ယမ်းသယ်လာသောစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် တပည့်ကို စစ်တပ်ကမှားယွင်းပစ်ခတ်ဖမ်းဆီး
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် ယမ်းသယ်လာသည့်
အာဏာသိမ်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဆရာတပည့်ကို စစ်တပ်က မှားယွင်း ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ညောင်ငုတ်တိုရွာအနီးတွင် နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက လူနှစ်ယောက်စီးနင်းလာသည့်ဆိုင်ကယ်
အား လခရအဖွဲ့မှရပ်ခိုင်းစဉ် မရပ်ဘဲ မောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်ကယ် တစ်စီးနှင့်အတူ ယမ်းထည့်ထားသည့် မိုင်းအုံ ၂၄ လုံးအား
သိမ်းဆည်းရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ မီဒီယာများက သတင်းထုတ်ပြန်သည်။
သို့သော် အဆိုပါ ဖမ်းဆီးခံရသူများမှာ ညောင်ငုတ်တိုရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအသက် ၄၀ နှစ်ခန့်အရွယ်ကိုနိုင်ဌေးဆိုသူဖြစ်ပြီး
ဦးခေါင်းကျည်မှန်ခဲ့ကြောင်း၊ နောက်တစ်ဦးမှာသူ့တပည့် အသက် ၂၀ ခန့်ကိုအောင်ကိုဖြစ်ပြီး
ဗိုက်ကျည်မှန်ခဲ့ကြောင်း၊ အဆိုပါဆရာတပည့်နှစ်ဦးမှာ စစ်ကောင်စီ၏ပစ်ခတ်မှု့ကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားပြီးမန္တလေးဆေးရုံ
ကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်းစစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကအသိပေးသည်။
“ညောင်ငုတ်တိုရွာ အုပ်ချုပ်ရေးမှူး နဲ့ သူ့တပည့်တယောက်ဗျ၊ ရွာကပျူတွေအတွက် မိုင်းလုပ်ဖို့ ယမ်းသယ် လာတာဖြစ်မယ်။ ဆားတောင်
မြို့အထွက် ညောင်ငုတ်တိုမ ရောက်ခင် စစ်တပ်က တားစစ်တော့ အုပ်ချုပ်ရေးမှူးပဲဆို ပြီး ရပ်မပေးဘဲ စီးသွားတာ သေနတ်နဲ့ပစ်ခံရတာ။”
ဟု ဒေသခံတစ်ဦးက စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ဖြေကြားထားသည်။
အဆိုပါ စစ်ကောင်စီက ပစ်ခတ်ခံရသူနှစ်ဦးမှာဆားတောင်မြို့၊ ညောင်ငုတ်တိုရွာ၊ အရိပ်မထွက်ဘုရားအနီးက PDF စခန်းငယ်တစ်ခုအား
သတင်းပေးခဲ့ကြသူများဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့၍ လူငယ်နှစ်ဦးကျဆုံးခဲ့ရ
ပြီး တစ်ဦး အဖမ်းခံခဲ့ရသည်။
Zawgyi
ယမ္းသယ္လာေသာစစ္ေကာင္စီခန္႔အုပ္ခ်ဳပ္ေရးမႉးႏွင့္ တပည့္ကို စစ္တပ္ကမွားယြင္းပစ္ခတ္ဖမ္းဆီး
စစ္ကိုင္းၿမိဳ႕နယ္၊ ဆားေတာင္ၿမိဳ႕တြင္ ယမ္းသယ္လာသည့္အာဏာသိမ္းစစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးဆရာတပည့္ကို စစ္တပ္က မွားယြင္း ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း ေဒသခံမ်ားကေျပာသည္။
စစ္ကိုင္းၿမိဳ႕နယ္၊ ဆားေတာင္ၿမိဳ႕၊ ေညာင္ငုတ္တိုရြာအနီးတြင္ နိုဝင္ဘာ ၁၀ ရက္ မြန္းလြဲပိုင္းက လူႏွစ္ေယာက္စီးနင္းလာသည့္ဆိုင္က
ယ္အား လခရအဖြဲ႕မွရပ္ခိုင္းစဥ္ မရပ္ဘဲ ေမာင္းေျပးသျဖင့္ ပစ္ခတ္ခဲ့ရာ ဆိုင္ကယ္ တစ္စီးႏွင့္အတူ ယမ္းထည့္ထားသည့္ မိုင္းအုံ ၂၄ လုံးအားသိမ္းဆည္းရမိခဲ့ေၾကာင္း အၾကမ္းဖက္စစ္ေကာင္စီ၏ မီဒီယာမ်ားက သတင္းထုတ္ျပန္သည္။
သို႔ေသာ္ အဆိုပါ ဖမ္းဆီးခံရသူမ်ားမွာ ေညာင္ငုတ္တိုရြာမွ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉးအသက္ ၄၀ ႏွစ္ခန္႔အရြယ္ကိုနိုင္ေဌးဆိုသူျဖစ္ၿပီး ဦးေခါင္းက်ည္မွန္ခဲ့ေၾကာင္း၊ ေနာက္တစ္ဦးမွာသူ႔တပည့္ အသက္ ၂၀ ခန္႔ကိုေအာင္ကိုျဖစ္ၿပီး
ဗိုက္က်ည္မွန္ခဲ့ေၾကာင္း၊ အဆိုပါဆရာတပည့္ႏွစ္ဦးမွာ စစ္ေကာင္စီ၏ပစ္ခတ္မႈ႔ေၾကာင့္ အျပင္းအထန္ ဒဏ္ရာရရွိသြားၿပီးမႏၲေ
လးေဆး႐ုံႀကီးတြင္ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနရေၾကာင္းစစ္ကိုင္းၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရးကအသိေပးသည္။
“ေညာင္ငုတ္တိုရြာ အုပ္ခ်ဳပ္ေရးမႉး နဲ႔ သူ႔တပည့္တေယာက္ဗ်၊ ရြာကပ်ဴေတြအတြက္ မိုင္းလုပ္ဖို႔ ယမ္းသယ္ လာတာျဖစ္မယ္။ ဆားေ
တာင္ၿမိဳ႕အထြက္ ေညာင္ငုတ္တိုမ ေရာက္ခင္ စစ္တပ္က တားစစ္ေတာ့ အုပ္ခ်ဳပ္ေရးမႉးပဲဆို ၿပီး ရပ္မေပးဘဲ စီးသြားတာ ေသနတ္နဲ႔ပစ္ခံရတာ။” ဟု ေဒသခံတစ္ဦးက စစ္ကိုင္းၿမိဳ႕နယ္ သတင္းမွန္ျပန္ၾကားေရးသို႔ေျဖၾကားထားသည္။
အဆိုပါ စစ္ေကာင္စီက ပစ္ခတ္ခံရသူႏွစ္ဦးမွာဆားေတာင္ၿမိဳ႕၊ ေညာင္ငုတ္တိုရြာ၊ အရိပ္မထြက္ဘုရားအနီးက PDF စခန္းငယ္တစ္ခုအား သတ
င္းေပးခဲ့ၾကသူမ်ားျဖစ္ၿပီး ေအာက္တိုဘာ ၁၇ ရက္ေန႔တြင္ စစ္ေကာင္စီတပ္က ဝင္ေရာက္စီးနင္း ပစ္ခတ္ခဲ့၍ လူငယ္ႏွစ္ဦးက်ဆုံးခဲ့ရၿပီး တစ္ဦး အဖမ္းခံခဲ့ရသည္။