ရင်ထဲမှာ မကောင်းဘူး ရိက္ခာပေးမယ်ဆို ဆင်းလာကြတယ်၊
ဘုရားတရင်း တောစောင့်တောင်စောင့်နတ်တွေ တိုင်တည်ပြီး အထုပ်တွေပိုး ပြီး….၂၆ မိုင် လမ်းလျှောက်ပြန်ကြမှာ
အဆင်ပြေတယ် ဆရာ တဲ့။ဘေးလွယ်အိတ်ထဲ ပါဝါဘန့်၃လုံးထည့်ပြီး တောင်အောက်လာ စာလာပို့ကြတာ …
ဖုန်းအား ၁၀၀ တဲ့ လူအားရောဆို ၁၁၀ ဆိုပဲ..ဘယ်နားထိုင်ပြီး စာပို့နေလဲမေးတော့ …ညဘက်ကြီး အခင်းမပါ ခြေဗလာနဲ့
ငုတ်တုတ်ထိုင်လို့ လွယ်အိတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဖုန်းကြီးကိုင် စာပို့နေတဲ့ပုံ ပို့လာတယ်၊ လွယ်အိတ်က အရေးကြီးတယ် …
ပါဝါဘန့် ၃လုံးပါတာကိုး။
ဘေးမှာ လက်လုပ်တူမီးကြီး ထောင်လို့ ဆောင်းဝင်နေပြီလေ အေးမှာပဲ ခြင်တွေ၊ မှက်တွေ ကိုက်ကြမှာပဲနော်။
ဒလန်ရှင်းဖို့သွားတာ ဒဏ်ရာရာလာပြီး သွေးအန်နေတဲ့လူ ဆေးကုပေးရမှာဆိုလို့ ၃သိန်းပေးတာ ဟင့်အင်း၊ ၁သိန်းပဲ လောက်ပြီ..
လူတိုင်းလာတောင်းရင် ကျနော်တို့မပေးနိုင်ဘူးဆရာ..ဒါဆို ….ယမ်းဖိုးက ၂သိန်းပေးတဲ့ ယမ်းက အရင် တစ်ပိဿာငါးထောင် …
ခု လေးသောင်းဖြစ်သွားပြီတဲ့ ဒါမှမဟုတ်လည်း အဲ့ ၂သိန်းကျည်ဖိုးလုပ်ပြီး စခန်းကလူတွေကို တောကောင်ပစ်ကျွေးမယ်တဲ့။
ကျည်မရှိတော့ အကောင်ပစ်မရ တပ်ကလူတွေအသားမစားရဘူးတဲ့ ။ဪ ငွေ၂သိန်းကို ဘယ်နားသုံးရမှန်းမသိ
အဝေမတည့်ဘူးနော် ထားစရာနေရာမရှိတွေဖြစ်နေတာ။မနက်ကျ ဆေးတွေယမ်းတွေသယ်ပြီး
လမ်းလျှောက်ပြန်ကြမှာ တက်ကြွနေကြပြီ ။၂၆ မိုင်လျှောက်နိုင်ပါတယ်ဗျ၊ ဖိနပ်တွေက သယ်ရပါ့မလားမသိဘူး ။
ဆေးကအရေးကြီးတယ် ဖိနပ်မစီးရလို့မသေဘူး ဟိုခွေးတွေမိမှာစိုးတယ်တဲ့။လိုင်းမိတုန်းဆရာတို့ဆီ စာလာပို့ရတာ
ငွေကမပို့နဲ့ ထုတ်လို့ရပါ့မလားမသိဘူး မြို့ကြီးပေါ်တက်တဲ့လူရှိမှထုတ်ပေးဖို့ပြောကြည့်ရမှာ ဘေးအိတ်ကိုတင်းတင်းကြီးလွယ်လို့ …..
လက်လုပ်ကြီးဘေးချလို့ …..မြေပေါ်ဖင်ချထိုင်လို့ ဆံပင်အရှည် အင်္ကျီစုတ်နဲ့ လက်ကြမ်းတွေနဲ့ ပြုံးပြုံးကြီးလုပ်ပြီး… အမှောင်ထဲ အအေးထဲ
ကနေ စာတွေပို့နေလိုက်တာ..
သိစေလို၍…မျှဝေပေးခြင်းဖြစ်သည်။
NWN
#🚀သံပါးစပ်