ၾကားသိသမွ်

ကောလင်းမြို့နယ်အတွင်း အာဏာသိမ်းတပ်က PDF ကို ပစ်သည့် လက်နက်ကြီးကျည် ၎င်းတို့တပ်တွင်း ပြန်ကျ

ကောလင်းမြို့နယ်အတွင်း အာဏာသိမ်းတပ်က PDF ကို ပစ်သည့် လက်နက်ကြီးကျည် ၎င်းတို့တပ်တွင်း ပြန်ကျ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ချောင်းနားကျေးရွာအုပ်စုအတွင်းရှိ ဥက္ကံရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ်

နိုဝင်ဘာလ (၁၁)ရက်နေ့က ကောလင်း PDF ကို လက်နက်ကြီးဖြင့်ပစ်ရာ မိမိတပ်အတွင်း ပြန်ကျ၍ သေဆုံးသူ အများအပြားရှိနေကြောင်း

သိရသည်။ဥက္ကံရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က အင်အား (၂၀၀) ဝန်းကျင်ဖြင့် ဥက္ကံရွာအနောက်ကြောကို စစ်ကြောင်း

ထွက်ရာ ကောလင်း PDF က ပျောက်ကျားစနစ်ဖြင့် ဝင်တိုက်သဖြင့် အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာမှ မိမိတပ်

ဘက်သို့ ပြန်ကျ၍ ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် မီဒီယာက မြေပြင်သတင်းကို ကိုးကားဖေါ်ပြထားသည်။

လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရသွားသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များကို ချောင်းနားတိုက်နယ်ဆေးရုံသို့ ပို့ပြီး အလောင်းများ

ပြန်သယ်လာသည်ကို တွေ့ရသဖြင့် သေဆုံးသူများမည်ဟု ခန့်မှန်းထားကြသည်။

အာဏာသိမ်းစစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်နေပြီး အင်အားအများအပြားသုံးသည့်အပြင် လက်နက်ကြီး၊

လေကြောင်းအကူတို့ဖြင့်ပါ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်နေသည့်အပြင် ကျေးရွာများတွင်းဝင်၍ တပ်စွဲခြင်း၊

အရပ်သားများအား အကာအကွယ်အဖြစ် အသုံးပြုခြင်းများကိုပါ လုပ်ဆောင်နေခြင်းဖြစ်သည်။

Zawgyi




ရှိနေကြောင်း သိရသည်။


ရာ ကောလင်း PDF က ပျောက်ကျားစနစ်ဖြင့် ဝင်တိုက်သဖြင့် အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာမှ မိမိတပ်ဘက်သို့ြ

ပန်ကျ၍ ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် မီဒီယာက မြေပြင်သတင်းကို ကိုးကားဖေါ်ပြထားသည်။

လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရသွားသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များကို ချောင်းနားတိုက်နယ်ဆေးရုံသို့ ပို့ပြီး အေ

လာင်းများပြန်သယ်လာသည်ကို တွေ့ရသဖြင့် သေဆုံးသူများမည်ဟု ခန့်မှန်းထားကြသည်။

အာဏာသိမ်းစစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်နေပြီး အင်အားအများအပြားသုံးသည့်အပြင် လက်နက်ကြီး၊ေ

လကြောင်းအကူတို့ဖြင့်ပါ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်နေသည့်အပြင် ကျေးရွာများတွင်းဝင်၍ တပ်စြွဲ

ခင်း၊ အရပ်သားများအား အကာအကွယ်အဖြစ် အသုံးပြုခြင်းများကိုပါ လုပ်ဆောင်နေခြင်းဖြစ်သည်။