Articles

CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို လျှို့ဝှက်အကြောင်းအရာတွေ အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြား

CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို လျှို့ဝှက်အကြောင်းအရာတွေ အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြား

CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို အရေးကြီးတဲ့ လမ်းညွှန်ချက်တွေနဲ့ လျှို့ဝှက်အကြောင်းအရာတွေကို အသိမပေးဖို့ စစ်

ကောင်စီ ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဌာနဆိုင်ရာတွေရဲ့ အရေးကြီးသတင်းတွေ ပေါက်ကြားမှုများရှိနေတဲ့အတွက် CDM လုပ်ပြီး ရုံးပြန်တက်တဲ့

ဝန်ထမ်းတွေအပေါ် သံသယရှိနေတာပါ။

ဒါကြောင့် စစ်တပ် အာဏာသိမ်းစဉ်က CDM လုပ်ပြီး ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေကို ဌာနအတွင်း အရေးကြီး လမ်းညွှန်ချက်တွေနဲ့

ဆက်စပ်တဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့်မပြုကြဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ Non CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် ဝန်ထမ်းတွေ သီးသန့်ဖွဲ့ထားတဲ့ Viber၊ messenger Group တွေကနေ CDM လုပ်ပြီး ရုံးပြန်တက်

တဲ့ ဝန်ထမ်းတွေကို ထုတ်ပယ်တာတွေ ရှိလာတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် ဝန်ထမ်းတွေအကြားမှာ ဝေဖန်ပြောဆိုမှုများ ရှိနေသလို ဝန်ထမ်းတွေ အချင်းချင်း

စိတ်ဝမ်းကွဲမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

Zawgyi

CDM လုပ္ၿပီး ႐ုံးျပန္တက္တဲ့ ဝန္ထမ္းေတြကို လၽွို႔ဝွက္အေၾကာင္းအရာေတြ အသိမေပးဖို႔ စစ္ေကာင္စီ ညႊန္ၾကား

CDM လုပ္ၿပီး ႐ုံးျပန္တက္တဲ့ ဝန္ထမ္းေတြကို အေရးႀကီးတဲ့ လမ္းညႊန္ခ်က္ေတြနဲ႔ လၽွို႔ဝွက္အေၾကာင္းအရာေတြကို အသိမေပး

ဖို႔ စစ္ေကာင္စီ ညႊန္ၾကားထားတယ္လို႔ Non CDM ဝန္ထမ္းေတြက ေျပာပါတယ္။

အာဏာသိမ္း စစ္ေကာင္စီဟာ ဌာနဆိုင္ရာေတြရဲ့ အေရးႀကီးသတင္းေတြ ေပါက္ၾကားမႈမ်ားရွိေနတဲ့အတြက္ CDM လုပ္ၿပီး ႐ုံးျပန္တက္တဲ့ ဝန္ထမ္းေတြအေပၚ သံသယရွိေနတာပါ။

ဒါေၾကာင့္ စစ္တပ္ အာဏာသိမ္းစဥ္က CDM လုပ္ၿပီး ႐ုံးျပန္တက္ေနတဲ့ ဝန္ထမ္းေတြကို ဌာနအတြင္း အေရးႀကီး လမ္းညႊန္ခ်

က္ေတြနဲ႔ ဆက္စပ္တဲ့ အစည္းအေဝးေတြကို တက္ေရာက္ခြင့္မျပဳၾကဖို႔ ညႊန္ၾကားထားတာျဖစ္တယ္လို႔ Non CDM ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

စစ္ေကာင္စီရဲ့ ညႊန္ၾကားခ်က္ေၾကာင့္ ဝန္ထမ္းေတြ သီးသန႔္ဖြဲ႕ထားတဲ့ Viber၊ messenger Group ေတြကေန CDM လုပ္ၿပီး ႐ုံးျပန္တက္တဲ့ ဝန္ထမ္းေတြကို ထုတ္ပယ္တာေတြ ရွိလာတာပါ။

လက္ရွိမွာေတာ့ စစ္ေကာင္စီရဲ့ ညႊန္ၾကားခ်က္ေၾကာင့္ ဝန္ထမ္းေတြအၾကားမွာ ေဝဖန္ေျပာဆိုမႈမ်ား ရွိေနသလို ဝန္ထမ္းေတြ အခ်င္းခ်င္း စိတ္ဝမ္းကြဲမႈေတြ ရွိလာတယ္လို႔ ဆိုပါတယ္။