ၾကားသိသမွ်

လိမ်စရာမကျန်တော့ရင် ကွင်းထဲက မြက်ပင်တွေကို ပတ်လိမ်တယ်

အိုင်ဆေး ကိုနှင်းမောင်။ မျိုးလှိုင်ဝင်းခေတ်ကောင်းတုန်းက အောင်ဆန်းကွင်းမှာ ဘောလုံးပွဲ ကြည့်ဖူးတယ်ဟုတ်။ အဲ့သမှာ အလိမ်အခေါက်

ကောင်းလွန်းတဲ့ မျိုးလှိုင်ဝင်းဟာ ဂိုးစည်းထဲထိ လိမ်ခေါက်ပြေးလေ့ရှိတယ်။

ပြီးတာနဲ့ ပျက်တော့တာပဲ။ အဲ့သမှာ ပရိတ်သတ်က မျိုးလှိုင်ဝင်းဆိုတဲ့ကောင်ဟာ လိမ်စရာမကျန်တော့ရင် တစ်ကိုယ်တည်း ကွင်းထဲက

မြက်တွေကို ပတ်လိမ်တယ်လို့ ကောင်းချီးပေးကြတော့တာပါပဲ။

အခု အမှုကတော့ ကျွန်တော်တို့ ထင်တာထက် နက်နဲလာပြီ ကိုနှင်းမောင်။ ဟိုတနေ့က နွေဦး (၁၁၂)ကိုရေးဖြစ်တယ်။ ၀၉၁၁၂၁နေ့က ရေ

နောက်ငါးသားတို့ တမန်းသားရွာတို့ရဲ့ အရှေ့ဘက်က တောင်ပေါ်ချောင်းဖျားမှာ AA နဲ့ စကစနဲ့ တိုက်ပွဲသေးလေးဖြစ်တယ်၊ သေနတ်ပေါက်

တယ်ဆိုတဲ့ သတင်းတွေရလို့ပါ။ တစ်နှစ်ကျော် ငြိမ်သက်နေတဲ့ နယ်မြေမှာ သေနတ်သံပြန်ပေါက်တယ်ဆိုတာ အလုပ်မတော်ရင် ဒီသေနတ်

သံတွေဟာ တောမီးလိုပြန့်သွားနိုင်တာကိုး။


ရေးပြီး နာရီပိုင်းအကြာမှာ သတင်းဌာနကြီးတစ်ခုကို အတည်အပေါက်ဖြေတယ်ဆိုတော့ ကျွန်တော်ကလည်း ကိုယ့်အမှားဖြစ်မစိုးလို့ (ရေး

ကလည်းရေးပြီး/တင်ပြီးနေပြီကိုး) Comment ကနေ ဒီလို ဒီလိုတော့ ဖြေကြားထားပါတယ်လို့ ပြန်ဖြည်ရတယ်။

ARSA နဲ့ဖြစ်တာကို AA နဲ့ဖြစ်သလို ကိုယ်တွေက သတင်းများမှားရေးမိလေသလားလို့၊ ရခိုင်အရေးကျွမ်းကျင်သူနဲ့ စောင့်ကြည့်သူ မိတ်ဆွေ

ကို လှမ်းမေးကြည့်တော့၊ ဒီဘဲ ဗြောင်လိမ်နေတာဗျ။ ခုနကပဲ ကျွန်တော် ရခိုင်နဲ့ အဆက်အသွယ်ရတယ်။

တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ သူတို့ ညှိနေတုန်း လို့ပြောပါတယ်။ သူပြောပြီး သိပ်မကြာပါဘူး။ သတင်းဌာနတစ်ခုက AA ပြောခွင့်ရပုဂ္ဂိုလ်ကို

လှမ်းမေးတော့ ဟိုက ဟုတ်ပါတယ်။ ကျွန်တော်တို့ AA နဲ့ဖြစ်တာပါ။ နယ်ကျွံဝင်လာလို့ပါလို့ ဖြေတယ်။

တစ်လျှောက်လုံးလိမ်လာတာ၊ ဂိုးစည်းထဲရောက်မှ မှောက်လျက်လဲတဲ့ မျိုးလှိုင်ဝင်းကို သွားသတိရမိတယ်။ AAနဲ့တိုက်ပွဲဖြစ်တာမဟုတ်ဘူး၊

ရခိုင်မြောက်ပိုင်းမှာ AAမရှိဘူးပြောတဲ့ အဆို၂ခုစလုံးခွေးဖြစ်တော့တာပဲ။


ဒီလိုသတင်းမျိုးတောင် ပြောင်လိမ်နေမှတော့ နောက်ထပ် ဘယ်လိုပဲ အမှန်ပြောတယ်ဆိုဆို၊ ယုံကြည်ရဖို့ ခက်ခဲသွားပြီပဲ ကိုနှင်းမောင်ရယ်၊ နော။ ဟုတ်ဖူးလား။

