ၾကားသိသမွ်

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါကို ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်များဆောင်ရွက် နေသည်ဟု နစကဥက္ကဋ္ဌတွေ့ဆုံပြောဆို

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါကို ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်များဆောင်ရွက် နေသည်ဟု နစကဥက္ကဋ္ဌ

တွေ့ဆုံပြောဆို

ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း

အောင်လှိုင်တို့ နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ မှထုတ်ပြန်သော

သတင်းအရသိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ

များ၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိ ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို

အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေ အနေများနှင့်ဂျပန် နိုင်ငံမှကူညီဆောင်ရွက်ပေးလျက် ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့

ကြသည်ဟု သတင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့နောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေ အနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။ တွေ့ဆုံ

ဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌ နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပါဝင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါနှင့်အတူ

နိပွန်ဖောင်ဒေးရှင်းအမှုဆောင်အရာရှိချုပ် Mr.Yuji MORI တို့တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Zawgyi

ဂ်ပန္အထူးကိုယ္စားလွယ္ မစၥတာဆာဆာကာဝါကို ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေရး လုပ္ငန္းစဥ္မ်ားေဆာင္ရြက္ ေနသည္ဟု နစကဥကၠ႒ေတြ႕ဆုံေျပာဆို

ဂ်ပန္နိုင္ငံအစိုးရ၏ အထူးကိုယ္စားလွယ္ မစၥတာ ဆာဆာကာဝါ ႏွင့္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေ

အာင္လွိုင္တို႔ နိုဝင္ဘာ ၁၃ ရက္က ေနျပည္ေတာ္၌ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကေၾကာင္းနိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ မွထုတ္ျပန္ေသာသတင္းအရသိရသည္။

အဆိုပါ ေတြ႕ဆုံမႈတြင္ ႏွစ္နိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈတိုးျမႇင့္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ျမန္မာနိုင္ငံ၏နိုင္ငံေရး ျဖစ္ေပၚေျ

ပာင္းလဲမႈ အေျခအေနမ်ား၊ နိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္အေနျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိ ေရးအတြက္ ၿငိမ္းခ်

မ္းေရး လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနမႈ အေၿခ အေနမ်ားႏွင့္ဂ်ပန္ နိုင္ငံမွကူညီေဆာင္ရြက္ေပးလ်က္ ရွိ

သည့္အေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾကသည္ဟု သတင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ေနာက္ ႏွစ္နိုင္ငံပူးေပါင္းေဆာင္ရြက္မႈမ်ား တိုးျမႇင့္ေဆာင္ရြက္နိုင္မည့္အေၿခ အေနမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကသည္ဟုဆို

သည္။ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ နစကဥကၠ႒ ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး ပါဝင္ တ

က္ေရာက္ခဲ့ၿပီး ျမန္မာနိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ၏ အထူးကိုယ္စားလွယ္ႏွင့္ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒

မစၥတာဆာဆာကာဝါႏွင့္အတူ နိပြန္ေဖာင္ေဒးရွင္းအမႈေဆာင္အရာရွိခ်ဳပ္ Mr.Yuji MORI တို႔တက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။