ၾကားသိသမွ်

အီကော်နော်မစ်က ပြော‌သော အောင်နိုင်ဦး နှင့် သက်သက်ခိုင်

ယနေ့ နိုင်ငံတကာ သတင်းစာမျက်နှာများ ပေါ်တွင် အာဏာသိမ်း အဖွဲ့ မှ ဖမ်းဆီးထားသော အမေရိကန် သတင်း စာ ဆရာ ဒင်နီ ဖန်စတာ

အား ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်သည် ဆိုသော သတင်းများ နှင့် ပြည့်နှက်နေ ချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံ မှ ခန့်အပ်ထားသူများ

ဘက်ပြောင်းပြီး လူသတ် အာဏာသိမ်း အဖွဲ့တွင် ဝင်ရောက်လုပ်ကိုင် နေပုံ ကို နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီးက

“Some civilians politicians are working for Myanmar’s murderous regime” ခေါင်းစဉ်ဖြင့် အောက်ပါ အတိုင်း ရေးသားလာခဲ့သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လ အတွင်း စစ်တပ်မှ အာဏာ မသိမ်းမီ အောင်နိုင်ဦးသည် သမ္မတ သိန်းစိန် နှင့် နိုင်ငံတော် အတိုင်ပင်ခံ

လက်အောက်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အား ဦးဆောင်ဦးရွက် ပြုနေသည့်အတွက် ချီးကျူးခံခဲ့ရသော စကားပြော လွန်စွာ ညက်သည့် အစိုးရ ဝန်ထမ်းတဦး ဖြစ်သည်။


အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ အဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရသည့် အထဲတွင် အောင်နိုင်ဦး မပါဝင်ခဲ့ရုံမက ရင်းနှီးမြုပ်နှံရေး ဆိုင်ရာ ဝန်ကြီး အဖြစ်ပင် စစ်ကောင်စီ က ရာထူးတိုး ချီးမြှင့် မြှောက်စားလာ ခဲ့သည်။

တခါက နိုင်ငံတကာ အသိုက်အဝန်း၏ တလေးတစား ဆက်ဆံခံခဲ့ရသော အောင်နိုင်ဦးသည် စစ်မှုထမ်းဟောင်း တဦး ဖြစ်ပြီး ယခုအခါ အာဏာသိမ်း အဖွဲ့၏ လေသံ အတိုင်း ပြောဆိုနေပြီ ဖြစ်လေသည်။

တယ်လီနော ကုမ္ပဏီ၏ နိုင်ငံခြားသား အမှုဆောင် အရာရှိများကို သူ့ အနေဖြင့် လူကိုယ်တိုင် တွေ့ဆုံစရာ ရှိ၍ ဆိုကာ တိုင်းပြည်မှ ထွက်ခွာခွင့်ကို တားမြစ်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနကို ပြောပြခဲ့သည်။

ထိုမျှ မကသေး တိုင်းပြည်၏ လက်ရှိ စီးပွားရေး အကျပ်အတည်းသည် ပြည်ပနိုင်ငံများ၏ အားပေးအားမြှောက်ပြုမှု ဖြင့် ပေါ်ပေါက်လာသော “အဖျက်လုပ်ငန်း” များ ကြောင့်ဟု ငြင်းချက်ထုတ်၍ ပြောဆိုလာသည်။

အရင့် အရင် အာဏာသိမ်းခဲ့ကြစဉ်က စစ်ဗိုလ်ချုပ်များသည် အရပ်သားများကို ၎င်းတို့ အုပ်ချုပ်ရေး ကောင်စီ များထဲသို့ ထည့်သွင်းခဲ့လေ့ မရှိပေ။ ယခုအခါ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အရပ်သား အများအပြား စစ် ကောင်စီထဲတွင် သာမက အိမ်စောင့် အစိုးရဟု ဆိုကာ ဖွဲ့စည်းလာသည့် အထဲတွင် ပါဝင်လာကြပြီ ဖြစ်သည်။ စစ်ကောင်စီမှ ခန့်ထားသော ဝန်ကြီး ဆိုသူ ၂၈ ဦး ထဲတွင် အရပ်သား ၉ ဦး ပါဝင်နေသည်။


ထိုအထဲတွင် ၆ ဦးသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် ရာထူးကြီးကြီးများ ရရှိထားသူများ ဖြစ်နေသည်။ စစ်ကောင်စီ သည် ယခင်အတိုင်း အပြောင်းအလဲ မရှိ ဆက်သွားမည်ဟု ပြဆိုချင်ပုံရသည်။