နောက်တစ်ရက် ၁၁၁၁၂၁ Myanmar Now ရဲ့သတင်းမှာတော့ မသပ်ရပ်တဲ့ ခြေစလက်စတွေကို လှမ်းမြင်ရပြန်ရော ကိုနှင်းမောင်ရေ။ ဒီလိုတဲ့ဗျ။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ (နိုဝင်ဘာ ၁၁) နံနက် ၁၁း၂၀ နာရီခန့်က တိုက်ပွဲထပ်မံဖြစ်ပွားမှုကြောင့် မူလွန်စာသင်ကျောင်းတစ်ကျောင်းကို နေ့တစ်ဝက်နှင့် ပိတ်ထားလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တော – ခမောင်းဆိပ်ကားလမ်းဘေးတွင် ရှိသည့် မင်းခမောင်းကျေးရွာ အနောက်ဘက် ၁ မိုင်ခွဲခန့်အကွာ နယ်မြေ(၂) အောင်ဇူအပိုင် စခန်း (၅) ငါးရံ့ချောင်းနယ်ခြားစောင့်စခန်းအနီး ဖြစ်ပွားခဲ့ကြောင်းတဲ့။

ဒါက ရက်ပိုင်းအတွင်း ဒုတိယအကြိမ်ဖြစ်တာပေါ့။ သတင်းမှာ “ငါးရံချောင်းစခန်းအလွန်က တောထဲမှာ ကန်တောင်ဆိုပြီးတော့ တောင်တစ်တောင်ရှိတယ်။ အဲဒီတောင်မှာ ဖြစ်တာလို့ သိရတယ်။

စစ်တပ်နဲ့ ဘယ်အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာကို မသိရဘူး။ အခု ကျွန်‌တော်တို့ရွာဘက်တွေမှာတော့ ငြိမ်နေတယ်”ဟု အဆိုပါဒေသခံက ပြောသည်” လို့ပါတယ်။ ဆိုရရင် ဘယ်သူမှ မမြင်ဘူး ဘယ်အဖွဲ့နဲ့ဖြစ်နေမှန်းမသိဘူးလို့ အနက်ရတယ်။


ဒီနေရာမှာ မေးခွန်းတစ်ခုပေါ်လာတယ်။ ဘယ်သူမှ မမြင်ရာအရပ်မှာ တစ်ယောက်တည်း လှိမ့်ပိတ်ပစ်နေတာကော မဖြစ်နိုင်ဘူးလား။ တိုက်ပွဲအတုပေါ့။ ဒါမျိုးက သူတို့သတင်းဖန်တီးဖို့လုပ်နေကျ၊ ကျည်ဆံထုတ်ရောင်းချင်လည်း တိုက်ပွဲတု ဖေါ်နေကျ။

ဒီယူဆချက်ကို အားကောင်းစေတဲ့ဟာက AAက သူတို့နဲ့ ၁၁ရက်နေ့မှာ မင်းခမောင်းနား တိုက်ပွဲဖြစ်တယ်လို့ အတည်ပြုထားတာ မဖတ်ရသေးဘူး။ နောက်တစ်ချက်ကလည်း ဒီသတင်းမှာ ထပ်ပါပြန်တယ်။ ဖတ်ကြည့်၊

မင်းခမောင်းကျေးရွာမှ အမျိုးသားတစ်ဦးကလည်း ထိုနေရာတွင် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး ပြောသည်။

“RSO နဲ့ ဖြစ်တာပါ။ ကျောင်းလည်း လွှတ်ပေးလိုက်ပြီ။ တိုက်ပွဲဖြစ်တာက ၁၅ မိနစ်လောက် ကြာတယ်။ RSO နဲ့ ဖြစ်တယ်ဆိုတာကို အဲဒီငါးရံချောင်းဘက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ယောက်က လှမ်းပြောတာပါ”ဟု ၎င်းအမျိုးသားက ဆိုသည်။

ရဲကပေးတဲ့သတင်းကိုပဲ အတည်ပြုထားတာဖြစ်တယ်။ ပညာရေးဝန်ထမ်းတစ်ယောက်ရဲ့ မှန်းဆမှု (သူမြင်တာမှမဟုတ်တာကိုး)က ဒီလို။

“ဖြစ်တဲ့နေရာနဲ့ တစ်မိုင်ခွဲလောက်ပဲ ဝေးတာဆိုတော့ ကြောက်ပြီး ကျောင်းလွှတ်ပေးလိုက်တာ။ ပထမ စပစ်တုန်းကတော့ အော်တိုပစ်တာ။ လက်နက်ငယ်အသံကြားလိုက်ရတယ်။

ပစ်လိုက် ပြန်ငြိမ်လိုက်၊ ပစ်လိုက် ပြန်ငြိမ်လိုက်နဲ့ ပစ်သံက နှစ်ဖက်အပြန်အလှန်ပစ်သံကြားလိုက်ရတယ်” ဟု အဆိုပါပညာရေးဝန်ထမ်းက ပြောသည်။ ကျွန်တော်တို့လည်း မှန်းဆကြည့်ရတာပါပဲ။

