လက်နက်ကိုင်ချင်း သတ္တိရှိရှိရင်ဆိုင်ဖို့ အကြမ်းဖက်စစ်တပ်ကို သတိပေး
လက်နက်ကိုင် အချင်းချင်း သတ္တိရှိရှိ ရင်ဆိုင်တိုက်ခိုက်ဖို့ မင်းအောင်လှိုင်ရဲ့အကြမ်းဖက်စစ်တပ်ကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့
က သတိပေးလိုက်ပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအနီး ကင်းလှည့်လာတဲ့စစ်ကားကို နိုဝင်ဘာ၅ရက်နေ့က ပြည်သူ့
တော်လှန်ရေးတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ်
အုပ်စုဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတဲ့ အတွက် အဲဒီလိုအပြုအမူမျိုးကို ရပ်ပြီး သတ္တိရှိရှိရင်ဆိုင်တိုက်ဖို့ ပြော
ကြားလိုက်တာပါ။
အကြမ်းဖက်စစ်အုပ်စုတပ်သားတွေဟာ လက်နက်ကိုင် တိုက်ခိုက်ခံရချိန်မှာ သူရဲဘောကြောင်စွာ ထွက်ပြေးခဲ့ပြီး နောက်ပိုင်းရက်တွေကျမှ
အပြစ်မဲ့ ဒေသခံရွာသားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ကြီးလေးတဲ့စစ်ရာဇဝတ်မှုတွေကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ကျူးလွန်နေ
တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကွမ်းခြံကုန်းမြို့နယ်၊ဒေးဒနောကျေးရွာက အသက် (၃၅)ဝန်းကျင်ရှိ အပြစ်မဲ့ရွာသားကို
မင်းဇော်ဦးဆိုသူ သေဆုံးခဲ့ပြီး (၁၉)နှစ်အရွယ် မောင်ဇင်ဝေအောင်ဆိုသူ ကိုလည်း ရိုက်နှက်သတ်ဖြတ်ခဲ့ကာ မိသားစုထံ အလောင်း
တောင်ပြန်မပေးခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်တပ်တွေဟာ နိုဝင်ဘာ ၉ ရက်နေ့ နေ့လည်ပိုင်းကလည်း ဒေးဒနောကျေးရွာ ဝန်းကျင်ရှိ နေအိမ်တွေကို ဝင်ရောက်စီးနင်း
တိုက်ခိုက်ခဲ့ရာ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အသက်(၄၀) အရွယ်ရှိ အပြစ်မဲ့ရွာသား ကိုဝင်းအောင်လတ်ဆိုသူ ပစ်ခတ်ခံခဲ့
ရကာ အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင်ကင်းလှည့်ယာဉ်တစ်စီးတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အင်္ဂလုံးကျေးရွာနှင့် ဒေးဒနောကျေးရွာရှိ အပြစ်မဲ့ အရပ်သားပြည်သူ ၄၀
ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်လျက်ရှိရာ ရွာသား ၁၀ ဦးကျော်မှာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့လည်းသိရပါတယ်။
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ဟာ “ပျံလွှားအောင်” စစ်ဆင်ရေး စီမံချက်နဲ့ အကြမ်းဖက် စစ်တပ်ကို ခုခံတိုက်ခိုက်နေရာမှာ အပြစ်
မဲ့ အရပ်သားတွေ ထိခိုက်မှု မရှိစေရေး အလေးထားဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Zawgyi