နောက်ထပ် ရှစ်ဦးသည် သမ္မတ သိန်းစိန် လက်ထက်တွင် အမှုထမ်းခဲ့သူများ ဖြစ်နေသည်။ သိန်းစိန်သည် သူ၏ သမ္မတ သက်တမ်း ဖြစ်သော ၂၀၁၁-၂၀၁၆ အတွင်း စီးပွားရေး ဦးစားပေး စစ်တပ် ထိန်းချုပ် နိုင်ငံ ပုံရိပ်ကို ဖန်တီး ပေးခဲ့သည်။

လက်ရှိ အာဏာသိမ်း အဖွဲ့လည်း ထိုပုံစံအတိုင်း ပြန်လုပ်ချင်ပုံ ရနေသည်ဟု စင်္ကာပူရှိ တွေးခေါ် မြော်မြင်ရေး အဖွဲ့ ISEAS က မှတ်ချက်ချခဲ့သည်။

ထို့အတွက် စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ အုပ်ချုပ်ရေးထဲ အရပ်သားများကို ထည့်သွင်းချင်နေသည်မှာ သဘာဝ ကျသော်လည်း အရပ်သားများက အဘယ်ကြောင့် ၎င်းတို့ နှင့် ပူးပေါင်းလာခဲ့ကြသနည်း ဆိုသည့် အကြောင်းရင်းကိုမူ သဲသဲကွဲကွဲ မသိရ ဖြစ်နေသည်။

ရန်ကုန်ရှိ နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးကမူ “စစ်တပ်မှ ခိုင်းလာပါလျှင် ၎င်းတို့တွင် အခြားရွေးချယ်စရာ လမ်းမရှိလှ” ဟု သုံးသပ်ခဲ့သည်။

နောက်တချက်မှာ လူထုကြီး တရပ်လုံး၏ ပြင်းထန်လှသော ဆန့်ကျင် တွန်းလှန်မှုများ နှင့် ကြုံလာရလိမ့်မည်ဟု မျှော်လင့် မထား ခဲ့သောကြောင့်လည်း ဖြစ်ပုံရသည်ဟု ဆိုသည်။

ထိုထက် မကသော ‌သေးသိမ်လှသည့် အကြောင်းများကလည်း ရှိနေပြန်သည်။ စစ်တပ်မှ ရန်သူသဖွယ် သဘော ထားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးအများအပြားသည် မစ္ဆရိယ စိတ်များဖြင့် ရန်ညှိုး ထားခဲ့ကြ သူများ ဖြစ်သည်။

၂၀၁၉ တွင် ဒေါ်အောင်ဆန်းစုကြည်သည် အောင်နိုင်ဦးအား သူ တာဝန်ယူထားသည့် ရင်းနှီး မြှုပ်နှံမှု အေဂျင်စီကို ဝန်ကြီး ဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးလာခဲ့သော်လည်း သူ့ကိုမူ အမြဲတမ်း အတွင်းဝန် ရာထူးကိုသာ ခန့်အပ်ခဲ့သည်။

ဤသည်က ရာထူး ချ လိုက်မှု အဖြစ် အားလုံးက မှတ်ယူခဲ့ကြပြီး ဖြစ်သော်လည်း အောင်နိုင်ဦးကမူ သူ့အနေဖြင့် ရာထူးတိုးသည်ဟုသာ သဘောထားကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စိတ်မကွက် ပါဟု ပြောဆိုခဲ့ဖူးသည်။


ယခု လူကယ်ပြန် ဝန်ကြီး ဟု ဆိုကာ တာဝန်ပေးခြင်းခံရသူ သက်သက်ခိုင်သည် ယခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ အမတ်တဦး လည်း ဖြစ်သည်။

သူမ၏ မိတ်ဟောင်းဆွေဟောင်း တဦး အဆိုအရ ဒေါ်အောင်ဆန်းစု ကြည်အား “မုန်းတီးနေသူ” ဖြစ်သည်ဟု သိရသည်။

ယခင် စစ်အစိုးရ အဆက်ဆက်တွင် စီးပွားရေး လုပ်ငန်းများ အတွက် ရှေ့တန်း မှ လော်ဘီ လုပ်လာခဲ့မှု အပေါ် သူမကို ဒေါ်အောင်ဆန်းစုကြည် နှင့် NLD က လိုလိုလားလား ကြိုဆိုလက်ခံခဲ့ခြင်း မရှိသောကြောင့် ဟု ဆိုသည်။

