ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများကို အာဏာသိမ်းမှုဖြစ်ပြီးနောက်
အမျိုးသားညီညွတ်ရေးအစိုးရ က သတ်ဖြတ်ရန် ကြံစည်နေကြောင်း ယင်းအကျိုးတော်ဆောင်များအနက် တစ်ဦးက နိုဝင်ဘာ ၈ က
သံတမန်တစ်ဦးထံ အကူညီတောင်းခံခဲ့သည့်စာ ပေါက်ကြားလာသည်။
ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက သံအမတ်တစ်ဦးထံသို့ လိပ်မူ၍ “NUG/PDF က လှမောင်ရွှေ၊ အောင်နိုင်
ဦးနှင့် မင်းဇော်ဦးတို့အပေါ် အသက်အန္တရယ်ခြိမ်းခြောက်မှု” ဟု ခေါင်းစဉ်တပ်ကာ နိုဝင်ဘာ ၈ က သံတမန်တစ်ဦးထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
A4 ၃ မျက်နှာခန့်ရှိ ယင်းစာတွင် “ခြိမ်းခြောက်မှုက တကယ်ပါ။ ကျနော်တို့ တော်တော်ကို စိုးရိမ်ထိတ်လန့်နေရပါတယ်” ဟု ဦးအောင်နိုင်ဦး
က ရေးသားထား သည်။အန်ယူဂျီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ထဲ ရေးဝန်ကြီး ဦးလွင်ကိုလတ်က ‘သတ်ဖြတ်မှု အော်ပရေရှင်း’ များကို
ကွပ်ကဲသည်ဟု ဦးဆောင်နိုင်ဦးက စွပ်စွဲထားသည်။
ထို့ပြင် “NUG/PDF က ကျူးလွန်နေတဲ့ ရည်ရွယ် သတ်ဖြတ်မှုပုံစံ ၃ မျိုးရှိပါတယ်။ တစ်မျိုးက NUG က အဓိက အော်ပရေရှင်းလုပ်တာပါ။
ဒုတိယတစ်မျိုးက သူနဲ့အပေါင်းအပါ အုပ်စုတွေက လုပ်ကြတာမျိုးပါ။ ဒီကိစ္စတွေမှာ NUG က သတင်းအချက်အလက်နဲ့ အကူ အညီတွေ
ပေးပါတယ်။ ဒါပေမယ့် အော်ပရေးရှင်းတွေကိုတော့ သူတို့ကပဲ ထိန်းချုပ်ပါတယ်။ တတိယတစ်မျိုးကတော့ ဒေသခံပီဒီအက်ဖ်တွေက
ကျူးလွန်တဲ့ သတ်ဖြတ်မှုပုံစံပါ” ဟု ထည့်သွင်းရေးသားသည်။
ဦးအောင်နိုင်ဦး၏ ယခု ပြောဆိုချက်ကို အန်ယူဂျီ၏အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ငြင်းဆို
ထားသည်။“သူ့ကို သတ်ပါ၊ ဟိုသူ့ ကိုသတ်ပါ လို့ရေးထားတဲ့ စာရင်းရှိတယ်ပြောတယ်။ အဲဒါဆို စာရင်းရှိရင်သက်သေပြပါ။ အဲဒီစာရင်းက
NUG က ဘယ်သူ့ဆီက ထွက်လာသလဲ သက်သေပြပါ။ ဒါပေမယ့် သက်သေမရှိဘူး” ဟု ဒီဗွီဘီ သတင်းဌာနနှင့် နိုဝင်ဘာ ၁၂ က မေးမြန်း
ခန်းတွင် ဒေါက်တာဆာဆာက ပြောဆိုထားသည်။
ထို့ပြင် “အခြေအမြစ် မရှိသလို လုံးဝ NUG ရဲ့ ပုံရိပ်ကို ကျအောင်၊ပျက်စီးအောင် ကြိုးစားနေတဲ့ ဟာပဲ ဖြစ်တယ်လို့ ကျနော်ထင်တယ်” ဟု
ဒေါက်တာဆာဆာက ဆိုသည်။
ဦးအောင်နိုင်ဦးက ယခုအကြောင်းအရာကို အမေရိကန်နိုင်ငံခြားရေးဌာန၊ ဥရောပသမဂ္ဂရုံးစိုက်ရာ ဘရပ်ဆဲ၊ သြစတေးလျနိုင်ငံ၊ လန်ဒန်နှင့်
အခြား သက်ဆိုင်ရာအစိုးရ အကြီးအကဲများထံလည်း ပေးပို့ပြောဆိုမည်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် NUG/PDF ကို ကူညီပေးနေသည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ဆက်သွယ်သွားမည်ဟု ရေးသားထားသည်။
Mratt Kyaw Thu
Zawgyi
