ၾကားသိသမွ်

ဆိုင်ကယ်တစ်စီး အမျိုးသားနှစ်ဦး မစီးရ စစ်ကောင်စီအမိန့်ကြောင့် ဒေသခံတွေ အခက်တွေ့

ဆိုင်ကယ်တစ်စီး အမျိုးသားနှစ်ဦး မစီးရ စစ်ကောင်စီအမိန့်ကြောင့် ဒေသခံတွေ အခက်တွေ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ အာဏာသိမ်း စစ်ကောင်စီက အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ စီးခွင့်ပိတ်ပင်လိုက်တဲ့အတွက်ကြောင့်

အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ထားဝယ်ခရိုင်အတွင်း နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး အမျိုးသား ၂ ဦး အတူဆိုင်ကယ်စီးခွင့်မရှိဘူးလို့ အမိန့်ထုတ်ပြန်လိုက်

တာ ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ အမိန့်ကြောင့် ဆိုင်ကယ်တက္ကစီးသမားတွေ နေ့စဉ်အလုပ်သွားနေရတဲ့သူတွေနဲ့ ဒေသခံတွေမှာ သွားရေး

လာရေး အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ထားဝယ် ဒေသခံ တစ်ဦးက အခုလို ပြောပါတယ်။

“ဒီဘက်ခြမ်းမှာဆို ဆိုင်ကယ် ကယ်ရီသမားတွေရှိတယ်။ ခရီးသည်လာရင် အမျိုးသား အမျိုးသမီးခွဲခြားနေလို့ရမှာ မဟုတ်ဘူး။ သူတို့

အတွက်ဆို ဘယ်လို အလုပ်လုပ်စားမလဲ။ အလုပ်ကိစ္စနဲ့သွားနေရသူတွေရှိတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေက ဆိုင်ကယ်အသုံးပြု

သွားမယ်ဆိုရင် ဘယ်လိုသွားမလဲ။ ဒီအမိန့်ကတော့ မထုတ်သင့်ဘူးလို့မြင်တယ်။ ဒီအမိန့်ကြောင့် ပြည်သူတွေမှာ သွားရေးလာရေး အခက်ခဲ

ဖြစ်လာနိုင်တယ်။ ခုက နိုင်ငံအနှံ့မှာ စကစ ဘက်တော်သားတွေ အရှင်းခံရချိန်မှာ ဆိုင်ကယ်ကို အသုံးပြုပြီး ရှင်းတာများတယ်ဆိုတော့ ဒီ

အမိန့်ကို ဒါကြောင့်ထုတ်တာလို့ ထင်တယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ အမိန့်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေကို ကာကွယ်ဖို့သာ ဖြစ်

တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီကတော့ ဆိုင်ကယ်စီးနင်းရာမှာ အမျိုးသားတစ်ဦးတည်း စီးတာ၊ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး အတူစီးတာနဲ့

အမျိုးသမီး ၂ ဦး အတူစီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အမျိုးသား ၂ ဦး ဆိုင်ကယ် အတူစီး ခွင့် ပိတ်ပင်ထားပေမယ့် ဘယ်လိုပုံစံနဲ့ အရေးယူသွားမယ်ကိုတော့ အသေးစိတ် ထုတ်

ပြန်ထားတာ မရှိပါဘူး။