၂၀၁၈ တွင် ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး နောက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင် ပြောဆိုလာခဲ့သည့် အပြင် အရာရာကို ထိန်းချုပ်ထား လိုသူ၊ ဦးဆောင်ချင်နေသူ ပုံမှန် မဟုတ်သည့် “control freak” ဟုပင် ကင်ပွန်းတပ်လာခဲ့သည်။

(သက်သက်ခိုင်က သူမသည် ဒေါ်အောင်ဆန်းစုကြည်အား မုန်းတီးနေသည် ဆိုသည်ကို ငြင်းဆိုခဲ့သော်လည်း သဘောအကျကြီး ကျနေသူ များထဲတွင် မပါဝင်ဟု ဆိုသည်)

ထိုသို့ အရောင်ပြောင်းလာသည့် သာကူးများက အာဏာသိမ်း အဖွဲ့သည် ကောင်းရာကောင်းကျိုး အချို့တလေကို လုပ်နိုင်သည်ဟု ယုံကြည်ကြောင်း ပြောလာကြသည်။

လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ရွေးကောက်ပွဲ တွင် မသမာမှုများ ရှိခဲ့သည့် သက်သေ အထောက်အထား တစုံတရာ မတွေ့ခဲ့ရဟု ပြောနေသည့်ကြားမှပင်

စစ်တပ် သည် NLD သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မသမာမှုများ ဖြင့် အနိုင်ယူသွားခဲ့သည်ဟု ၎င်းတို့ အာဏာသိမ်းခဲ့ မှုအား တရားမျှတမှု ရှိလေဟန် ပုံဖေါ်လာခဲ့သည်။ သက်သက်ခိုင်က “NLD၏ မသမာမှုများကို သူမကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရသည်ဟု” ပြောလာပြန်သည်။


အာဏာသိမ်းပြီး ရက်အနည်းငယ် အကြာတွင် သက်သက်ခိုင်က ဖြုတ်ချခံရသော အစိုးရသည် ဒီမိုကရေစီ နည်းလမ်း မကျ ပြုလုပ်ခဲ့သော်လည်း

ဗိုလ်ချုပ်ကြီးများကမူ ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ပေးနိုင်သည့် အထိ ဒီမိုကရေစီ လမ်းစဉ်ဖြင့် ကျင့်သုံးသွားမည့်သူများ ဟု ဆိုပြန်သည်။

အောင်နိုင်ဦးကမူ အပြင်မှာထက် အထဲ ဝင်လုပ် သည်ကမှ အပြောင်းအလဲများကို ဖေါ်ဆောင်နိုင်လိမ့်မည်ဟု အကြောင်းပြလာခဲ့သည်။

၎င်းတို့၏ အကြောင်းပြချက်များ ပျက်ပြယ်သွားစေခဲ့သည်က အာဏာသိမ်း အဖွဲ့သည် အစိုးရကောင်းတရပ် ဖြစ်လာအောင် အာရုံစိုက် လုပ်ဆောင်နေကြသူများ မဟုတ်ဘဲ ၎င်းတို့ အား ဆန့်ကျင်နေကြသူများကို လိုက်လံ သတ်ဖြတ် အကြမ်းဖက်သည့် နည်းဖြင့်သာ စခန်းသွားကြမည်သူများ ဖြစ်နေခြင်းပင်။

ယခုအချိန်ထိ အပြစ်မဲ့ အရပ်သား ၁,၂၀၀ ကျော်ခန့်အား သတ်ဖြတ်ခဲ့ကြပြီး ဖြစ်၍ အောင်နိုင်ဦး ကဲ့သို့သော ပုဂ္ဂိုလ်များ၏ အမည်သည် ယခုအခါ “နွားချေး” သာသာ ဘဝ ရောက်သွားခဲ့ကြရပြီ ဖြစ်ကြောင်း ရန်ကုန်ရှိ လေ့လာသူက မှတ်ချက် ချခဲ့သည်။

စစ်တပ်ဖက်က ရပ်တည်နေမှသာ ၎င်းတို့ အတွက် လုံခြုံမှု ရှိမည်ဟု တွေးထင်နေကြလျှင် အသေအချာ ပြန်စဉ်း စားကောင်း စဉ်းစားရန် အချိန်တန်လာပြီ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် စစ်ကောင်စီ ခန့် အောက်ခြေပိုင်း အုပ်ချုပ်ရေး ဝန်ထမ်းများ နေ့စဉ်လို အသတ်ခံနေကြ၍ ပင် ဖြစ်သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai