ၾကားသိသမွ်

မျှော်လင့်နေကြတဲ့ စစ်ပွဲကြီးကတော့ လာပြီ

မျှော်လင့်နေကြတဲ့ စစ်ပွဲကြီးကတော့ လာပြီ ။မျှော်လင့်ထားတဲ့အတိုင်း ရာနှုန်းပြည့်တော့လည်း ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။

စစ်ဆိုတာ ကိုယ့်ဘက်ကပဲ ကြေညာမှ စစ်ပွဲ ဖြစ်တာ မဟုတ်ဘူးလေ။ ကလေးတွေ ဆော့သလို ငါတို့ အဆင်သင့်မဖြစ်သေးဘူး ခနနေဦးရယ်လို့ တားလို့လည်း မရဘူး မဟုတ်လား။

တစ်နေရာယူ ၊ နှစ် အဆင်သင့်ပြင် ဘာ ညာ တိုင်ပင် အော်နေကြမှာလည်း မဟုတ်ဘူးလေ။ဒါပေမယ့် သေချာတာက နှစ်ဘက်စလုံးက

ဖြစ်လာမယ်လို့ ယုံကြည်ထားတဲ့ စစ်ပွဲကြီးဟာ မကြာခင်မှာအခုလို နေရာကွက်ကြား ကနေ အခြားပုံစံ တမျိုးမျိုးပြောင်းပြီး ကိုယ့်ရှေ့တည့်တည့် လာတော့မယ်။

ကျနော်တို့ ကိုယ်ချင်းစားတရားအကြောင်းပြောကြတဲ့အခါ အလွယ်ဆုံး ဥပမာပေးတာက သူ့နေရာမှာ ကိုယ်နေကြည့်ပါ ဆိုတာပဲ။ အခုလည်း ကျနော်တို့တွေးတောမှုကို လက်ရှိ မြေပြင်က မှန်ကန်တဲ့ သတင်းအချက်အလက်တွေအပြင်၊

မအလ ကြင်စိုး နေရာက သွားပြီးနေကြည့်ဖို့လိုတယ်။ သေချာတာကတော့ သူဟာ နောက်ဆုတ်စရာ လမ်း လုံးဝမကျန်တော့ဘူး ။ သူ့နေရာမှာ ခင်ဗျားတို့ဆိုရင်ရော ဘာလုပ်မှာလဲ ? ငါတို့က အနိုင်ရပါတီကို အာဏာပြန်အပ်လိုက်မယ်လို့တော့ လွယ်လွယ်မတွေးပါနဲ့။ မရတော့ဘူး။

ပြည်သူက ခွင့်မပြုတော့ဘူး။ ဒါ့အပြင် မအလ ကြင်စိုးကိုယ်တိုင်က အဲ့လမ်းကို မလျှောက်ချင်လို့ သူကိုယ်တိုင် အာဏာသိမ်းခဲ့တာလေ
အာဏာပြန်အပ်တဲ့လမ်း၊

နိုင်ငံတကာဖိအားကြောင့် စားပွဲဝိုင်း ဆွေးနွေးပွဲ စတဲ့ ရူးကြောင်ကြောင် မျှော်လင့်ချက်တွေကို နိုင်ငံရေးသမားတွေရော၊ လက်နက်ကိုင်တွေရော၊ ပြည်သူတွေပါ မတွေးကြပါနဲ့တော့။ လုံးဝ ဖြစ်မလာနိုင်ဘူး။ မအလဘက်က နောက်ဆုတ်ရန် အကြောင်း လုံးဝ မရှိတော့ဘူး။


မအလနေရာက နေကြည့်တော့….အခု ရှေ့တန်းဆိုပြီး ထုတ်နှုတ်အင်အား‌တွေ လွှတ်တယ်။ မစို့မပို့ တိုက်တော့ နယ်မြေကျွမ်းကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလက်အောက်မှာ အတုန်းအရုန်း ကျတာပဲ။

ဒါဆို မတိုက်တော့ဘူးလား။ စိတ်ချ ယုတ်ယုတ်မာမာကို တိုက်တော့မှာပါ ။ ကျနော်သာ မအလ နေရာမှာ ဆိုလည်း စစ်ပွဲကြီးကို စလိုက်တော့မယ်။

လက်ရှိအနေအထားက ကြာလေ ဆိုးလေ ဖြစ်လာမယ် ဆိုတာ သေချာပါတယ်။ အခု ကြောက်မလားလို့ ရွာထဲ ပတ်ပစ်လိုက်တယ်၊ တယောက်စ နှစ်ယောက်စ ပစ်သတ်ပြလိုက်တယ် မကြောက်တဲ့အပြင် တရွာလုံး တောထဲဝင်ပြီး PDF ဖြစ်ကုန်တယ်။

ကြောက်မလားလို့ မြို့ပါ မီးရှို့ပြလိုက်တယ်၊ တမြို့လုံး လက်နက်ကိုင် ကုန်တယ်။ အေးတာပဲ။ ဒီနည်းအတိုင်း ဆက်သွားရင်အငတ်ခံ၊ စည်းစိမ်အပြုတ်ခံ၊ အသေခံ တော်လှနေမယ့် ပြည်သူတွေကြောင့် မုဆိုးမစစ်တပ်ရဲ့ အလားအလာဟာ ကြာလေ ကျလေ ဖြစ်လာမှာပဲ။

ဒိတော့ ဘာလုပ်မလဲ။ အခြေအနေမှန်ပိုသိပြီး လက်လျော့လောက်တဲ့ ဉာဏ်ရည်မျိုး ကြင်စိုးမှာ မရှိဘူးဗျ။ သူ့ဘေးနားကမအလတွေဆိုတာလည်း အသက်၊ စည်းစိမ်၊ မိသားစုဘဝတွေ အကုန်ပုံအောထားကြရတာမို့ ကြမ်းဖို့ပဲ အကြံပေးကြလိမ့်မယ်။

အဲ့ဒီတော့ မထူးဇာတ် ခင်းကြရတော့မယ်။ ရှိသမျှ အင်အား အကုန်သုံးပြီး အခုအချိန် အယုတ်မာဆုံး တိုက်လိုက်ရင် မျှော်လင့်ချက်ရှိလိမ့်မယ်လို့ သူတို့ဘက်က ယူဆထားကြလိမ့်မယ်။

ဒီထက်ကြာလာရင် PDF နဲ့ EAOs တွေပေါင်းစည်းမှုဟာ လက်နက်အင်အား၊ လူအင်အား ပိုကောင်းလာတော့မယ်။ ခေတ်အဆက်ဆက်အောင်မြင်ခဲ့တဲ့ သွေးခွဲနည်းတွေ၊ ဘာသာရေးမှိုင်းလုံးတွေကလည်း အသုံးမဝင်တော့ဘူး။

ဘု့ရန်သူ မအလကျဆုံးရေးတခုပြ ဦးတည်နေသူတွေရဲ့ စုစည်းမှုဟာ ကြာလေ ကြောက်စရာကောင်းလေ ဖြစ်လာပြီ။
ဒိီနေ့ အတွင်းစည်းသတင်းနှစ်ခုရတယ်။


(၁)စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်(ကနီ၊ပုလဲ၊ ယင်းမာပင်) အတွင်း မုဆိုးမစစ်တပ်က အကြီးစားမစ်ရှင်တခု စီစဉ်နေပါတယ်။
ဗျူဟာအရ ယင်းမာပင် ခရိုင်ဘက်က- ယောဘက်က-ပခုက္ကူ ကျားတက်ဘက်က သုံးဘက်ညှပ်ဖို့လို့ ယူဆရတယ်။

