ၾကားသိသမွ်

စစ်မှုထမ်းဟောင်းများကို စာသင်ကျောင်းများတွင် ယခင် နေ့စားခ ၈ ထောင်ကျပ်ပေးနေရာမှ ၅ ထောင်ကျပ်သာပေး၍ ကင်းစောင့်ခိုင်း

အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်းများတွင် စစ်မှုထမ်းဟောင်းများအား တစ်ရက်လျှင် ၅ ထောင်ကျပ်

ပေး၍ ကင်းစောင့်ခိုင်းနေကြောင်း စစ်မှုထမ်းဟောင်း အသိုင်းအဝိုင်းထံက သိရသည်။

ယခင် ဇွန်လ ၁ ရက်နေ့ စာသင်ကျောင်းများဖွင့်ချိန်ကလည်း စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်၍ ကင်းစောင့်ခိုင်းခဲ့ပြီး ၄င်း

ကာလတွင် ကျောင်းစောင့်ခ တစ်ရက်လျှင် ၈ ထောင်ကျပ် ရရှိခဲ့ကြောင်း သိရသည်။

“အရင် ၆ လပိုင်း ကျောင်းဖွင့်တုန်းက ၁၂ နာရီထိ နေ့တပိုင်းဘဲ စောင့်ရတာ ၈၀၀၀ ရတယ်။ အခုက မနက် ၈ နာရီကနေ ညနေကျောင်း

ဆင်းချိန်ထိ တနေကုန်စောင့်ရတာ။ ၅၀၀၀ ဘဲရတယ်။ အရင်ကထက် ၃ ထောင် လျော့သွားတာပေါ့“ဟု ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်

အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တဦးက ပြောဆိုကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီက စစ်မှုထမ်းဟောင်းများအားလုံး အပိုဝင်ငွေ ရရှိစေရန် အလှည့်ကျစနစ်ဖြင့် ကျောင်းလုံခြုံရေးတာဝန်ချ ပေးသည်ဟု ၄င်းက

ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဟောင်းများအား ငွေကြေးပေး၍ ၄င်းတို့၏အရန်အင်အားအဖြစ် အသုံးပြုနေပြီး စာသင်ကျောင်းကင်းစောင့်

ခိုင်းခြင်း၊ စစ်တပ်ထောက်ခံပွဲများတွင် လိုက်ပါခိုင်းခြင်းတို့အား စေခိုင်းနေကြောင်း သိရသည်။

ဒါ့အပြင် မအူပင်မြို့နယ်အပါဝင် ဧရာဝတီ တိုင်းအတွင်းမြို့နယ်များရှိ စစ်မှုထမ်းဟောင်း အ ဖွဲ့ဝင်အင်အား ၂၀၀ ခန့်မှ စစ်ကောင်စီတပ် နှင့်

ပူပေါင်း၍ ဒေသခံပြည်သူများအပေါ်ခြိမ်းခြောက် မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သတင်းရရှိသည်။


အဆိုပါ စစ်ပြန် စစ်မှုထမ်းဟောင်းများမှ စစ်ကောင်စီလက်အောက်တွင် ပြန်လည်အမှု ထမ်းဆောင်နေပြီး ဆိုင်ကယ်များဖမ်းဆီး ခြင်း၊ တာ

ဝါတိုင်ကင်းစောင့်ခြင်း၊ ပတ်ကင်းပတ်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းစသည့်လုပ်ငန်းများ အပါ အဝင် စစ်ကောင်စီလုပ်ငန်းများအားလုံးတွင်

ပါ ဝင် လုပ်ဆောင်နေကြောင်းသိရသည်။

ယင်းသို့ စစ်ကောင်စီ၏လုပ်ငန်းများပါဝင် ဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထက်ပင် ပြည်သူလူထုအားရိုင်းပျစွာဆက်ဆံ ေ

ကြာင်း သိရသည်။


” ခုက သူတို့(စစ်ကောင်စီတပ်)က လူမလောက် တော့ စစ်သားဟောင်းတွေကို ပြန်ခေါ်ခိုင်းတယ်။ အဲ့ဒီ စစ်မှုထမ်းဟောင်းတွေ ဆိုင်ကယ်

ဖမ်းရင်ပိုဆိုးတယ်။ သူတို့ပါးစပ်ထဲရှိ သလို ဒဏ်ရိုက်တယ်။ ဒေသခံတွေကို ဆက်ဆံတာက ခြိမ်း ခြောက်ပြီးပြောတယ်၊ ရိုင်းရိုင်းစိုင်း စိုင်း

တွေပြောတယ်”ဟု ဧရာဝတီတိုင်း ဒေသခံ တဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီမှ စစ်မှုထမ်းဟောင်းများအား စစ်ပညာများပြန်လည်သင်ကြား၍ လက် နက် တပ်ဆင်ပေးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်

များနှင့်ပူးတွဲ၍ လုံခြုံရေးနှင့်စစ်ရေးတာဝန်များ ပေးအပ်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။