ၾကားသိသမွ်

ကလေးမြို့အထူးကုဆေးခန်းတွင်အောက်ဆီဂျင်အိုးပေါက်ကွဲ

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ Bethany အထူးကု ဆေးခန်း

တွင်း အောက်ဆီဂျင်အိုးပေါက်ကွဲခဲ့ရာမှာ ဆေးခန်းအပေါ်ထပ်ပျက်စီးခဲ့ပါတယ်။

လူနာရှူနေတဲ့ အောက်ဆီဂျင်အိုး ပေါက်ကွဲခဲ့တာကြောင့်လူနာနှင့်ခင်ပွန်းဖြစ်သူ လူနာစောင့်သင်းအုပ်ဆရာတော်ကြီးကွယ်လွန်ခဲ့ရပါတယ်။

သားဖြစ်သူလည်း မီးလောင်ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့ သိရပါတယ်။ပေါက်ကွဲမှုကြောင့်စုစုပေါင်း လူ၂ဦးသေဆုံးခဲ့ရပြီး ၁ဦး

ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဟာ အရမ်းကို ပြင်းထန်တာကြောင့်ဆေးခန်းအပေါ်ထပ်တစ်ထပ်လုံး ပြိုကျ ပျက်စီးသွားတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ပေါက်ကွဲမှုက

တော်တော်လေး ပြင်းထန်တာကြောင့်အခင်းဖြစ်ပွားရာမှာရှိနေခဲ့ကြတဲ့ သင်းအုပ်ဆရာကြီးတို့ မိသားစုအတွက်တော်တော်လေး စိတ်မ

ကောင်းဖြစ်မိပါတယ်။

အောက်ဆီဂျင်အိုး မတော်တဆပေါက်ကွဲခဲ့သည့်အတွက် သိက္ခာတော်ရဆရာတော်နှင့် ဇနီး ကွယ်လွန်ပြီး အနီးရှိ လူတစ်ဦးမှာ ပြင်းထန်

ဒဏ်ရာရရှိသွားကြောင်း ဒေသခံထံများမှ သိရှိရပါသည်။

သေဆုံးသွားသူများမှာ EMC ဘုရားကျောင်းတွင် တာဝန်ထမ်းဆောင်နေသော Rev. Dr Lalduhawma (၅၈)နှစ် နှင့် ဇနီးဖြစ်သူ Pi

Rosiami (၆၅)နှစ်တို့ ဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၁၀ရက် ည ၈နာရီဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

“ခါတိုင်း ဒီအချိန်လောက်ဆို ဗုံးပေါက်တာတွေ ဖြစ်တတ်တော့ ဗုံးပေါက်တာလား၊ ထရန်စဖော်မာ ပေါက်တာလားလို့ပဲ ထင်မိတယ်။

နောက်မှ ဆေးရုံက အောက်ဆီဂျင်အိုးပေါက်မှန်း သိရတယ်” ဟု ဒေသခံတစ်ဦးကပြောပါသည်။

အောက်ဆီဂျင်အိုး ပေါက်ကွဲမှုအပြီး တာဟန်းရပ်ကွက်နှင့် စမ်းမြို့တို့တွင် အချိန်ခဏကြာ မီးပြတ်တောက်သွားခဲ့‌ပါသေးသည်။