ၾကားသိသမွ်

စစ်ကောင်စီက ကုလဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ရန်ကုန်ရှိ မိဘများနေအိမ်ကို ဝရမ်းကပ်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား အာဏာသိမ်းစစ်‌ကောင်စီက က စွပ်စွဲဖွင့်လှစ်ထားသော အမှု

အတွက် တစ်လအတွင်း လာရောက်ထုချေရန်ထုတ်ဆင့်စာနှင့် သံအမတ်ကြီး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို

၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လယ်ပိုင်းက သံအမတ်ကြီး၏ ရန်ကုန်ရှိမိဘများအိမ်တွင် လာကပ်သွားကြောင်း သိရသည်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အင်းဝလမ်းရှိ သံအမတ်ကြီး၏ မိဘများနေအိမ်ကို ဝရမ်းလာကပ်သူများက နေအိမ်တွင်းမှ ပစ္စည်း

များယူဆောင်သွားခဲ့ကြကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်‌ေကာင်စီက စွပ်စွဲအမှုဖွင့်ထားသည့် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) အတွက် ဝရမ်းကပ်ရန်အမိန့်စာနှင့်

သံအမတ်ကြီးအနေဖြင့် လာရောက်ဖြေရှင်းရန် ထုတ်ဆင့်စာတို့ကို ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ တရားသူကြီး မောင်မောင်လွင်က

အောက်တိုဘာလ (၂၉) ရက်နေ့ နေ့စွဲဖြင့် ထုတ်ထားသည်ကို တွေ့ရသည်။

ဝရမ်းလာကပ်သည့်နေအိမ်တွင် သံအမတ်ကြီး၏ အသက် (၈၀) ကျော်မိဘများ နေထိုင်နေခဲ့ကြပြီး သံအမတ်ကြီး ကုလသမဂ္ဂညီလာခံတွင်

မြန်မာပြည်သူများကို ကိုယ်စားပြုကြောင်း ပြောကြားမှုအပြီးတွင် မိဘများမှာ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြကာ လူမနေသည့်

အိမ်ကို အာဏာသိမ်းစစ်ကောင်စီ ၏ ရဲနှင့်စစ်သားများက စောင့်ကြည့်နေလေ့ရှိကြောင်း သိရသည်။

ယင်းအပြင် စက်တင်ဘာလ (၂၁) ရက်နေ့ကလည်း စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲက ခြံဝန်းတံခါး၊ အိမ်ရှေ့တံခါးတို့ကို သံဖြတ်ကပ်ကြေးဖြင့်

ဖြတ်၍ဝင်ရောက်ပြီး ပစ္စည်းများ ယူဆောင်သွားခဲ့ဖူးကြောင်းလည်း သိရသည်။

ကုလဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ညပိုင်းတွင် ကျင်းပသည့်

ကုလသမဂ္ဂအထူး အစည်းအဝေး၌ စစ်အာဏာသိမ်းအဖွဲ့ကို ကိုယ်စားမပြုဘဲ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်နှင့် CRPH တို့ကိုယ်စား မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါရပ်တည်ချက်ကြောင့် သံအမတ်ကြီးအား နယူးယော့မြို့တွင် လုပ်ကြံရန်ကြံစည်မှုလည်းဖြစ်ပွားခဲ့သည်။

လက်ရှိတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပြီး အမျိုးသား

ညီညွတ်ရေးအစိုးရ (NUG)ကို ကိုယ်စားပြုထားခြင်းဖြစ်သည်။

Zawgyi

ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္း ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းအား အာဏာသိမ္းစစ္‌ေကာင္စီက က စြပ္စြဲဖြင့္လွစ္ထားေသာ အမႈ

အတြက္ တစ္လအတြင္း လာေရာက္ထုေခ်ရန္ထုတ္ဆင့္စာႏွင့္ သံအမတ္ႀကီး၏ ေရႊ႕ေျပာင္းနိုင္ေသာ၊ မေရႊ႕ေျပာင္းနိုင္ေသာ