ယခင္ ဦးသိန္းစိန္အစိုးရလက္ထက္က ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္အျဖစ္ ေဆာင္ရြက္ခဲ့ၾကသူမ်ားကို အာဏာသိမ္းမႈျဖစ္ၿပီးေနာက္ အမ်ိဳးသားညီညြတ္ေရးအစိုးရ က
သတ္ျဖတ္ရန္ ႀကံစည္ေနေၾကာင္း ယင္းအက်ိဳးေတာ္ေဆာင္မ်ားအနက္ တစ္ဦးက နိုဝင္ဘာ ၈ က သံတမန္တစ္ဦးထံ အကူညီေတာင္းခံခဲ့သည့္စာ ေပါက္ၾကားလာသည္။
ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္ တစ္ဦးျဖစ္သူ ဦးေအာင္နိုင္ဦးက သံအမတ္တစ္ဦးထံသို႔ လိပ္မူ၍ “NUG/PDF က လွေမာင္ေရႊ၊ ေအာင္နိုင္ဦးႏွင့္
မင္းေဇာ္ဦးတို႔အေပၚ အသက္အႏၲရယ္ၿခိမ္းေျခာက္မႈ” ဟု ေခါင္းစဥ္တပ္ကာ နိုဝင္ဘာ ၈ က သံတမန္တစ္ဦးထံ ေပးပို႔ခဲ့ျခင္းျဖစ္သည္။
A4 ၃ မ်က္ႏွာခန႔္ရွိ ယင္းစာတြင္ “ၿခိမ္းေျခာက္မႈက တကယ္ပါ။ က်ေနာ္တို႔ ေတာ္ေတာ္ကို စိုးရိမ္ထိတ္လန႔္ေနရပါတယ္” ဟု ဦးေအာင္နိုင္ဦးက ေရးသားထား သည္။
အန္ယူဂ်ီ၏ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္ထဲ ေရးဝန္ႀကီး ဦးလြင္ကိုလတ္က ‘သတ္ျဖတ္မႈ ေအာ္ပေရရွင္း’ မ်ားကို ကြပ္ကဲသည္ဟု ဦးေဆာင္နိုင္ဦးက စြပ္စြဲထားသည္။
ထို႔ျပင္ “NUG/PDF က က်ဴးလြန္ေနတဲ့ ရည္ရြယ္ သတ္ျဖတ္မႈပုံစံ ၃ မ်ိဳးရွိပါတယ္။ တစ္မ်ိဳးက NUG က အဓိက ေအာ္ပေရရွင္းလုပ္တာပါ။
ဒုတိယတစ္မ်ိဳးက သူနဲ႔အေပါင္းအပါ အုပ္စုေတြက လုပ္ၾကတာမ်ိဳးပါ။ ဒီကိစၥေတြမွာ NUG က သတင္းအခ်က္အလက္နဲ႔ အကူ အညီေတြေပးပါတယ္။
ဒါေပမယ့္ ေအာ္ပေရးရွင္းေတြကိုေတာ့ သူတို႔ကပဲ ထိန္းခ်ဳပ္ပါတယ္။ တတိယတစ္မ်ိဳးကေတာ့ ေဒသခံပီဒီအက္ဖ္ေတြက က်ဴးလြန္တဲ့ သတ္ျဖတ္မႈပုံစံပါ” ဟု ထည့္သြင္းေရးသားသည္။
ဦးေအာင္နိုင္ဦး၏ ယခု ေျပာဆိုခ်က္ကို အန္ယူဂ်ီ၏အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီး ေဒါက္တာဆာဆာက ျငင္းဆိုထားသည္။
“သူ႔ကို သတ္ပါ၊ ဟိုသူ႔ ကိုသတ္ပါ လို႔ေရးထားတဲ့ စာရင္းရွိတယ္ေျပာတယ္။ အဲဒါဆို စာရင္းရွိရင္သက္ေသျပပါ။ အဲဒီစာရင္းက NUG က ဘယ္သူ႔ဆီက ထြက္လာသလဲ သက္ေသျပပါ။
ဒါေပမယ့္ သက္ေသမရွိဘူး” ဟု ဒီဗြီဘီ သတင္းဌာနႏွင့္ နိုဝင္ဘာ ၁၂ က ေမးျမန္းခန္းတြင္ ေဒါက္တာဆာဆာက ေျပာဆိုထားသည္။
ထို႔ျပင္ “အေျခအျမစ္ မရွိသလို လုံးဝ NUG ရဲ့ ပုံရိပ္ကို က်ေအာင္၊ပ်က္စီးေအာင္ ႀကိဳးစားေနတဲ့ ဟာပဲ ျဖစ္တယ္လို႔ က်ေနာ္ထင္တယ္” ဟု ေဒါက္တာဆာဆာက ဆိုသည္။
ဦးေအာင္နိုင္ဦးက ယခုအေၾကာင္းအရာကို အေမရိကန္နိုင္ငံျခားေရးဌာန၊ ဥေရာပသမဂၢ႐ုံးစိုက္ရာ ဘရပ္ဆဲ၊ ၾသစေတးလ်နိုင္ငံ၊ လန္ဒန္ႏွင့္ အျခား သက္ဆိုင္ရာအစိုးရ အႀကီးအကဲမ်ားထံလည္း ေပးပို႔ေျပာဆိုမည္ျဖစ္သည္ဟု ဆိုသည္။
ထို႔ျပင္ NUG/PDF ကို ကူညီေပးေနသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားကိုလည္း ဆက္သြယ္သြားမည္ဟု ေရးသားထားသည္။
Mratt Kyaw Thu