လက္နက္ကိုင္ခ်င္း သတၱိရွိရွိရင္ဆိုင္ဖို႔ အၾကမ္းဖက္စစ္တပ္ကို သတိေပး
လက္နက္ကိုင္ အခ်င္းခ်င္း သတၱိရွိရွိ ရင္ဆိုင္တိုက္ခိုက္ဖို႔ မင္းေအာင္လွိုင္ရဲ့အၾကမ္းဖက္စစ္တပ္ကို ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က သတိေပးလိုက္ပါတယ္။
ရန္ကုန္ေတာင္ပိုင္းခရိုင္ ကြမ္းၿခံကုန္းၿမိဳ႕နယ္ အဂၤလုံးေက်းရြာအနီး ကင္းလွည့္လာတဲ့စစ္ကားကို နိုဝင္ဘာ၅ရက္ေန႔က ျပည္သူ႔ေ
တာ္လွန္ေရးတပ္သားေတြ ၾကားျဖတ္တိုက္ခိုက္ခဲ့လို႔ စစ္အုပ္စုတပ္ဖြဲ႕ဝင္ ၇ ဦးေသဆုံးၿပီး၊ ၁၃ ဦး ဒဏ္ရာရရွိခဲ့ၿပီးေနာက္ အၾကမ္းဖက္စစ္အု
ပ္စုဟာ အျပစ္မဲ့ျပည္သူေတြကို ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ေနတဲ့ အတြက္ အဲဒီလိုအျပဳအမူမ်ိဳးကို ရပ္ၿပီး သတၱိရွိရွိရင္ဆိုင္တိုက္ဖို႔ ေျပာၾကားလိုက္တာပါ။
အၾကမ္းဖက္စစ္အုပ္စုတပ္သားေတြဟာ လက္နက္ကိုင္ တိုက္ခိုက္ခံရခ်ိန္မွာ သူရဲေဘာေၾကာင္စြာ ထြက္ေျပးခဲ့ၿပီး ေနာက္ပိုင္းရက္ေတြက်
မွ အျပစ္မဲ့ ေဒသခံရြာသားမ်ားကို ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ၿပီး ႀကီးေလးတဲ့စစ္ရာဇဝတ္မႈေတြကို ဆင္ျခင္တုံတရားကင္းမဲ့စြာ က်ဴးလြန္ေနတယ္လို႔ ဆိုပါတယ္။
အၾကမ္းဖက္စစ္တပ္ရဲ့ ဖမ္းဆီးႏွိပ္စက္မႈေၾကာင့္ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ေဒးဒေနာေက်းရြာက အသက္ (၃၅)ဝန္းက်င္ရွိ အျပစ္မဲ့
ရြာသားကိုမင္းေဇာ္ဦးဆိုသူ ေသဆုံးခဲ့ၿပီး (၁၉)ႏွစ္အရြယ္ ေမာင္ဇင္ေဝေအာင္ဆိုသူ ကိုလည္း ရိုက္ႏွက္သတ္ျဖတ္ခဲ့ကာ မိသားစုထံ အေလာင္းေတာင္ျပန္မေပးခဲ့ဘူးလို႔ ထုတ္ျပန္ထားပါတယ္။
အၾကမ္းဖက္တပ္ေတြဟာ နိုဝင္ဘာ ၉ ရက္ေန႔ ေန႔လည္ပိုင္းကလည္း ေဒးဒေနာေက်းရြာ ဝန္းက်င္ရွိ ေနအိမ္ေတြကို ဝင္ေ
ရာက္စီးနင္းတိုက္ခိုက္ခဲ့ရာ ရြာသားေတြ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရၿပီး အသက္(၄၀) အရြယ္ရွိ အျပစ္မဲ့ရြာသား ကိုဝင္းေအာင္လတ္ဆိုသူ ပစ္ခတ္ခံခဲ့ရကာ အသက္ဆုံးရႈံးခဲ့ရတယ္လို႔လည္း ထုတ္ျပန္ပါတယ္။
ဒါ့အျပင္ကင္းလွည့္ယာဥ္တစ္စီးတိုက္ခိုက္ခံရမႈနဲ႔ပတ္သက္ၿပီး အဂၤလုံးေက်းရြာႏွင့္ ေဒးဒေနာေက်းရြာရွိ အျပစ္မဲ့ အရပ္သားျပည္သူ ၄၀ ေက်ာ္ကို အေၾကာင္းမဲ့ ဖမ္းဆီးႏွိပ္စက္လ်က္ရွိရာ ရြာသား ၁၀ ဦးေက်ာ္မွာ အသက္အႏၲရာယ္ စိုးရိမ္ေနရတယ္လို႔လည္းသိရပါတယ္။
ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕ဟာ “ပ်ံလႊားေအာင္” စစ္ဆင္ေရး စီမံခ်က္နဲ႔ အၾကမ္းဖက္ စစ္တပ္ကို ခုခံတိုက္ခိုက္ေနရာမွာ အျပစ္မဲ့ အရပ္သားေတြ ထိခိုက္မႈ မရွိေစေရး အေလးထားေဆာင္ရြက္ေနတယ္လို႔လည္း သိရပါတယ္။