တိုက်ပွဲအစစ်လား၊ အတုလား၊ ဘယ်သူနဲ့ဖြစ်တာလည်း သဖြင့်ပေါ့။ ၀၉၁၁၂၁ တိုက်ပွဲဖြစ်ပြီးနောက်တစ်နေ့မှာ မိုင်တဲလ်ကလွဲပြီး ကျန်တဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်သွားတာ ည၇နာရီမှ ပြန်ရသတဲ့။

AA နဲ့မဟုတ်ပါဘူး၊ ရိုတွေနဲ့ဖြစ်နေတာပါဆိုတာ သက်သေထူဖို့ ဒီတိုက်ပွဲဖြစ်ခဲ့လေသလား စဉ်းစားမိပါတယ်။


ဦးဦးလှစော

VOA Burmese News နဲ့ ကျွန်တော်တို့ ရဲဘော်ကြီး ဦးဦးလှစောအင်တာဗျူးမှာ ထူးခြားတာတစ်ခု တွေ့ရပါတယ်။ ကိုယ့်ဖာကိုယ် ဖတ်ပြီး ရှာကြည့်ပါ။

ကိုဝင်းမင်း ။. ။ အဲတော့ ဘာကြောင့်အခုလိုတိုက်ပွဲမျိုး ဖြစ်ရာမှာ ထူးခြားမှုကို မေးရာမှာ ဦးဦးလှစော ကလည်း အခုလိုထောက်ပြပါတယ်။

ဦးဦးလှစော ။. ။ တိုက်တိုက်ဆိုင်ဆိုင်နော် ၊ ဒီနိုဝင်ဘာ ၁၁ မှာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌကြီး မစ္စတာ ဆာဆာကာဝါ နဲ့ ကျနော်တို့ တွေ့တယ်ဗျ။ သူက နေပြည်တော်က ပြန်လာတာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ခဲ့တယ်။

အခုလောလောဆယ် SCC ရဲ့ ဝန်ကြီးချုပ်နဲ့ လည်း တွေ့ခဲ့တယ်ပေါ့နော်။ ကျနော်တို့ ရခိုင်တပ်တော်ခေါင်းဆောင်ကို Message တခုပေးတယ်။ နောက်နေ့မှာ Statement တခုကို တပ်မတော်နဲ့ AA နဲ့ အတူထုတ်တယ်။ အဲတော့တနှစ်ပြည့်ပေါ့ဗျာ။

အမှတ်တရလေးပဲ။ အဲဒီကစတယ်ပေါ့ဗျာ။ သေနတ်ဖောက်တာတွေဘာတွေ ဘာမှမရှိဘူးပေါ့ဗျာ။ အခုဟာကလေ ဖြစ်နိုင်ချေက အများကြီးရှိတယ်ဗျ။

ဒါကတိုက်ဆိုင်မှုလား။ ဒါမှမဟုတ် တပ်မတော်ဖက်ကပေါ့ စစ်ဆင်ရေးပရိယယ်တခုလား ၊ ကျနော်တို့လည်း မခန့်မှန်းတတ်ဘူး။

ဒါပေမယ့် ဖြစ်နိုင်ခြေအလားလာကတော့ ဒီနေရာမှာ ထိပ်တိုက်တွေ့ဆုံမှု အသေးအဖွဲလေးတွေကနေ အကြီးကြီးမီးတောက်ဖြစ်မယ့်အလားလာကတော့ အများကြီး ရှိတယ်။

(မှတ်ချက်။ ။ မြေပုံမှာ တိုက်ပွဲဖြစ်ရာအရပ် အညွှန်းတွေကို တိုက်ရိုက်မသိရတော့ မှန်းဆထည့်ပေးပါတယ်။ လွဲကောင်းလည်း လွဲနိုင်ပါတယ်။ မြေပုံမှာ တည်မှတ်ရှာရတာ အတော်တိုင်ပတ်ပါတယ်။ သတင်းမှာ တမန်းသားရွာလို့ပြောလိုက်တာနဲ့ တမန်းသား(ရခိုင်)၊ တမန်းသား(ကုလား) တမန်းသား(မြို) တမန်းသား ဗိုလ်မှူးကြီး(သက်) စသဖြင့် ရွာပေါင်း ဆယ်ရွာလောက်ထွက်လာပါတယ်။ အဲ့သလိုပဲ နရန်းချောင်းရွာဆိုလည်း ကျွန်တော်တို့ရဲ့ ကျေးရွာကုဒ်တွေမှာမတွေ့ပါ။ ဘာဖြစ်ဖြစ် မှန်းလို့ရတာပါ့။)

ပြည်သူအပေါင်း ကပ်ဘေးကင်းကွာ ကျန်းမာစွာ ရှိကြပါစေ။
Nyein Aye Eain