာ္မိုးထြန္းေနအိမ္မွာရွိတဲ့ ပစၥည္းေတြကို ယူေဆာင္သြားၾကၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၁ ရက္ေ
န႔ကလည္း SAC တပ္ေတြက ၿခံဝန္းတံခါးနဲ႔ အိမ္ေရွ႕တံခါးတို႔ကို သံျဖတ္ကပ္ေၾကးနဲ႔ ျဖတ္၀င္ကာ ပစၥည္းေတြ ယူေဆာင္သြားဖူးတယ္လို႔လည္း သိရပါတယ္။