ပစၥည္းမ်ားကို ၂၀၂၁ ခုႏွစ္ နိုဝင္ဘာလ (၁၀) ရက္ေန႔ ေန႔လယ္ပိုင္းက သံအမတ္ႀကီး၏ ရန္ကုန္ရွိမိဘမ်ားအိမ္တြင္ လာကပ္သြားေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အင္းဝလမ္းရွိ သံအမတ္ႀကီး၏ မိဘမ်ားေနအိမ္ကို ဝရမ္းလာကပ္သူမ်ားက ေနအိမ္တြင္းမွ ပစၥည္းမ်ားယူေဆာင္သြားခဲ့ၾကေၾကာင္းလည္း သိရသည္။

အာဏာသိမ္းစစ္‌ေကာင္စီက စြပ္စြဲအမႈဖြင့္ထားသည့္ မတရားအသင္းအက္ဥပေဒပုဒ္မ ၁၇(၁) အတြက္ ဝရမ္းကပ္ရန္အမိန႔္စာႏွင့္ သံအမ

တ္ႀကီးအေနျဖင့္ လာေရာက္ေျဖရွင္းရန္ ထုတ္ဆင့္စာတို႔ကို ဇမၺဴသီရိၿမိဳ႕နယ္တရား႐ုံးမွ တရားသူႀကီး ေမာင္ေမာင္လြင္က ေအာက္တိုဘာလ (၂၉) ရက္ေန႔ ေန႔စြဲျဖင့္ ထုတ္ထားသည္ကို ေတြ႕ရသည္။

ဝရမ္းလာကပ္သည့္ေနအိမ္တြင္ သံအမတ္ႀကီး၏ အသက္ (၈၀) ေက်ာ္မိဘမ်ား ေနထိုင္ေနခဲ့ၾကၿပီး သံအမတ္ႀကီး ကုလသမဂၢညီလာခံတြင္ ျမန္မာျပည္သူမ်ားကို ကိုယ္စားျပဳေၾကာင္း ေျပာၾကားမႈအၿပီးတြင္ မိဘမ်ားမွာ အျခားေနရာသို႔ ေျပာင္းေ

ရႊ႕ေနထိုင္ခဲ့ၾကကာ လူမေနသည့္အိမ္ကို အာဏာသိမ္းစစ္ေကာင္စီ ၏ ရဲႏွင့္စစ္သားမ်ားက ေစာင့္ၾကည့္ေနေလ့ရွိေၾကာင္း သိရသည္။

ယင္းအျပင္ စက္တင္ဘာလ (၂၁) ရက္ေန႔ကလည္း စစ္ေကာင္စီ၏ စစ္တပ္ႏွင့္ရဲက ၿခံဝန္းတံခါး၊ အိမ္ေရွ႕တံခါးတို႔ကို သံျဖတ္ကပ္ေၾကးျဖင့္ ျဖတ္၍ဝင္ေရာက္ၿပီး ပစၥည္းမ်ား ယူေဆာင္သြားခဲ့ဖူးေၾကာင္းလည္း သိရသည္။

ကုလဆိုင္ရာအျမဲတမ္း ကိုယ္စားလွယ္ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းသည္ ေဖေဖာ္ဝါရီလ(၂၆)ရက္ေန႔ ညပိုင္းတြင္ က်

င္းပသည့္ ကုလသမဂၢအထူး အစည္းအေဝး၌ စစ္အာဏာသိမ္းအဖြဲ႕ကို ကိုယ္စားမျပဳဘဲ နိုင္ငံေတာ္သမၼတဦးဝင္းျမင့္၊ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ CRPH တို႔ကိုယ္စား မိန႔္ခြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါရပ္တည္ခ်က္ေၾကာင့္ သံအမတ္ႀကီးအား နယူးေယာ့ၿမိဳ႕တြင္ လုပ္ႀကံရန္ႀကံစည္မႈလည္းျဖစ္ပြားခဲ့သည္။

လက္ရွိတြင္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအား ကုလဆိုင္ရာ ျမန္မာအျမဲတမ္း ကိုယ္စားလွယ္အျဖစ္ ဆက္လက္ထားရွိၿပီး အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG)ကို ကိုယ္စားျပဳထားျခင္းျဖစ္သည္။