မြိုင်ဘက်ကနေ ထောက်နိုင်ပေမယ့် မြိုင်ဘက်က အားကောင်းတယ်။ နပတ ဘက်က ထုတ်နှုတ်အင်အားအကုန်သုံးပြီး ယင်းမာပင်ကို ထိုးစစ် စမယ်လို့ မှတ်ယူရပါတယ်။

ဒီရက်ပိုင်း မြေပြင်အခြေအနေ အစစ်အဆေးကြမ်းလာတာတွေပါ ထည့်တွက်ရင် နိုဝင်ဘာလ (၂၀)ရက်ပတ်ဝန်းကျင် ဖြစ်နိုင်ပါတယ်။

(၂)ဒါကတော့ NUG အစိုးရရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မြန်မာပြည်အောက်ပိုင်းက သတင်းပါ။ ဒီနေ့ ညနေပိုင်း မြဝတီမှာ မုဆိုးမစစ်တပ် နဲ့ BGF တို့ ထပ်ဆင့်ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ပါပြီ။

မူလ ညွှန်ကြားချက်အတိုင်း BGF က ကော့ကရိတ်အထိ တိုက်ပြီး ဒီဘက်ခြမ်းကို မုဆိုးမစစ်တပ်က တိုက်မယ်။ ဗျူဟာတွေပါ ရေးခဲ့ကြတယ်လို့ သိရပါတယ်။

မြေပြင်အခြေအနေအရ လကုန်ရက်လောက် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။တခြားနေရာတွေမှာလည်း မြေပြင် စစ်ပြင်၊ စစ်ရွေ့ အနေအထားအရ မုဆိုးမစစ်တပ်က တိုက်တော့မှာပါ။ အောက်ခြေက မအလ‌တွေ သေတာ ၊ ရှင်တာ ကြင်စိုးတို့တသိုက် စိတ်မဝင်စားပါဘူး။

ပြည်သူဘက်က စစ်မျက်နှာ များများဖွင့်ရင် ကိုယ့်ဘက်က သာမယ်လို့ပဲ ယုံကြည်ထားကြမှာပါ။ မအလ ဘက်ကလည်း ငါတို့မှာ ဖိုက်တာတွေရှိတယ်။ ပစ်ကူပြီး မြန်မြန် အပြတ်ဖြတ်မယ် တွေးထားတာပါပဲ။

နှစ်ဘက် ဒီလိုအတွေးတွေနဲ့ စစ်ပွဲကြီးဟာ အမှတ်မထင် စတော့မယ်။ထည့်သွင်း စဉ်းစားစရာရှိတာက NUG ဘက်က နိုင်ငံတကာ ဖိအားတွေသုံးပြီး စစ်ကို အထိအခိုက် အနည်းဆုံးအထိ ရှောင်လွှဲနိုင်မယ်လို့ တွေးထင်နေတုန်းဖြစ်ပြီး

ကြင်စိုးဘက်ကတော့ PR ရွေးကောက်ပွဲ အမြန်ကျင်းပပြီး လက်ရှိအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ ရှေ့ထွက်ဗျူဟာ ချထားပါသေးတယ်။ ဒါပေမယ့် ဒါ‌တွေဟာ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သာမန်ဉာဏ်ရည်ရှိသူများပင် သိပြီးသားပဲ ဖြစ်နိုင်ပါတယ်။

နိုင်ငံတကာ ဖိအားသည် အထောက်အကူ တခုထက် ပိုမလာပါဘူး ။ တာဝန်ရှိသူများအနေနဲ့ စစ်ပွဲအတွက်ပဲ တစိုက်မတ်မတ် ပြင်ဆင်သင့်ပါတယ်လို့ပဲ

နွားရှေ့ ထွန်ကျူးတယ် ပြောပြော ၊ ဖအေထက် တလကြီးတယ် ဆိုဆို ပြည်သူတယောက်အနေနဲ့ ပြည်သူ့အာဏာ အားကိုးနဲ့ ပြောလိုက်ပါရစေဗျာ။   Naing Linn