လပွတ္တာမြို့ ကျောက်ဖြူကျေးရွာ စာသင်ကျောင်းအတွင်း ဗုံးတွေ့ ဆရာမတွေကို ဖမ်းဆီးသွား
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကျောက်ဖြူကျေးရွာ စာသင်ကျောင်းအတွင်းမှာ ဗုံးတစ်လုံးတွေ့ရှိတယ်လို့ဆိုကာ စစ်အုပ်စုက လာရောက်
စစ်ဆေးပြီးနောက် ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဆရာ၊ဆရာမတွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါ
တယ်။ဒီကနေ့ နိုဝင်ဘာလ ၁၃ရက်နေ့ မနက်ပိုင်းမှာ လက်လုပ်မိုင်းလို့ ယူဆရတဲ့ အထုတ်တစ်ထုတ်ကို တွေ့ရှိပြီးနောက် အခုလို ဖမ်းဆီး
သွားတာပဲဖြစ်တယ်လို့ သိရပါတယ်။
“မနက်ပိုင်းက ဗုံးတွေ့တယ်ကြားတော့ စစ်တပ်ကရောက်လာတယ်၊ ပြီးတော့ ဆရာ၊ဆရာမတွေကို စစ်ဆေးစရာရှိတယ် လိုက်ခဲ့ဆိုပြီး ဖမ်း
သွားတယ်၊ ကျောင်းသားတွေကိုတော့ မိဘတွေက ပြန်လာခေါ်သွားပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကျောက်ဖြူကျေးရွာဟာ လပွတ္တာ-မြောင်းမြကားလမ်းပေါ်မှာ ရှိတဲ့ကျေးရွာတစ်ခုဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်စေပြီးနောက်မှာ စနေ၊တနင်္ဂနွေရက်တွေကိုပါ ကျောင်းပိတ်ရက်
မပေးတော့ဘဲ စာသင်ကြားနေစေတာပဲဖြစ်ပါတယ်။ Source;DNA
Zawgyi
လပြတၱာၿမိဳ႕ ေက်ာက္ျဖဴေက်းရြာ စာသင္ေက်ာင္းအတြင္း ဗုံးေတြ႕ ဆရာမေတြကို ဖမ္းဆီးသြား
ဧရာဝတီတိုင္း လပြတၱာၿမိဳ႕နယ္ ေက်ာက္ျဖဴေက်းရြာ စာသင္ေက်ာင္းအတြင္းမွာ ဗုံးတစ္လုံးေတြ႕ရွိတယ္လို႔ဆိုကာ စစ္အုပ္စုက
လာေရာက္စစ္ေဆးၿပီးေနာက္ ေက်ာင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ Non CDM ဆရာ၊ဆရာမေတြကို ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ဒီကေန႔ နိုဝင္ဘာလ ၁၃ရက္ေန႔ မနက္ပိုင္းမွာ လက္လုပ္မိုင္းလို႔ ယူဆရတဲ့ အထုတ္တစ္ထုတ္ကို ေတြ႕ရွိၿပီးေနာက္ အခုလို ဖမ္းဆီးသြားတာပဲျဖစ္တယ္လို႔ သိရပါတယ္။
“မနက္ပိုင္းက ဗုံးေတြ႕တယ္ၾကားေတာ့ စစ္တပ္ကေရာက္လာတယ္၊ ၿပီးေတာ့ ဆရာ၊ဆရာမေတြကို စစ္ေဆးစရာရွိတယ္ လိုက္ခဲ့ဆိုၿပီး
ဖမ္းသြားတယ္၊ ေက်ာင္းသားေတြကိုေတာ့ မိဘေတြက ျပန္လာေခၚသြားၿပီ”လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။
ေက်ာက္ျဖဴေက်းရြာဟာ လပြတၱာ-ေျမာင္းျမကားလမ္းေပၚမွာ ရွိတဲ့ေက်းရြာတစ္ခုျဖစ္ပါတယ္။
အၾကမ္းဖက္စစ္အုပ္စုဟာ အေျခခံပညာေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္ေစၿပီးေနာက္မွာ စေန၊တနဂၤေႏြရက္ေတြကိုပါ ေက်ာင္းပိတ္ရက္မေပးေတာ့ဘဲ စာသင္ၾကားေနေစတာပဲျဖစ္ပါတယ္။